ယနေ့ကာလမှာဘတ်စ်ကားမှတ်တိုင်၌ဈေးရောင်းချသည့်မြင်ကွင်းကိုအတော်များများတွေ့မြင်လာရပါသည်။ကွမ်းယာ,ဆေးလိပ်သာမက စားပွဲထိုင်ခုံ ခင်း၍ ပါရောင်းချလာတာ တွေ့ရပါသည်။ဈေးရောင်းချရာ၌ လူစည်ကားရာ နေရာ တွင်ရောင်းချမှသာ ရောင်းအားကောင်း သည် ဆိုသော်လည်း ဘတ်စ် ကား မှတ်တိုင် နေရာအားဈေးရောင်းချခြင်းသည် မလျှော်ကန်သောလုပ်ရပ်ဖြစ်သည်။ညနေ ၆နာရီရနာရီမှ ဖွင့်မည့် ဈေးဆိုင်အား ညနေ ၄ နာရီကပင် နေရာအသင့်ယူဦးပြီးဖြစ်နေသည်။ထိုသို့ ဈေးဆိုင်နေရာယူထားသဖြင့် ဘတ်စ်ကားစောင့် ခရီးသည်များသည် ကားလမ်းမ ပေါ်သို့တက်လာရသည်။မြန်မာပြည်၏ဘတ်စ်ကားများမှာလည်းသူထက်ငါအလျှင်မှတ်တိုင်သို့ဦးအောင် မောင်းနှင်လာကြရာအလွန်အန္တရယ်များလှပါသည်။မှတ်တိုင်တွင်ကားများပိတ်၍နောက်ကားများမှာလဲလိုရာခရီးနှောင့်နှေးရပါသည်။ထိုဈေးသည်သို့ စားသုံးသူမှာလည်းကားမီးခိုးဖုန်တို့နှင့်သန့်ရှင်သောအစားအသောက်ကိုရနိုင်မည်မဟုတ်ပါ။ဈေးကောက်ကတော့ကောက်ပါလိမ့်မည်။သက်ဆိုင်ရာ အနေနှင့် အန္တရယ် မဖြစ်သင့်သည်ကို ကြိုတင် တွေးမြင်လုပ်ဆောင်သင့်သည်။ဖြစ်လာတော့မှဟိုကပြောဒီကပြောမှဆောင်ရွက်တာမျိုး မဖြင့်သင့်ပါဘူး
စည်းကမ်းပြည့်ဝသော လူဘောင်အဖွဲ့အစည်းသို့ ရည်ရွယ်လျှက်
ညီစေနော်
Friday, November 28, 2008
Monday, November 24, 2008
ယူနီဖောင်းစိမ်းစိမ်းကြီနဲ့
ကျွန်တော်တို့ရပ်ကွက်သည် လမ်း အတော်ရူပ် ပြီး လမ်းများမှာ ခပ်ဆင်ဆင်နာမည်များကြောင့်လမ်းမသိလျှင်အတော်ရှာရသည်။ဗမာလူမျိုးဆိုတာကလဲ လမ်းမေးလို့ကတော့ တောမှာဆို ခုထိအိမ်တိုင်ယာရောက်လိုက်ပြို့ကသဗျာ။လူတစ်ယောက် ကားပေါ်ကနေ လှမ်းမေးလေရာ လမ်းတော့မဟုတ် ဒီမြို့နယ်သားလားတဲ့ ဟုတ်ပါတယ်ဆိုတော့မှ #@*&%$ လမ်းဘယ်လိုသွားရလဲတဲ့ တွေတဲ့သူတွေညွန်တာမရောက်ဖြစ်နေလို့ပါတဲ့။ဖြေတဲ့သူက ဖြေသည်မှာ................ ဒီလမ်းအတိုင်းတည့်တည့်သွား ညာချိုး ရယက ရုံးရောက်တယ် အဲမှာမေးကြည့်ဗျာ။ ခင်ဗျားအဲ ယူနီဖောင်းစိမ်းစိမ်းကြီနဲ့ ကျုပ်တို့ရပ်ကွက်ထဲလာမေးနေလို့ ကလေးတောင် မှန်အောင်ဖြေမှာမဟုတ်ဘူး ချွန်လွတ်လိုက်မှာ.................
ညီစေနော်
ညီစေနော်
Friday, October 3, 2008
တွေးတွေးပြီး ရယ်
(၁)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို "အသုံးမကျတဲ့လူ" လို့ ပြောလို့ အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁၀နှစ်နဲ့ ၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့ မေးတော့ တရားသူကြီးက " ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို စော်ကားတဲ့အတွက် ပြစ်ဒဏ် ၁၀နှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကို ဖော်ကောင်လုပ်တဲ့အတွက်" လို့ ပြောလိုက်သတဲ့။
(၂)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"
တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။
(၃)
လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က ရပ်နေတယ်။ နတ်သားက "ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်" လို့ ရှင်းပြတယ်။ နာရီတစ်ချို့က မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက " လူတစ်ချို့ မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်" လို့ ထပ်ရှင်းပြတယ်။
နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား "ဒါဆို ကျွန်တော်တို့ နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား" လို့ တောင်းဆိုလိုက်တယ်။
နတ်သားပြန်ဖြေလိုက်တာက "ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူသွားလို့ပါ" ဟူသတည်း။
(၄)
တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့ အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က သူ့တို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့...
ပထမနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် " အနှစ် ၅၀ စောင့်ရလိမ့်မယ်"
ပထမနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်"
ဒုတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် "နှစ် ၁၀၀ စောင့်ရလိမ့်မယ်"
ဒုတိယနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) "ဒါဆို ကျွန်တော် မမီတော့ဘူးထင်တယ်"
တတိယနိုင်ငံ အကြီးအကဲ "ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ"
ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) " အကျွန်ုပ် မမီတော့ဘူး ထင်တယ်" ဟူတည်း။
ဟာသ ကြိုက်နှစ်သက်သူများအတွက် အီမေးထဲမှ မျှဝေလိုက်ပါတယ်။

ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့
´´ ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ``
စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။
ဘ၀င်လေဟပ်သူတွေရဲ့စကား
စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး`` စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။
နွားနဲ့ရုန်းနေတာ ပျင်းတာလား
မြန်မာတွေ ပျင်းတယ်ဆိုတာ ဘယ်သူတွေကို ကြည့်ပြီး ပြောတာလဲ။ မနက်အရုဏ် မလာခင်ထ၊ ထွန်ထယ်ကို ထမ်းပြီး လယ်ထဲဆင်း၊ တနေ့လုံး နေပူကြီးထဲမှာ နွားနဲ့အတူ ရုန်းအလုပ်လုပ်၊ ညနေ၊ နေ၀င်ရီသရောမှ အိမ်ကို ပြန်ရတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာနှုန်း လောက်ရှိတဲ့ လယ်သမားတွေကို မြင်ဖူးကြလို့လား။ ခရီးသွားတဲ့အခါ အဝေးပြေး လမ်းမကြီး တွေ မှာ လမ်းခင်းလမ်းပြင် လုပ်နေကြတဲ့ မြေတူး ကျောက်ထု လုပ်နေကြတဲ့ မိန်းမ၊ ယောက်ျား အလုပ်သမားတွေကိုတော့ မြင်ဖူးကြမှာပါ။ ခြစ်ခြစ်တောက် ပူလောင်နေတဲ့ လမ်းတွေပေါ်မှာ မျက်နှာလေးတခုပဲ ဖော်ထားပြီး တခေါင်းလုံးပုဆိုးနဲ့ ပတ်ရင်း အလုပ်လုပ် နေရှာကြတယ် မဟုတ်ပါလား။ သူတို့ ခြေထောက်တွေမှာ ဖိနပ်တောင် မပါကြပါဘူး။ မြို့ရွာနဲ့ အလှမ်းဝေး ကွာတဲ့ နေရာများမှာဆိုရင် လမ်းဘေးမှာပဲ သစ်ခက်တဲနန်းထိုးပြီးနေကြ၊ ချက်ပြုတ် စားကြရ တာပါ။ ဒီလူမျိုးတွေကို ပျင်းသတဲ့လား။
တီထွင်လုပ်တတ်တဲ့လူတွေ
နောက်ပြီးတော့ မြို့တွေရွာတွေ သန့်ရှင်းမှုအားနည်းတာ၊ လမ်းပေါ်အမှိုက်ပစ်တာ၊ ကွမ်းတံတွေးထွေးတာ စတာတွေနဲ့ ပတ်သက်ပြီး မြန်မာတွေ စည်းကမ်းလုံးလုံး မရှိဘူးလို့ အပြစ်ပြောကြတာ ရှိသေးတယ်။ စင်ကာပူများ သိပ်သန့်ရှင်းတာပဲလို့လည်း ခဏခဏ ပြောကြတယ်။ စင်ကာပူက လမ်းထောင့်တိုင်းမှာ ယူနီဖောင်းဝတ်ရဲတွေ စောင့်နေကြပြီး စည်းမဲ့ကမ်းမဲ့ လမ်းဖြတ်ကူးသူတွေ၊ အမှိုက်ပစ်ချသူတွေကို ချက်ချင်းဖမ်း ဒဏ်ရိုက်လုပ်တာ တွေကျတော့ ထည့်မပြောကြဘူး။ ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ပညာအခြေခံ နည်းပြီး စိတ်ယဉ်ကျေးမှု နိမ့်ကျသူတိုင်းဟာ ``ပြည်သူ့နီတိ´´ ကို လစ်လျူရှု တတ်ကြပါတယ်။ ``ထွီ၊ ထွမ်´´ နဲ့ လူရှေ့သူရှေ့မှာ တံတွေးထွေးတဲ့နေရာမှာတော့ အရှေ့တိုင်းက လူဝါတွေလောက်ဆိုး တာ ဘယ်မှာမှ မတွေ့ဖူးပါဘူး။ သူတို့နဲ့စာရင် မြန်မာတွေက အများကြီးယဉ်ကျေးပါတယ်။
မြန်မာတွေက ရေသာခို အချောင်လိုက်စိတ် သိပ်ကြီးမားတယ်။ ကြိုးစားပမ်းစား မလုပ်ချင်ဘူးလို့လည်း စွပ်စွပ်စွဲစွဲ လုပ်လေ့ရှိကြတယ်။ နိုင်ငံခြားရောက် မြန်မာလူငယ်လေးတွေ အများစုဟာ နေ့အလုပ်၊ ညအလုပ် နှစ်ခုလုပ်ပြီး တပင်တပန်း ပိုက်ဆံရှာ နေကြတာတွေကို မမြင်လို့လား၊ တချို့များဆို အိပ်ရာဝင်တာတောင် အလုပ်ကပြန်တဲ့ အ၀တ်အတိုင်း ဖိနပ်တောင် မချွတ်ဘဲ ၀င်ကြရပါတယ်။ မနက် အချိန်ကျတာနဲ့ အိပ်ရာထဲကတန်းပြီး အလုပ်ကိုပြေးနိုင် အောင် အဆင့်သင့် လုပ်ထားရတာလေ။ မြန်မာတွေ ကြိုးစားသလား။ မကြိုးစားဘူးလား သိချင်ရင် သူများနိုင်ငံတွေမှာ လုပ်ခပေးသလိုပေးပြီး ခိုင်းကြည့်လိုက်စမ်းပါလို့ ပြောလိုက်ချင် တယ်။
မြန်မာတွေဟာ မပျင်းပါဘူး။ မညံ့ပါဘူး။ ဖျင်းလည်း မဖျင်းပါဘူး။ နိုင်ငံခြားသွားပြီး ပညာသင်တဲ့သူတွေ အားလုံးနီးပါးဟာ သူတို့ သင်ယူတဲ့ ပညာရပ်ကို ကောင်းကောင်းသင်ယူ နိုင်ကြတာချည့်ပါ။ စာမလိုက်နိုင်လို့ ပြန်လာရတယ် ဆိုတာ မရှိသလောက်ပါ။ ဘိလပ်သွားပြီး MRCP တို့၊ FRCS တို့လို ဘွဲ့တွေသွားသင်ယူတဲ့ ဆရာဝန်တွေ၊ စာမလိုက်နိုင်လို့ ပြန်လာရတယ်ဆိုတာလည်း မရှိသလောက်ပါပဲ။ မြန်မာလူမျိုးတွေဟာ လူသာဆင်းရဲချင် ဆင်းရဲမယ်။ ဥာဏ်ရည် ဥာဏ်သွေးမှာတော့ မဆင်းရဲပါဘူး။ အခွင့်အရေးရရင် ရသလို ဘာမဆိုဖြစ်အောင် လုပ်နိုင်ပါတယ်။
ကိုရွှေဗမာတွေ
မြန်မာတွေညံ့လို့ မတိုးတက်တာ၊ မြန်မာတွေ သိပ်ပျင်းတာ၊ သိပ်ဖျင်းတာလို့ ပြောကြသူများဟာ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့ ´´ ပြည်တွင်းဖြစ် နိုင်ငံခြားသား`` ကိုရွှေဗမာများသာ ဖြစ်ကြပါတယ်။ ကိုယ်တိုင်ဘာလုပ်နေကြတယ် ဆိုတာတော့ ပြန်မကြည့် ဘဲနဲ့ ပြည်တွင်းမှာ ရှိနေကြတဲ့ သူတွေကို စွပ်စွပ်စွဲစွဲ အရှက်မရှိ ပြောနေကြတာဖြစ်တယ်။ မြန်မာနိုင်ငံလောက် သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံ၊ အာရှတိုက် တတိုက်လုံးမှာ မရှိပါဘူး။ စားစရာအတွက်၊ နေစရာအတွက်၊ ၀တ်စရာအတွက် ဘာမှပူစရာမရှိပါဘူး။ ပြည်တွင်းမှာ လုံလုံ လောက်လောက်ရှိတယ်။ နောက်ပြီးတော့ ရေနံ ဓာတ်ငွေ့တွေလည်း ထွက်တယ်။ တခြား ဓာတ်သတ္တုမျိုးစုံနဲ့ ကျောက်သံပတ္တမြားတွေလည်းပေါတယ်။ ဒီသယံဇာတ ပေါကြွယ်ဝတာ တွေကို ခေတ်မီနည်းပညာတွေ အသုံးချပြီး ထုတ်ယူသုံးစွဲကြရမှာ မဟုတ်လား။ ရောင်းဝယ် ဖောက်ကားကြရမှာ မဟုတ်လား။
သတိပေးလိုက်ချင်တယ်
အခုတော့ အဲဒီလိုလုပ်ရမယ့် နိုင်ငံ့အညွန့်အဖူးတွေ၊ တိုင်းပြည်ရဲ့ ဦးနှောက်တွေက နိုင်ငံရပ်ခြားတိုင်းပြည်တွေအတွက်သွားပြီး အလုပ်လုပ် ပေးနေကြတယ်လေ။ မြန်မာနိုင်ငံက သင်ပေးလိုက်တဲ့ ပညာတွေနဲ့ သူများနိုင်ငံတွေ သွားအလုပ် လုပ်ပေးနေကြတာ အခြေအနေ အရ အခိုက်အတန့်အဖြစ် ကိုယ့်အကြောင်းနဲ့ကိုယ် သွားရောက် လုပ်ကိုင်နေကြရတာကို နားလည်နိုင်ပါတယ်။ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်မှမသွားဘဲ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး တက်စွမ်းသလောက် ကိုယ့်အား ကိုယ့်အင်နဲ့ ကိုယ့်တိုင်းပြည်အတွက် ကြိုးစား ရုန်းကန်နေတဲ့သူတွေကိုတော့ ပျင်းတယ်၊ ဖျင်းတယ်၊ စည်းကမ်းမဲ့တယ်၊ ရေသာခိုတယ် စတဲ့ စွပ်စွဲမှုတွေနဲ့ ပုတ်ခတ်စော်ကားမလုပ်ကြဖို့တော့ သတိပေးလိုက်ချင်ပါတယ်။
လူထုစိန်ဝင်း
(၃.၉.၂၀၀၈ ရက်နေ့ထုတ် Weekly Eleven အတွဲ(၃)၊ အမှတ် (၄၆) စာ-၂၀ မှ လူထုစိန်ဝင်း၏ ဆောင်းပါးအား ကူးယူ ဖော်ပြသည်)

ဆရာနှင့် ဒကာ ပြီးတော့ စက်တင်ဘာ
“၀၉ … ၄၉၁၀ … ဟဲလို … မင်္ဂလာပါ”
ရွှေမန္တလေးမှ ဒကာတော်က နှုတ်ဆက်လိုက်သောအခါ …
“ဟာ … ဟေ့လူ ကျနော် နေမကောင်းဖြစ်နေတယ်” ရန်ကုန်က အရှင်ဂမ္ဘီရမှ ပြန်လည်မိန့်ကြားတဲ့ အသံပါ။ ဆိုလိုတာက တော့ အင်ဖေါ်မာတွေက နောက်မှ လိုက်နေတဲ့ သတင်းစကားပေးတာ ဖြစ်ပါတယ်။ ဒကာက နားလည်လိုက်ပါ၏။
အချိန်မှာ ၂၀၀၇ မတ်လ။ ရန်ကုန်နိုင်ငံရေး အင်အားစုများ အဆက်မပြတ်လှုပ်ရှားတက်ကြွနေကြချိန်၊ လက်ရှိ အခြေအနေ အား ဆက်လက်ရှင်သန်ရေးနှင့် ပိုမိုတိုးတက်ရေးအတွက် ၀ိုင်းဝန်း အားဖြည့်ပေးနိုင်ရန် အထက် ဗမာပြည် မန္တလေးသို့ ကြွရောက်စေလိုပါကြောင်း ဒကာကြီးက ဖိတ်ကြားလိုက်ခြင်း ဖြစ်ပါသည်။
“အိုကေ … ကျနော် တက်လာခဲ့မယ်”
စက်တင်ဘာလဆန်း ၄ ရက်နေ့မှာ အရှင်ဂမ္ဘီရ မန္တလေးမြို့ကို ကြွရောက်လာပြီ။ ဒကာတော် အခန်းမှာပဲ အတူတူ သတင်း သုံးပါတယ်။ ခါတိုင်းလို ၃၀၀ ကျပ်တန် ထမင်းတထုပ်ဝယ် ကြွေပန်းကန်ပြားမှာ ထည့်ပြီး နေ့ဆွမ်းကပ်လိုက်ရ၏၊
ဒကာ၏ စိတ်ထဲမှာတော့ မကောင်း။ အရှင်ဂမ္ဘီရသည် ဖွယ်ဖွယ်ရာရာ ဆွမ်းဟင်း ချိုချဉ်ခဲဖွယ်တွေ အပြည့် အစုံနှင့် ဘုန်းပေး သုံးဆောင်ရသည့် နေ့ကား ရှားပါးလှ၏။ ခါးဝတ်သင်္ကန်း တစုံတည်းနှင့် အထက်ဗမာပြည် တခွင်ကို စည်းရုံးရေးခရီးနှင်လေ့ ရှိပါသည်။ သက်တော်က ၂၉ နှစ်ပါ။ အရပ်အမောင်းကောင်းသည်။ အသား အရေက ခပ်လတ်လတ်။ အသံသြဇာက သာယာ နာပျော်ဖွယ်။ ဇွဲလုံ့လမှာ တနေကုန် လမ်းလျှောက် ဒေသစာရီ ကြွချီတော်မူလေ့ရှိသည်။
ရွှေဝါရောင် လွယ်အိတ်ကြီး တလုံးတော့ပါပါ၏။ အသေအချာ စာအိတ်နှင့် ထည့်ပိတ်ထားသော လှုံ့ဆော်စာများ လွယ်အိတ် နှင့်အပြည့်။ လမ်းတွင်တွေ့သမျှ သံဃာတော်များကို ဝေငှကပ်လှူလိုက်တော့တာပါပဲ။ တော်လှန်ရေး အတွက်ဆိုလျှင် ခက်ခဲ တယ်ဆိုသည် သူ့မှာမရှိ။ မည်သည့်အခါတွင်မျှ မညည်းညူ။
သူ့အယူအဆက လူ့အခွင့်အရေး၊ သူ့အတွေးက ဒီမိုကရေစီ၊ သူ့အမြင်က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သူ့ဆန္ဒက လွတ်မြောက်ရေးပဲ။ သူပြောသမျှစကားလုံးတိုင်းသည် တော်လှန်ရေး။ အကြောက်တရားဆိုသည် သူ့အတွက်မဟုတ်။ သူ့ယုံကြည်ချက်အတွက် ကြိုးစင်ပေါ်တက်ရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်။
ဆရာနှင့် ဒကာစတွေ့ခဲ့ကြသည့်အချိန်က၂၀၀၆ ခုနှစ်မှာပါ။ လွတ်လပ်ပြီး လုံခြုံသည့် နေရာတခုတွင်ဖြစ် သည်။ မြန်မာ့အရေး ဆွေးနွေးပွဲလေးတခု လုပ်ဖြစ်ခဲ့ကြပါသည်။ ဆရာတော်က ခုတော့ အကျဉ်းထောင်ထဲ ရောက်နေပါပြီ။ ဒကာတယောက် တည်း လွတ်မြောက်နေဆဲပါ။ ရလာဒ်က ထိရောက်အောင်မြင်ခဲ့သည့် ဆွေးနွေးပွဲဟု ပြောရမည်ဖြစ်ပါသည်။
လက်တွေ့လှုပ်ရှားရမည့် ဆုံးဖြတ်ချက်တခု ချမှတ်နိုင်ခဲ့ပါသည်။ ပစ်မှတ်က အထက်ဗမာပြည် မန္တလေးမြို့။ ရည်ရွယ်ချက်က လျှို့ဝှက်အစုအဖွဲ့လေးများ တည်ဆောက်ရေးတာဝန်ကို ဆရာနှင့်ဒကာ သဘောတူ လက်ခံ လိုက်ကြပါသည်။ ဘာကြောင့် ဆိုပါလျင် ရန်ကုန်မြို့မှာက မျိုးချစ်နိုင်ငံရေး အဖွဲ့အစည်းများ အရောင် အသွေး စုံရှိသည်။ အားမာန်တွေကလည်းပြည့်၊ ရဲရဲတောက်လှုပ်ရှားမှုတွေကလည်း ရင်သပ်ရှုမောစရာ။ သတ္တိ ဗျတ္တိ တွေကလည်း ကမ္ဘာကြီးက ဘွဲ့တံဆိပ်တော်တွေ ပေးရသည့်အဆင့်။ ရွှေမန္တလာမှာက ဒေါ်ဝင်းမြမြတို့တဖွဲ့ တည်း ရုန်းကန်လှုပ်ရှားနေရသည်။ သံဃာထုအတွင်းမှာလည်း ဦးဆောင်ဆရာတော်များ လိုအပ်နေသည်ဟု ခံစားမိသည်။
ဆရာနှင့် ဒကာ ကြိုးစားလိုက်ကြပါသည်။ အချိန်ကား သိပ်မကြာလှ။ ၆ လအတွင်း အောင်မြင်မှုတွေက မယုံနိုင်စရာပါ။ ဒကာတော်က ကြည်ပြာရောင်မွဲမွဲ တရုတ်လုပ် စက်ဘီးလေးစီးလို့ပေါ့။ တကျောင်းဝင် တကျောင်းထွက်ပြီး တဦးနှင့်တဦး ယုံကြည်မှုတွေရရန် တည်ဆောက်ရသည်။ လေကန်ဝေဖန်နေရုံနှင့် မလုံလောက်ပါ။
အခွင့်ကြုံတုန်း ပြောပြရဦးမည်။ စည်းရုံးစုဖွဲ့ရာတွင် စည်းနှောင်အားများ ကောင်းလာစေရန် မောင်းနှင်အား Bonding Force လိုအပ်ပါသည်။ ထိုမောင်းနှင်အားအတွက် ကျဆုံးမှုနည်းနည်းနှင့်ဆောင်ရွက်မှု (Low Risk Action) ကို အသုံးပြု မောင်းနှင် ခဲ့ပါသည်။ ပိုစတာ ကမ်ပိန်းတွေ၊ လက်ကမ်းစာစောင်တွေ အပါအ၀င် လူ့အခွင့်အရေး စာအုပ်တွေ ဗွီဒီယိုအခွေတွေ အပြန် အလှန် ဝေငှဖြန့်ဖြူးကြပါသည်။
ရလာဒ်က အံ့သြယူရသည့် တဦးနှင့်တဦး ယုံကြည်မှုများ ခိုင်မာလာသည်ကို တွေ့ခဲ့ရသည်။ တလတကြိမ် ပုံမှန် ကြာသပတေးနေ့ လျှို့ဝှက် ဆွေးနွေးပွဲလေးတွေက တဦးကိုတဦး နွေးထွေးမှုတွေ ပေးနိုင်ခဲ့သည်။ ယင်းသည် အန္တရာယ် အနည်းဆုံးဖြစ်သည် “စည်းရုံးရင်းတိုက် တိုက်ရင်းစည်းလုံးမှုရရှိသည့်”ဒကာအကြိုက် Political Defiance နည်းနာတွေပါ။ လူတိုင်းပါဝင်နိုင်သည်။ သိပ်မခက်ခဲလှပါ။ သို့သော် နည်းပညာများက လူထုကြားထဲတွင် ကျယ်ပြန့်မှု အားနည်းနေခြင်းက ခက်လှသည်။
ဆရာတော် နေ့ဆွမ်းစားပြီးသည်နှင့် မြို့တပတ်လိုင်းကားတွေစီးပြီး လက်ကမ်းလှုံ့ဆော်စာတွေ ဝေငှကြသည်။ တကျောင်း ၀င် တကျောင်းထွက် နှုတ်ဆက်ကြသည်။ ထို့နောက် အင်တာနက်ဆိုင်တွင် တနေ့တာ အချိန်ဖြုန်းလိုက်ကြသည်။
စက်တင်ဘာ ၅ ရက်နေ့ညရေဒီယိုသတင်းက ဆံပင်မွေးတွေ ထောင်ထလာသလို ဒကာမှာခံစားလိုက်ရသည်။ ငြိမ်းချမ်းစွာ မေတ္တာပို့ကြသည့် ပခုက္ကူသံဃာတော်များကို အကြမ်းဖက်ရက်စက်သည့် သတင်းပင်။ ဆက်ခါဆက်ခါ နာထောင်ရင်း မျက်စိထဲတွင် မြင်ယောင်လာသည်။ တခါက ဒကာနေခဲ့ဖူးသည့်မြို့ဖြစ်သည်။ အိပ်၍ မပျော်နိုင်သော ညများ၏ အစလည်း ဖြစ်ပါသည်။
နောက်နေ့မနက် ၉ နာရီခန့်တွင် အရှင်ရာဇနှင့်ညှိနှိုင်းရန် ဆရာဒကာလမ်းလျှောက်ထွက်လာကြသည်။အဆင် သင့်ပင် ဆရာတော် အရှင်ခေမိန္ဒပါ ရောက်ရှိနေပါပြီ။ အခြေအနေတွေဆွေးနွေးညှိနှိုင်းပြီးနောက် Statement တခုထုတ်ပြန်ရန် သဘောတူလိုက်ကြပါသည်။ အမျိုးဘာသာ သာသနာကို ရိုင်းပြစွာစော်ကားခဲ့သည့် နအဖ အဖွဲ့အား သံဃာထုတရပ်လုံးက ပူးပေါင်းပါဝင် ကန့်ကွက်ကြပါရန် နှိုးဆော်တိုက်တွန်း ထားခြင်းဖြစ်သည်။ အထက်ဗမာပြည် သံဃာ့သမဂ္ဂနှင့် ရဟန်းပျိုအဖွဲ့ (ရန်ကုန်)တို့ ပူးတွဲပြီးထုတ်ဝေခဲ့ပြီး Printer က မကောင်း သည့်အတွက် စိတ်ကြိုက်မထုတ်ဝေနိုင်ခဲ့ပါ။ ဓာတ်ပုံရိုက်ပြီး အင်တာနက်ကဖေးပြေးကြ ရပြန်ပါသည်။
နံနက် ၁၁ နာရီကျော်နေပြီဖြစ်၍ အိမ်တော်ရာ အရှေ့ဘက်တန်းက ထမင်းဆိုင်လေးတွင် ဆရာတော် ၀င်ရောက် ဘုန်းပေး သည်။ ထို့နောက် ၂၅ လမ်းက NET ဆိုင်မှာဝင်ပြီး လှုပ်ရှားလိုက်ကြပါသည်။ ညနေ ၃ နာရီ ထိုးသွားပြီ၍ ခပ်သွက်သွက် ဆိုင်ကထွက်ခဲ့ပြီး ဆိုက္ကားတစီး ခေါ်လိုက်ရသည်။ မီဒီယာများ အင်တာဗျူး ရန် ချိန်းဆိုထားသည့်အချိန်က နီးကပ်နေ သည့်အတွက်ဖြစ်သည်။ဒကာသုံးနေကြ ဖုန်းဆိုင်တဆိုင်ကို သွားကြသည်။ ၂၅ လမ်းက ချိုင့်ခွက်များက ခရီးဖင့်နှေးစေရန် နှောင့်ယှက်နေကြသယောင်ပင်။
ဆရာတော်က ထိုဖြစ်ရပ်ကို ထိထိမိမိ အသုံးချလိုက်ပြန်ပါ၏။ “တိုင်းပြည်ကို ချောက်ထဲ ဆွဲချနေတာဟာ နအဖပါ” ဆိုသည့် တရားတော်ကို ဆိုက္ကားဆရာအား ဟောကြားတော်မူရင်း လမ်းပေါ်က ချိုင့်ခွက်တွေကို လက်ညှိုးနှင့် ထိုးထိုးပြနေပါလေ ရော။ ကောင်းလေစွ။ ဒကာက (သာဓု) ၂ နှစ်ခွန်းတော့ ခေါ်လိုက်ရသည်။ ဆရာနှင့် ဒကာပေကိုး။
စက်တင်ဘာ ၉ ရက် နံနက် အရုဏ်ဆွမ်းအတွက် လ္ဘက်ရည်ဆိုင်မှာ ထိုင်ကြသည်။ ဆရာတော်က ထမင်းဆီ ဆမ်းနှင့် အကြော် ၄ ခု။ ဒကာက ကျဆိမ့်တခွက်နှင့် အီကြာကွေး၊ ပြီးတာနှင့် ဆိုင်ကထွက်လာပါတယ်။ ပြဿနာက စတက်လာပါ လေရော။ တိုက်အုပ်ဆရာတော်၏ လက်ထောက်က ပျာပျာသလဲနှင့်၊ စိုးရိမ်မှုတွေ ကိုလည်း မြင်နေရပါသည်။
“ဒကာကြီး ဒကာကြီးရဲ့ သတင်းတွေက အရပ်ထဲမှာ သိပ်ကြီးနေပြီ။ ဒီနေရာက ခေတ္တရှောင်နေပေးစေချင်တယ် ဒကာကြီး” ဟုပြောသည်။ ဒကာက ခပ်မြန်မြန် ခေါင်းသုံးလေးချက် ဆက်တိုက်ညိတ်လိုက်ပါ၏။ သိပ်တော့မထူး ခြား။ မျှော်လင့်ထား ပြီးသားထဲက တခုပါ။ မနေ့က မထေရ်ကြီးကျောင်းကို စစ်ဗိုလ် ၄ ယောက် ကား ၂ စီးနှင့် ရောက်လာပြီး ဖုန်းနံပါတ် ၄ ခု ပေးထားခဲ့သည်ကို ဒကာက သိပြီးဖြစ်၏။ မထေရ်ကြီးနှင့် ငယ်သူငယ်ချင်း တွေပါ။ ဒကာကြီးကလဲ မထေရ်ကြီး လက်စွဲ တော်ပဲလေ။
ဖြစ်စဉ်တွေကို ဒကာ၏ ကျောင်းထိုင်ဆရာတော်အား ပန်ကြားလိုက်ပြီးရိုသေစွာ ဦးသုံးကြိမ် ချလိုက်ပါသည်။ ခွဲခွာခဲ့ရခြင်း တွေထဲက တခုပဲပေါ့။ မထူးဇာတ်ခင်းရပေတော့မည်။ ဆရာနှင့်ဒကာ ခြေဦးနှင့် ဒူးတည့်ရာ ထွက်လာခဲ့ရပြန်သည်။
ရုတ်တရက် “အလှူနားနီးမှ နားတဘက်ဖြတ်ရသည့်” အခြေအနေနှင့် ကြုံတွေ့လိုက်ရ၏။ အရှင်ရာဇသည် ခရီးဆောင်အိတ် ကို ပြင်ဆင်နေပါပြီ။ ရောက်မဆိုက်ပင် “ဒကာကြီး ကျုပ်ရန်ကုန်ကို ဒီနေ့ဆင်းရမယ်” ဟု ဆို သည်။ အရေးကြီးကိစ္စတခု ပေါ်လာခြင်းဖြစ်၏။ ရန်ကုန်သာသနာ့တက္ကသိုလ်မှ သူငယ်ချင်းတွေကိစ္စဖြစ်နေ၍ ခေါင်းညိတ်လိုက်ရသည်။ ဖြစ်နိုင်လျှင် ယခုရက်တွေမှာ အရှင်ဂမ္ဘီရနှင့်အတူ ရှိနေစေချင်၏။ အရှင်ရာဇ၏ အားမာန်တွေကို ဒကာက မြင်တွေ့ရပြီး ဖြစ်သည်။
နက်နဲသော အပြုံးကို ပိုင်ဆိုင်ထား၏။ ပုံသဏ္ဍာန်က သေးသေးသွယ်သွယ်။ လေသံက ပျော့ပျော့ပြောင်း ပြောင်း။ ကြီးမား လှသည့် သူ့အားမာန်တွေက မြင်နိုင်ရန် ခက်လှ၏။ လက်သီးဆုပ်ကို ခပ်ဆတ်ဆတ်ကလေး လှုပ်ရှားရင်း “အောင်ရမည် … အောင်ရမည်”ဟု ကြွေးကြော်တတ်၏။ အိနြေ္ဒသိက္ခာကောင်း၏။ ကြည်ညိုဖွယ် ရာအဆင်းနှင့် သိမ်မွေ့လှ၏။ ဒကာက ဦးသုံးကြိမ် ခညွှတ်လိုက်ပါသည်။ ဆရာတော် အရှင်ဂမ္ဘီရက ပတ္ထနိက္ကုဇ္ဖန ကံဆောင်ရန် အခြေအနေကို ရှင်းပြကာ သဘောထား တောင်းလိုက်သည်။ အရှင်ရာဇက (သာဓု … သာဓု … သာဓု) ဟု သုံးကြိမ် ခေါ်လိုက်လေသည်။
ဆရာနှင့်ဒကာ ဆက်လျှောက်လာကာ ၂၆ လမ်းထိပ်က လမ်းဘေးဖုန်းလေးနှင့် ဆက်သွယ်လိုက်သည်။ ယခင်သတ်မှတ် ထားသောနေရာက အခြေအနေမကောင်း၊ သတင်းပေါက်သွားခဲ့ပြီဖြစ်၍ အခြားတနေရာ ပြောင်းလိုက်ရ၏။ ဈေးချိုတော် ရှေ့မှ လိုင်းကားစီးလိုက်ကြပြန်ပါသည်။ ချိန်းထားသည့်မှတ်တိုင်တွင် ဆရာ ဒကာ ဆင်းလိုက်၏။ ကွက်တိပါ။ အရှင်ခေမိန္ဒ နှင့်အတူ ရန်ကုန်မှကြွလာသော ဆရာတော်အရှင်ဦးသြဘာသ နှင့် အရှင်ဦးတေဇ တို့ ၃ ပါးက ဆီးကြိုနေသည်ကို တွေ့ရ သည်။ ဆုံမိကြပြီးနောက် ဆရာတော်တွေက ရှေ့ကကြွပါသည်။ ဒကာက အခြေအနေတွေကို အကဲခတ်ရင်း ပေ ၃၀ အကွာ နောက်က စောင့်ကြည့်ရင်း လိုက်ပါခဲ့သည်။ OK ပါ၏။ အားလုံးတိုက်ကျောင်း အောက်ထပ်ကို ၀င်ရောက်ပြီးသည်နှင့် တပြိုင်နက် ကျောင်းထိုင်ဆရာတော်က တံခါးတွေပိတ်လိုက်တော့၏။
ပီတိတွေက ဘယ်ကရောက်လာမှန်းမသိ။ ဒကာ့ဘ၀တသက် မမေ့ရက်နိုင်သောနေ့ပါ။ အရှင်ဦးခေမိန္ဒ၊ အရှင်ဦးသြဘာသ၊ အရှင်ဦးတေဇနှင့် အရှင်ဂမ္ဘီရတို့ ၄ ပါးသည် ရာဇာ့ရာဇာနှင့် ရာဇာဓိရာဇာတွေချည်းပါ။ အားမာန်တွေကအပြည့်၊ နည်းပရိ ယာယ်တွေက အလျှံပယ်၊ ပညာရှိတွေလည်းဖြစ်၊ ဗဟုသုတတွေကလည်း ကြွယ်ဝသောကြောင့် ဆုံးဖြတ်ချက်တွေက ရှင်းလင်းပြတ်သားလှပေ၏။ လေ့လာသူအနေဖြင့် ကဗျာဝါသနာ ရှင် ဆရာတော်တပါးလည်းရှိနေသည်။
စာစီရန် ကွန်ပျူတာကတော့မရှိ။ တော်ပါသေး၏။ အရှင်ဦးသြဘာသမှာ လက်ကိုင်ဖုန်းတလုံး ပါလာသည်။ သို့မဟုတ်လျှင် မီဒီယာနှင့် ဗျူးရန် အခက်အခဲတွေ့ရပေဦးမည်။ တံဆိပ်တုံးတခုလိုနေတဲ့အတွက် ဒကာမြို့ထဲ တခေါက် ဆိုက္ကားနဲ့ ပြန်ယူပေး ရသေး၏။ ၁၉၉၀ ခုနှစ် ပတ္ထနိက္ကုဇ္ဖန ကံဆောင် သံဃာ့ သမဂ္ဂတံဆိပ်တုံး ဖြစ် ပါတယ်။ ဒကာပြန်ရောက်တော့ Statement တခု ရေးဆွဲပြီးပါပြီ။ မြန်မာနိုင်ငံလုံးဆိုင် ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ဖွဲ့စည်းလိုက်ကြောင်းနှင့် နအဖ စစ်အုပ်စုအား တောင်းဆိုချက် ၄ ခုပါဝင်ပြီး ၁၇၊ ၉၊ ၀၇ နေ့ထိ မလိုက်လျောပါက သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ ဦးဆောင်၍ဆန္ဒပြမည်ဖြစ်ကြောင်း ပါဝင်ပါတယ်။
ဆိုက္ကားတစ်စီးဝင်လာပြီး ဘရိတ်ဆွဲသံကျွိကနဲ တချက်ကြားလိုက်ရသည်။ တခါးဖွင့်ပြီး ပါလာသော ထမင်း ထုပ်တွေကို ဆီးယူလိုက်၏။ အင်ဖက်တွေနှင့် ထုပ်ပိုးထားခြင်းဖြစ်သည်။ ထိုင်နေသည်ဖျာပေါ်မှာပင် စုပုံချ လိုက်သည်။ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ယူလိုက်ပြန်ပါ၏။ တဦးတထုပ်ကျစီပါ။ ဖျာပေါ်မှာပဲ အထုပ်ဖြန့် ကာ ၀ိုင်းဖွဲ့ဘုန်းပေးသုံးဆောင်တော်မူကြ လေသည်။ အင်ဖက်နံ့ သင်းသင်းကြောင့် ပဲလား။ ရွှေလက်ရာကကောင်း ၍ပဲလား၊ ဆာလောင်နေ၍ပဲလားတော့မသိ။ အင်ဖက်ပဲကျန်မှ ရပ်လိုက်ကြ၏။ အရှင်ဂမ္ဘီရကား ကဗျာကယာ လက်သုတ်ပြီးနောက် မီဒီယာတွေ တပုံတခေါင်းနှင့် ဗျူးနေလေတော့သတည်း။
နောက်ပိုင်းဖြစ်စဉ်တွေကို အားလုံးက သိကြသည့်အတွက် ဒကာစာမဖွဲ့လိုတော့ပါ။ သို့သော် သတင်း စကား တော့ဆိုခြင် သေး၏။ ရက်စက်ယုတ်မာသည့် စစ်အုပ်စုမှာ အထွေထွေအကြပ်အတည်းပေါင်းများစွာနှင့် ယနေ့ ရင်ဆိုင်နေရပါပြီ။ ပြည်သူတရပ်လုံးကလည်း စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီး နေကြ ပါပြီ။ တော်လှန်ရေး ကား မဝေးလှတော့ပေ။ စစ်အာဏာရှင်စနစ်ကျဆုံးရေးသည်အဓိကဆိုသော ဘုံ သဘောတူညီမှုရှိနေသည့် အချိန်လည်း ဖြစ်သည်။ ဖြစ်ရပ်မှန်ကား ပြည်သူတွေက ကြောက်နေခြင်းမဟုတ်။
မည်သို့မျှ စားမ၀င် အိပ်မပျော်နိုင်အောင် ကြောက်ရွံ့ထိတ်လန့်နေသူများက နအဖ စစ်ဗိုလ်ချုပ်တစုသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ထားကြစေချင်ပါသည်။ သူတို့ပြုခဲ့သည့် ရက်စက် ယုတ်မာမှုများက သူတို့ထံ ပြန်လာလိမ့်မည်ဆိုသည်ကို စစ်ဗိုလ်ချုပ်တွေက သိနေကြပါပြီ။
ဤအချိန်တွင် အရေးကြီးသည်က ဆရာနှင့်ဒကာကဲ့သို့ ကြိုတင်ပြင်ဆင်၍ စည်းနှောင်အားပြည့်ဝသည့် အစုအဖွဲ့လေးများ လျှို့ဝှက်စွာ တည်ဆောက်ထားနိုင်မည်ဆိုပါလျှင် မကြာတော့သော ကာလ၀ယ် ကြီးမား ခိုင်မာသည့် People Power ဆိုသည်ကို ဧကန်မုချ ပေါ်ပေါက်လာရမှာ ဖြစ်ပါသည်။
ဤသို့ဆိုလျှင် လူတိုင်း လူတိုင်းက “ဒါ ငါတို့ကိုယ်တိုင် ပါဝင်တိုက်ယူလို့ရခဲ့တဲ့ လွတ်လပ်၍ တရားမျှတပြီး ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ်ကြီး ဖြစ်တယ် လို့” ဂုဏ်ယူဝင့်ကြွားနိုင်ကြမှာ ဖြစ်ပါကြောင်း အမျိုးကောင်းသား အမျိုးကောင်းသမီးအပေါင်းတို့။
လူအချင်းချင်းနှိပ်စက်ခြင်း ကင်းဝေးကြပါစေ … ။
ဦးလင်း | စက်တင် ၁၇၊ ၂၀၀၈
အီးမေးထဲမှ နှစ်သက်သော

Sunday, September 28, 2008
ကိုကျော်ကွန့် နဲ့ မလှထုံ ရဲ့ ထိုတစ်ည
ထိုတစ်ညကကိုကျော်ကွန့်တယောက်အမ်ပီသရီးလေးနားထောင်ရင်းဧည့်ခန်းဆက်တီမှာအိမ်ပျော်သွားလေသည်။
မလှထုံ လည်းချစ်ယောကျာင်္လေးဇိမ်ပျက်မစိုးလို့ အရင် အခန်းထဲသွားအိပ်နှင့်လေ၏။အတော်နေတော့ ဧည့်စရင်းစစ် လာ
ပီးအိမ်တံခါးခေါက်တော့ မလှထုံလည်းအိမ်ထောင်စု ယူ တံခါးဖွင့်လေ ရာ မြောက်ကြွ မြောက်ကြွ နှင့်
နံပါတ်ဒုတ်လား ရေ ပြွတ် လားမသိ ခါးကြားချိတ် ထားသော ကိုရွှေမီးသတ် တက်ချလာလေသည်။
ဧည့်ရှိလား မေးရာ မရှိဘူး လိုဖြေတော့ ဟိုဆက်တီပေါ်က ဘယ်သူလဲမေးပြန်တော့ကျမ ယောကျာင်္ပါလို့ ဖြေလေ ရာ
သကောင့်သား က ခင်ဗျားယောကျာင်္ က ခင်ဗျာနဲ့မအိပ်ဘူးလား ဟုမယုံသင်္ကာ နဲ့ ကွန့်ညွန့်ကာ မေးလာလေသည်။
မလှထုံ လည်း ဒေါသကထွက်လာပြီးနောက် ကျမ ယောက်ကျာင်္ ဘယ်နားအိပ်အိပ် ရှင်တို့အလုပ်လား ကိုယ်အိမ်ထဲအိပ်တာဘယ်နားအိပ်တယ်က အစတိုင်ရမှာလားဟု ကလော်တုတ် လိုက်လေသည်။
မင်းလူ၏ ဇာတ် ကောင်များကမေတ္တာဖြင့်သရုပ်ဆောင်သည်။

ဒီအပါတ် ထဲ က နေ့တချို့
၂၃ ရက်နေ့မှာ အဘဦးဝင်းတင်လွတ်လာတယ်။အန်တီစုသာလွတ်ရင်လွတ်မယ် အဘကို မလွတ်ဘူးလို့ အများကထင်ထားတယ်။စစ်အစိုးရအကြပ်အတည်းဆိုက်နေလို့လား ဘာအကြံအစီရှိလဲတစ်ခုခုပေါ့။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှာလူကြီးပိုင်းနဲလူငယ်ပိုင်းကြား ပိုပီး ကွဲလွဲစေချင်တာလား ? မထင်ဘာဘူး အဘ က နှစ်၂၀အထဲနေရတော့ ၈၉ က စိတ်အခြေအနေနဲ့ တက်ကြွ နေတာ တွေ့ရတယ်။လူကြီးလူငယ်ပေါင်းကူးပေးနိုင်တဲ့ အစွမ်းက ရှိပီးသား။
၂၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဗုံးပေါက်ကွဲမှု ကို လုထုက နားလည်ထားသည်မှာ မနက်ဖြန် ၂၆ ရက်နေ့ မနှစ်က သေနတ် နဲ့စပစ်တဲ့နေ့မို့မြို့ထဲလူတွေမစုမိအောင်မလာအောင် တမင်ဖောက်တာဟုပြောဆိုကြပါတယ်။ညနေစောင်းမှာမိုးနဲ့အတူမိုးကြိုးတွေပါပစ်သံကြားနေရပါတယ်။အဲဒီည ၁၀ နာ၇ီမှာ ရန်ကုန်မြို့ ကြီးစောစီစွာ အိပ်မောကျသွားခဲ့ ရပါတယ်။
၂၆ ရက်မှာတော့ မြို့ထဲမှာ လူသွားလူလာနည်းလို့ လိုင်းကားတွေ ပေါ်လူချောင်ချောင်ချိချိ တွေ့မြင်ရပါတယ်။ဘယ်ကစထွက်မလဲမျှော်ရင်ဘယ်သူမှမထွက်ဘဲနေ့တစ်နေ့ကုန်ဆုံးခဲ့တယ်။ထင်းထားသလောက်လုံခြံ ရေးချတာ မတွေ့ရဘာဘူး။
၂၇ ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးတနှစ်ပြည့်သောအခါသမယမှာရခိုင်ပြည်နယ်စစ်တွေမြို့တွင် သံဃာတော် ၁၅၀ ခန့်ကလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ရန်ကုန်မြို့အန်အယ်လ်ဒီဌာနချုပ်တွင်ပါတီထူထောင်သည့် အနှစ် ၂၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ထောက်လှမ်းရေး များစွာက ပေါ်ပေါ် ထင်ထင် သတင်းဓာတ်ပုံ ယူကြပါတယ်။ ရေတာရှည်လမ်းဟောင်း ထိပ် မှကျောက်ဆည်ဓမ္မာရုံ မှာလည်း အခမ်းအနားရှိတိုင်း စွမ်းအားရှင်, ကြံ ဖွတ် များစွာစတည်းချတဲ ဇရပ်တစ်ခုလိုပါဘဲ။ အာဇာနည် ကုန်းခြေ ရင်းမှာလည် လူသတ်လက်နက် အပြည့်နှင့်ရဲကားများကိုတွေ့ရပါတယ်။ အခြားနေရာအတော်များမှာလဲတွေ့ရပါတယ်။ညတွင်လည်းဝါရာလက်စ်များဖွင့်ပြီးသွားနေခဲ့တယ်။ ၂၈ရက်မှာတော့စစ်တွေသံဃာတော်စထားပြီဖြစ်သောကြောင့်ရန်ကုန်ရဲ့လမ်းစုံလမ်းခွသာမက ဘဲ ရဲကားများကိုတွေ့ရပါတယ်။

Wednesday, September 24, 2008
ဟံသာဝတီ ဦးဝင်းတင်နဲ့ စကားတိုထွာ
ဟံသာဝတီ ဦးဝင်းတင်နဲ့ စကားတိုထွာ
မိုးမခ
စက်တင်ဘာ ၂၄၊ ၂၀၀၈
အကျဉ်းထောင်က ထွက်လာသူ ဦးဝင်းတင်ကို မိုးမခက ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီအကြောင်းလေးကို တင်ဆက်လိုက်ပါတယ်။
မိုးမခ - ဆရာဦးဝင်းတင်ပါလား ခင်ဗျာ
ဆရာဦးဝင်းတင် - အေးဗျ၊ ခင်ဗျားတို့ ဆန်ဖရန်စစ္စကိုမှာလို့ ပြောတယ်။ ဘာလုပ်နေလဲ။
မိုးမခ - ကျနော်တို့ လူငယ်တွေကော လူကြီးစာရေးဆရာတွေနဲ့ပါ မိုးမခဆိုတဲ့ အင်တာနက် စာနယ်ဇင်းလေး လုပ်နေတာပေါ့ ဆရာရယ်။ အားလုံးကိုယ်စား ကျနော်တို့က ဆရာ့ကို နှုတ်ဆက်တာပါ။
ဆရာဦးဝင်းတင် - ကောင်းတယ် ကောင်းတယ်။ ကျနော်ကလည်း နှုတ်ဆက်ပါတယ်လို့ ပြောပေးပါဗျာ။
မိုးမခ - ဟုတ်ကဲ့ပါဆရာ၊ ဆရာမိတ်ဆွေတွေကိုယ်စား ကျနော်တို့က နှုတ်ဆက်တာပါဆရာ။ ဆရာမောင်စွမ်းရည်၊ ဆရာ ဦးဝင်းဖေ၊ ကဗျာဆရာ အောင်ဝေး၊ အဆိုတော် မာမာအေးနဲ့ ပြည်ပရောက်နေတဲ့ လူငယ်စာနယ်ဇင်းသမားတွေ အားလုံးကိုယ်စား ကျနော်တို့ နှုတ်ဆက်တာပါဆရာ။
အေးဗျာ။ ကောင်းတယ် ကောင်းတယ်။ ခင်ဗျားတို့တွေ စာတွေ ရေးနေကြတာပေါ့။ ဟုတ်လား။ ကျနော့်မိတ်ဆွေတွေ အသံတော့ ရေဒီယိုက အမြဲလာနေတယ်လို့ ပြောကြတယ်။ စာတွေလည်း ဖတ်ရတဲ့အခါလည်း ဖတ်ရပါတယ်။ မနက်ကလည်း ခင်ဗျားတို့နဲ့ ပတ်သက်ပြီး ပြောဖြစ်ကြပါသေးတယ်။
ဟုတ်ကဲ့ပါဆရာ။ ပြည်ပမှာလည်း စာနယ်ဇင်းသမားတွေ အားလုံးက ဆရာလွတ်မြောက်လာလို့ ၀မ်းသာကြပါတယ် ဆရာ။ တတ်နိုင်သလောက်လဲ ကြိုးစားနေကြပါတယ် ဆရာ။
ကောင်းတယ်ဗျာ၊ ၀မ်းသာပါတယ်။ ကျနော်လည်း အဲသည် စာတွေ ဘာတွေ ရှာဖွေပြီး ဖတ်ရအုံးမယ်။ ခုကော ဘာတွေ လုပ်နေကြသလဲ။
ကျနော်တို့ ဒီက မြန်မာမိသားစုတွေ အကူအညီနဲ့အတူ စာပေဟောပြောပွဲ တခု စီစဉ်နေတယ် ဆရာရယ်။ ဆရာမိတ်ဆွေတွေ အားလုံးကို ဖိတ်ပြီးတော့ပေါ့။ ပြီးတော့ ဆရာအတွက် ဦးဝင်းတင် စာနယ်ဇင်း ဆောင်းပါးများဆိုပြီး စာအုပ်လည်း ထုတ်ဖို့ လုပ်နေတယ်။
အော် ဟုတ်လား။ ပြောတယ်ဗျ။ ၀မ်းသာပါတယ်ဗျာ။
ဆရာ ထောင်က မထွက်ခင် လုပ်ဖို့ ဆရာရယ် … ဆရာက ထောင်ထဲက ထွက်တာ စောသွားတယ်။
အေးဗျာ။ ခင်ဗျားက ပြောတယ် ထောင်ထဲက ထွက်တာ စောတယ်လို့။ မစောဘူးဗျ။ မနက် ၆ နာရီလောက်ကတည်းက ကျူပ်ကို လာခေါ်နေတာ။ အထဲမှာ စကားပြောနေရတာနဲ့ ကိစ္စတွေ ရှင်းနေရတာနဲ့ ညနေစောင်းသွားတယ်။ ထောင်ထဲက ထွက်တာ မစောပါဘူးဗျ။
ဆရာမောင်စွမ်းရည်က အဲသည် စာအုပ်ကလေး စီစဉ်နေတာ အတော်ကြာပြီ ဆရာရဲ့။ ဒီမနက်က ဆရာမောင်စွမ်းရည်က သတင်းကြားကြားခြင်း ကျနော်တို့ဆီ ဖုံးဆက်တယ်။ ဆရာ့ကိုလည်း စကားပြောချင်ရှာတာ။ ဆေးရုံက ဆီးကျိတ်ခွဲပြီးခါစ ဆီးပိုက်တန်းလန်းကြီးနဲ့ ထ ခုန်မတတ် ၀မ်းသာနေတာ။
ဟုတ်လား။ ကျနော်လည်း ဆီးကျိတ်ရှိတယ်ဗျ။ ခုတော့ ဘာမှ မဖြစ်သေးဘူး။ ကောင်းနေသေးတယ်။ သူတို့ကို ကျန်းမာရေးတွေ ဂရုစိုက်ခိုင်းပါဗျာ။
ကျနော်တို့က ဆရာ့ကို ပြောရမှာပါဆရာရယ်။
နောက်ပြီး ကိုဝင်းဖေကြီးက ပန်းချီ ဆက်ရေးသေးရဲ့လား။
ရေးပါတယ် ဆရာ။ သူ အခု အလုပ်ကနားပြီးနောက်ပိုင်း ပန်းချီပဲ ဆွဲနေပါတယ်။ ရေဒီယိုတွေမှာလည်း စာရေးတယ်။
အေးဗျာ။ သူ့ကို ပန်းချီရေးစေချင်တယ်။ ပန်းချီရေးနေဖို့က အရေးကြီးတယ်ဗျ။
ပြောလိုက်မယ်ဆရာ။ သူ့ပုံတွေ ဓာတ်ပုံရိုက်ပြီး သိမ်းထားတာတွေ ရှိတယ်။ ပြမယ်ဆရာရယ် နောက်များကျမှ
ကိုအောင်ဝေးကတော့ ကဗျာတွေ ဆက်ရေးဖို့ ပြောလိုက်ပါဗျာ။ ကဗျာတွေ ဆက်ရေးပါလို့။
ဟုတ်ကဲ့ပါဆရာ။ ဆရာလည်း စာတွေ ရေးဦးမယ် မဟုတ်လားဆရာ။
ကောင်းတယ်ဗျာ။ ၀မ်းသာပါတယ်။
ဆရာ့ကို အားလုံးက မျှော်နေကြပါတယ် ဆရာ။ ကျနော်တို့ လူငယ်တွေကလည်း ဆရာပြောတာ ဆရာစဉ်းစားတာ ဆရာမြင်တာတွေကို နားစွင့်ပြီး စောင့်မျှော်နေကြတယ်။ တတ်နိုင်သလောက် စုစုစည်းစည်းနဲ့ ရပ်တည်ပြီး ဆရာ စကားတွေ အသံတွေကို မျှော်နေကြမယ်ပေါ့ ဆရာရယ်။
အေး အေး ။ ဒါပဲနော်။ နောက်မှ တွေ့ကြသေးတာပေါ့။
DVB interview 01
“ရွေးကောက်ပွဲလည်း ကျနော် လက်မခံနိုင်ဘူး”
ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက် (အပိုင်း၁)
ခင်မောင်စိုး DVB
စက်တင်ဘာ ၂၃၊ ၂၀၀၈
ဆရာ ထောင်ကလွတ်လာတဲ့ အနေအထားလေး သိချင်တယ်ဆရာ။ တချို့ ထောင်က လွတ်လာတဲ့ အခါမှာ ကန့်သတ်ချက်တွေ ပေးတယ်။ ဆရာတို့ကိုရော ဘယ်လိုကန့်သတ်ချက်တွေနဲ့ ပေးလိုက်သလဲ။ ဒါမှမဟုတ် လွတ်လွတ်လပ်လပ်ပဲ လွှတ်လိုက်တာလားဆရာ။
မဟုတ်ဘူးဗျ။ ဒီလိုရှိတယ်။ ကန့်သတ်ချက်ဆိုတာ ဒီလွှတ်ပုံလွှတ်နည်းတခုလုံးကိုက ကန့်သတ်ချက်ပဲ ဗျ။ နိုင်ငံသမားအတွက် ဆိုရင်တော့ ပိုပြီးတော့ ကန့်သတ်ချက်ပေါ့ဗျာ။ ကျန်တဲ့လူတွေတောင်မှ သူက ကန့်သတ်ချက်နဲ့ လွှတ်တာပေါ့။ ကျနော်ကတော့ တခုရှိတယ်၊ ဘယ်သူနဲ့မှလည်း တွေ့ရတာမဟုတ်ဘူး။ ဘယ်သူနဲ့မှလည်း စကားပြောရတာ မဟုတ်တဲ့အတွက် ဘာတွေလဲဆိုတာ မသိဘူး။ ဒါပေမယ့် ကျနော့်တယောက်အနေနဲ့ ပြောရရင်တော့ ကျနော် အခုလွတ်တဲ့ဟာကို လက်မခံဘူး။ ကျနော် ကန့်ကွက် ဆန္ဒပြပြီးတော့ ထွက်လာတာ။ အဲဒါကြောင့် ကျနော်က အခု အပြင်မှာ ရောက်တာတောင်မှ ကျနော် ထောင်ထဲက အဝတ်အစားပဲ ဝတ်လာတယ်။ ကျနော်ကပြောတယ် ‘ခင်ဗျားတို့ ကျုပ်ကို ဆွဲထုတ်မှပဲ ကျုပ် ထောင်က ထွက်သွားမယ်။’ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့ ဒီလွှတ်ပုံလွှတ်နည်းနဲ့ လက်မခံဘူး။ ဒါ ကောင်းတဲ့ လက္ခဏာလည်း မဟုတ်ဘူး။ ဘာမှလည်း အကောင်းဖြစ်စရာ မရှိဘူး။
ဟုတ်ကဲ့ဆရာ။ အဲဒီ လွှတ်ပုံလွှတ်နည်းလေးကို ကျနော်တို့ကို နည်းနည်းရှင်းပြပေးပါဆရာ။
လွှတ်ပုံလွှတ်နည်းက ဒီလိုဗျာ။ မနက်တုန်းက ၆ နာရီခွဲလောက်မှာ ကျနော့်ကို လာပြောတယ်။ ‘ခင်ဗျားကို လွတ်ပေးမယ်၊ ပစ္စည်းတွေသိမ်းပါ’တဲ့။ အဲဒီတော့ ကျနော်က ပြောတယ်။ ကျနော်က နဂိုကတည်းက မှန်းပြီးသား။ မှန်းပြီးသားဆိုတာ ကျနော်က အခုလို ဖိုးအိုဝမ်းနဲ့ လွှတ်မယ်လို့တော့ ကျနော် မထင်ဘူးပေါ့ဗျာ။ ‘ဖိုးအိုဝမ်း’ဆိုတာ ကျနော် လွန်ခဲ့တဲ့နှစ်လပိုင်းတုန်းက ကျနော် ဆေးရုံတက်နေတုန်း ကျနော့်ကိုလာပြီးတော့ လက်မှတ်ထိုးခိုင်းတယ်ဗျာ၊ ‘ဖိုးအိုဝမ်း’နဲ့။ ကျနော် အဲဒီတုန်းက ငြင်းခဲ့တယ်။ ‘လွှတ်စရာမလိုဘူး။ ကျုပ် လက်မှတ်လည်း မထိုးဘူး။ ဘယ်တော့မှလည်း မထိုးဘူး။ တသက်လုံးမထိုးဘူး’လို့။ ဒါ ဟိုတုန်းကဖြစ်ခဲ့တာ။
အခု ဒီနေ့လည်း ‘ဖိုးအိုဝမ်း’တော့ မလာတော့ဘူး။ လာမယ့်လာရင် မစ္စတာဂမ်ဘာရီနဲ့ သူတို့ပြောတဲ့အထဲမှာ ပါတဲ့ ‘အသက်ကြီးတဲ့လူတွေ၊ ကျန်းမာရေးချို့တဲ့တဲ့လူ၊ အသက်ကြီးတဲ့လူ လွှတ်မယ်လို့ - ကျနော်က ဒါကို အိုနာကျိုးကန်းစီမံချက် ဆိုပြီးတော့ ကျနော်က သုံးတယ်ဗျာ။ အဲဒီတော့ ကျနော် အိုနာကျိုးကန်း စီမံချက်ထဲ ကျနော်မပါနိုင်ဘူးဗျာ။ ကျနော့်ဟာကျနော် လျှို့ဝှက်တဲ့ ရထားတဲ့ ဘောပင်နဲ့ဘာနဲ့ စာရေးတာပေါ့ဗျာ။ ကျနော်က ရေးတယ်။ ရေးပြီးတော့ အဲဒီထဲမှာ ဘာပါလဲဆိုတော့ တစ်က ကျနော်တို့က ကျနော်တို့ရဲ့ တောင်းဆိုချက်က ‘စု-လွှတ်-တွေ့’ပဲ။ ‘ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားကို လွှတ်ရေး၊ လွှတ်တော်ခေါ်ယူရေး၊ နောက်တခုက တွေ့ဆုံဆွေးနွေးရေး လုပ်ရေး။ ဒီဟာက သုံးခု။ နောက်တခါ အဲဒီထဲမှာလည်း နိုင်ငံရေး အကျဉ်းသားများလွတ်ရေးနဲ့ ပတ်သက်လို့က ကျနော်က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွတ်ပါ။ ချွင်းချက်မရှိ လွတ်ပါ။ နောက်တခုက နိုင်ငံရေး အကျဉ်းသားတွေကို ၁ဝ(က) တပ်တာကို ကျနော်လက်မခံဘူး။ နောက်တခုက အနိမ့်ဆုံးအားဖြင့် ကျနော့်လိုပေါ့ဗျာ။ ရိုးရိုးအကျဉ်းသားလိုပဲ ထား။ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ဆိုရင်လည်း ကျနော့်လို နှစ်ပြည့်နေတဲ့လူနဲ့ ပတ်သက်ပြီးတော့ ချက်ချင်းလွတ်ပါ ဆိုတဲ့ဟာ။ ဒါက ကျနော့်ရဲ့ သဘောထားပဲ။
နောက်၊ ကျနော်ရဲ့ သူတို့ကို ပြန်ပြီးတော့ အကြောင်းပြန်ချက်ကတော့ ကျနော်ဟာ ‘အိုနာ ကျိုးကန်းစီမံကိန်း’ထဲမှာ မပါနိုင်ဘူး။ ကျနော်က ကျန်းမာရေးလည်း ကောင်းတုန်းပဲရှိတယ်။ ကောင်းရုံတင် မဟုတ်ဘူး။ ကျနော့်ကိုယ်ကျနော် ကောင်းတယ်လို့ပဲ ထင်တယ်။ ကျနော် ဆက်ပြီး လုပ်စရာရှိတာတွေ လုပ်မယ်။ နောက်တခုက ကျနော်ဟာ အခု ‘ဖိုးအိုဝမ်း’နဲ့ပတ်သက်လို့ လက်မှတ်မထိုးဘူးဆိုတာ ကျနော် ၉ဝ ခုနှစ်ကတည်းက စပြီးတော့ ငြင်းခဲ့တယ်။ ၉၅ မှာ တခါ ကျနော် ငြင်းခဲ့တယ်။ ၉၈ မှာလည်း ကျနော် ငြင်းထားတဲ့ဟာရှိတယ်။ ကျနော် လက်မခံနိုင်ဘူး။ ဒါ ကျနော်ပြောခဲ့တယ်။
အဲဒါနဲ့ ပတ်သက်လို့ နောက်ဆုံးပတ်ကျတော့ သူတိုက ‘မထွက်လို့ မရဘူး၊ ထွက်ရမယ်’ ဆိုတော့ ကျနော်က ပြောတယ်။ ‘မထွက်လို့မရဘူး။ ထွက်မယ်ဆိုရင်” ဒါ၊ အဆင့်ဆင့်နော်၊ လူကြီးတွေလာတာ၊ ထားပါတော့၊ ရှည်နေမယ်၊ ညွှန်မှူးတွေလာတယ်၊ ဒု-ချုပ်တွေလာတယ်။ ညွှန်ချုပ်တွေလာတယ်။ လာပြီးတော့ ပြောကြတယ်။ ကျနော့်ဘက်က မထွက်နိုင်ဘူး။ မထွက်နိုင်တဲ့အတွက် ‘ခင်ဗျား လုပ်ချင်တယ်ဆိုလို့ရှိရင် ကျူပ်ကို ဆွဲထုတ်မှပဲ ရမယ်’ ဆိုတော့ သူက ဆွဲတော့ ထုတ်လို့ မရဘူး။ ‘ကျနော်တို့ မထုတ်ပါဘူး တဲ့။ ဒါပေမယ့်လို့ အန်ကယ် ဒီမှာ နေမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့တွေ ထောင်ထဲရောက်တော့မယ်။ ကျနော်တို့ကလည်း တားလို့မရဘူး။ အမိန့်က ထွက်ပဲ။’ အဲဒီတော့ ကျနော်က ပြောတယ်။ ‘ဒီနေ့ ထွက်တဲ့သတင်းထဲမှာ ပါတဲ့ ၉,ဝဝ၂ ယောက်ထဲမှာ ကျနော့်နာမည်ပါတာ ကျနော် လက်မခံနိုင်ဘူး။ ကျနော်ကတော့ မထွက်နိုင်ဘူး။ ကျနော်က ဒီတိုင်းပဲ နေမယ်။ အဲဒီတော့ ခင်ဗျားတို့ကနေပြီးတော့ ကျနော့်ကို အတင်းနှင်မယ်ဆိုရင် ကျနော် ထောင်ကအဝတ်အစားနဲ့ပဲ ထွက်မယ်။ ထောင်ကလုံချည်၊ ထောင်ကအင်္ကျီနဲ့ပဲ ကျနော်ထွက်မယ်။ ကျန်တဲ့ ကျုပ် ပစ္စည်းလည်း ကျနော် လှည့်မကြည့်ဘူး။ ကျနော် ဘာပစ္စည်းဘာညာဆိုတာလည်း မသိဘူး။ ခင်ဗျားတို့ ထည့်ချင်တာထည့် မထည့်ချင်တာလည်း မီးရှို့ပစ်ပစ်၊ ဘာလုပ်လုပ်’ ဆိုတဲ့အခါကျတော့ အဲဒါနဲ့ စကားများနေလိုက်တာ မနက် ၆ နာရီခွဲကဟာ အခု ညနေ ၄ နာရီထိုးမှ ပြီးတယ်။”
၎ နာရီထိုးကျတော့ သူတို့က ဘယ်လိုသဘောတူသွားလဲဆရာ။
“သူတို့က ဘယ်လို သဘောတူလဲဆိုတာ သူတို့က မလွတ်လို့မရဘူး။ ရှင်းရှင်းပြောရရင် ထောင်က ဆွဲ ထုတ်တယ်ပေါ့ဗျာ။”
အခု သတင်းစာထဲမှာတော့ မေတ္တာစေတနာတွေနဲ့ လွတ်လိုက်တယ်။ ဒီ good moral behaviour ဆိုပြီးတော့ သုံးကြတာပေါ့ ဆရာရယ်။ အကျင့်စာရိတ္တကောင်းမွန်တယ်၊ ရိုးသားလို့၊ အလုပ်óကိးစားလို့ လွှတ်လိုက်တယ်ဆိုတော့ အဲဒီလွတ်လိုက်တဲ့ဟာကို ဆရာက သဘောမတူဘူးပေါ့နော် - အဲလိုထုတ် ပြန်ချက်ကို။
“သဘောမတူဘူး။ ဘာလို့လဲဆိုတော့ ကျနော်က ကျနော့်ကိုယ်ကျနော် အမွှမ်းတင်ပြောတာ မဟုတ် ပါဘူး။ ခင်ဗျား - ဥပမာ ဆိုပါတော့၊ စေတနာကောင်းရှိတယ်၊ စိတ်ကောင်းသဘောကောင်းရှိတယ်၊ စည်းကမ်းရှိတယ် ဘာညာ ဆိုတာကတော့ ကျနော် ဟုတ်တယ်ဗျာ။ အဲဒါက သူတို့ပြောမှလည်း မဟုတ်ဘူး ကျနော်က ဟုတ်တာပဲ။ သို့သော် သူတို့ လွှတ်ပုံလွှတ်နည်း ကျနော်လက်မခံနိုင်ဘူး။
ကျနော့်ရဲ့ တောင်းဆိုချက်ကိုက နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ရေး၊ ‘စု-လွှတ်-တွေ့’ဆိုတာ ခင်ဗျားတို့ ကြားဖူးမှာပဲ။ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်ရေးပဲ။ ဒါပဲ။ ဒါမှတပါး ကျနော်တို့ လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒါတွေက မတရားဖမ်းထားတဲ့ဟာတွေ အများကြီးရှိတယ်။ ထောင်ထဲမှာ အခုထက်ထိ ရှိသေးတယ်။ အခုပဲ ဇာဂနာတို့ဘာတို့ အထဲမှာရောက်နေပြန်ပြီဗျာ။ ကျန်တဲ့ မင်းကိုနိုင် တို့ ဘာတို့ ရုံးတင်နေပြီဗျာ။ အများကြီးဗျာ။ မင်းကိုနိုင်တို့ဘာတို့ဆိုရင် လက်ထိပ်ခတ်မခံဘူးတို့ဘာတို့တောင်မှ ဖြစ်နေပြီ။ အလားတူပဲ နိုင်ငံရေး လူသိမများတဲ့လူတွေပဲ၊ နိုင်ငံရေးလုပ်နေတဲ့ လူငယ်တွေဘာတွေ အများကြီး ထောင်ထဲမှာ ရောက်နေတယ်ဗျ။ အဲဒီလိုအချိန်မျိုးမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်ရေးကို စနစ်တကျ စဉ်းစားတာ မဟုတ်ဘဲနဲ့ ဒီလို ရောရောင်ပေါရောင်နဲ့ ဟိုလူဒီလူနဲ့ ရောကြိတ်ပြီးတော့ ဒီလို နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လက်မှတ်ထိုးတဲ့လူတို့ဘာတို့ သုံးလေးယောက်နဲ့ ကျန်တဲ့လူ ၁ဝဝ နဲ့ ဒီလို လုပ်တာမျိုး ကျနော် လက်မခံနိုင်ဘူး။ ဒါပဲဗျ။”
အခုတော့ ဆရာကို ထောင်ကနေပြီးတော့ နှင်လွှတ်လိုက်တဲ့သဘောပေါ့နော် ဆရာ။
“ဆွဲထုတ်တဲ့သဘောပဲ။”
နှင်ထုတ်လိုက်တယ်ဆိုတော့ ဆရာက ကိုယ့်ကိုယ်ကို ထောင်ထဲမှာပဲ ကျနေဆဲလို့ပဲ ခံယူမလားဆရာ။
“ဟုတ်တယ်။ ဒီလိုပဲ ခံယူတယ်။ သူတို့ကိုလည်း ပြောပြီးပြီ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ကျနော့်ကို ထောင်ကအဝတ်အစားနဲ့ ပတ်သက်ပြီးတော့ ထောင်အဝတ်အစားတွေ ပါလာတဲ့အတွက် အရေးယူ မယ်ဆိုရင် ပြန်ဖမ်းဖို့ လွယ်လွယ်လေးရယ်။ ကျနော်အိမ်က အခု ကျနော်နေမယ့်အိမ်က ထောင်ရဲ့ တလမ်းကျော်ပဲရှိတယ်။ ထောင်ဂိတ်နဲ့က တလမ်းကျော်ပဲ။ လမ်းမကြီးတခုကို ကျော်လိုက်တာနဲ့တပြိုင်နက် ရောက်လာတာပဲ။
နောက်တခုက ကျနော် နေတာစားတာနဲ့ ပတ်သက်လို့ ကျနော်က ခင်ဗျားမေးခွန်းနဲ့ပဲ ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ကျနော်ကတော့ ဗမာပြည်ကြီးဟာ ဒီနေ့ တပြည်လုံးထောင်ကျနေတယ်လို့ ကျနော်က ယူဆတယ်။ ဒါ အခုမှ သုံးတဲ့စကားမဟုတ်ဘူး။ ဟိုး လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်ကတည်းက ဒီလိုပြောလာကြတာ။ တိုင်းပြည်မှာ လူတွေ ထောင်ကျနေတယ်။ လွတ်လပ်စွာပြောခွင့်မရဘူး။ လွတ်လပ်စွာ ဆိုခွင့် မရဘူး။ လွတ်လပ်စွာရေးသားခွင့် မရဘူး။
အခု ဒီမှာ ခင်ဗျားနဲ့ ကျနော်နဲ့ ပြောနေတဲ့ ဘာညာဆိုတာတွေက ရှင်းရှင်းပြောရရင် အစိုးရကနေပြီးတော့ လွတ်လပ်ခွင့်ပေးထားလို့ ကျနော်တို့ ပြောနေရတာ မဟုတ်ဘူး၊ တက်ကနော်လော်ဂျီ ပြောင်းလာတဲ့၊ အခု ခင်ဗျားတို့ခေတ်မှာ မိုဘိုင်းဖုန်းဘာညာဆိုတာတွေ၊ ဒီပေါ်မှာတည်ပြီးတော့ ကျနော်တို့ ပြောလို့ရနေကြတာ။ အဲဒီတော့ တိုင်းပြည်က ဘာလွတ်လပ်စရာရှိလဲ။ ခင်ဗျား စာရေးလို့ရမလား။ ခင်ဗျား လွတ်လပ်စွာ ဘာပြောလို့ရမလဲ။ ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ တပြည်လုံး ထောင်ကျနေတာ။ ဒီလို ထောင်ကျနေတော့ ကျနော်က ထောင်ထဲမှာနေတုန်းကလည်း ထောင်ထဲမှာနေသလို နေတာပဲ။ အခုလည်း ကျနော်အပြင်မှာနေတဲ့အခါ ထောင်ထဲမှာနေသလိုပဲ ကျနော်နေမှာပဲ။ သို့သော် တခုတော့ရှိတယ်။ ထောင်ထဲမှာနေသလို နေတယ်ဆိုတာက ထောင်ကိုက ကျနေတဲ့အတွက် ထောင်ထဲမှာ နေသလိုပဲ နေရမှာပဲ။ ဒါပေမယ့် ကျနော် ဒီအပြင်မှာ ရောက်လာတဲ့အခါကျတော့ ကျနော် ထောင်ကျနေတာ မဟုတ်တဲ့အတွက် ထောင်ထဲမှာနေသလိုထက်တော့ ပိုပြီးတော့ ကျနော် ကျယ်အောင်တော့နေမှာပဲ။”
အဲဒီတော့ ဆရာ အခုလိုနေရင်းနဲ့ပဲ ဆရာက ‘စု-လွှတ်-တွေ့’ဆိုတဲ့မူကို ဆက်လက်ကိုင်စွဲမှာပေါ့နော် ဆရာ။
“ဒီတိုင်းပဲကိုင်တယ်။ ဒီဟာပဲ ကျနော်တို့လုပ်တယ်။”
အဲဒီတော့ အခုလက်ရှိ ကျနော်တို့ဖြစ်နေတာက ဥပမာ၊ ကုလသမဂ္ဂ မစ္စတာဂမ်ဘာရီတို့ လာတယ်။ နောက် သူတို့က ၂ဝ၁ဝ ရွေးကောက်ပွဲကို လူအားလုံး ပါဝင်အောင် လုပ်ပါ ဆိုပြီး အစိုးရကို ပြောနေတဲ့ အပေါ်မှာကော ဆရာ ဘယ်လိုမြင်သလဲ။
“ဒီဟာတွေနဲ့ပတ်သက်လို့ ကျနော် သိပ်ပြီးတော့ ကျနော် ထင်မြင်ချက် ဝေဖန်ချက် ပေးနိုင်လောက်အောင် ကျနော် သိပ် အသေးစိတ်မသိဘူးဗျာ။ သို့သော် ကျနော်ပြောနိုင်တာတခုကတော့ သာမန်အားဖြင့် ကျနော့်ရဲ့ တဦးချင်းသဘောထားနော်၊ ဘာလို့လဲ ဆိုတော့ ကျနော်က အဖွဲ့အစည်းတွေနဲ့ ဘယ်လိုရှိတယ်ဆိုတာကတော့ ကျနော်မသိဘူး။
ကျနော့်ရဲ့ သဘောထားကတော့ တစ်က ကျနော်က ဒီ ပြီးခဲ့တဲ့ ‘အန်စီ’ (အမျိုးသားညီလာခံ)ကို ကျနော် လက်မခံဘူး။ ဘာဖြစ်လို့ လက်မခံလဲ ဆိုတဲ့အခါကျတော့ NC Concept (အမျိုးသားညီလာခံအယူအဆ၊ အမြင်သဘောထား)ကို လက်ခံတယ်၊ ကျနော်တို့ ၁၉၈၉ ခုနှစ်တုန်းက ဒေါ်စုကိုယ်တိုင် ပင်လုံကျောက်တိုင်ကို သွားတယ်၊ ကိုမိုးသူကနေပြီးတော့ ဒေါ်စုကိုယ်စား ဖတ်တယ်။ အဲဒီထဲမှာ ကျနော်တို့စာတမ်းထဲမှာ ဘာပါလဲဆိုတော့ သူတို့က ‘အန်စီ’ခေါ်မယ်ဆိုတဲ့ဟာ။ ရွေးကောက်ပွဲပြီးသွားရင် လွှတ်တော် ဘယ်သူနိုင်နိုင် - ဒါ အန်အယ်လ်ဒီမဟုတ်ဘူးနော်၊ အန်အယ်လ်ဒီက ရွေးကောက်ပွဲ ဝင်မယ် မဝင်မယ်တောင် မပြတ်သေးတဲ့အချိန် - နိုင်ငံရေး ပါတီကနေပြီးတော့ ‘အန်စီ’ တခုခေါ်မယ်လို့ ပြောတယ်။ အခုသူတို့က ခေါ်တယ်။ သူတို့ကခေါ်တဲ့ပုံစံနဲ့ ကျနော်တို့ခေါ်တဲ့ပုံစံနဲ့ မတူဘူး။ ကျနော်တို့က ပြည်သူရဲ့ ‘မန်းဒိတ်’ (အများ ထောက်ခံမှုအရ ရရှိသော လုပ်ပိုင် ခွင့်၊ အာဏာ) ကို တခါတည်း ရှိတဲ့လွှတ်တော်ကနေ ကွပ်ကဲပြီးတော့ လွှတ်တော်ရဲ့ ကြီးကြပ်မှုနဲ့ လွှတ်တော်ရဲ့ ကမကထပြုချက်နဲ့ ခေါ်မယ့် ‘အန်စီ’။ အခုဟာက စစ် ကောင်စီကနေပြီးတော့ ချပေး တဲ့ဟာ။ အောက်ကနေ လိုက်ပြောတဲ့ ‘အန်စီ’။ ဒါကြောင့် ကျနော်တို့ သဘောမတူဘူး။
ကောင်းပြီ - အဲဒီ ‘အန်စီ’ကနေ ချပေးလိုက်တဲ့ ကွန်စတီကျူးရှင်း (ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ) နဲ့ ပတ်သက်လို့ ကွန်စတီကျူးရှင်းကို ကျနော်တို့ လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့ဟာ ကျနော် အသေးစိတ်တွေ မပြောပါဘူး။ ကျနော်လည်း တချို့ဟာတွေ မသိသေးဘူးဗျာ။ ဘာလို့လဲဆိုတော့ ကျနော်လည်း အကုန်လုံး အပြည့်အစုံ မဖတ်ရဘူး။ သတင်းစာရတယ် ဆိုပေမယ့် ကျနော် လွန်ခဲ့တဲ့ တနှစ် နှစ်နှစ်ကစပြီး သတင်းစာရတယ်။ ရတာကလည်း ရတဲ့အခါ ရ၊ ကျော်တဲ့ရက် ကျော် ဆိုတဲ့အခါကျတော့ ကျနော် အသေးစိတ်မသိဘူး။
သို့သော် ကျနော်သိသလောက် ပြောရမယ်ဆိုလို့ရှိရင်တော့ အခြေခံအားဖြင့် ဒီကွန်စတီကျူးရှင်းကို ကျနော်တို့ လက်မခံနိုင်တဲ့အကြောင်းက ဘာလဲဆိုတော့ နံပါတ် ၆ လို့ ပြောတဲ့ ‘တပ်မတော် သည် အမျိုးသားနိုင်ငံရေးရဲ့ ဦးဆောင်မှုကဏ္ဍကနေပြီးတော့ ပါဝင်ရမယ်’ ဆိုတာ - ကျနော်က အဲဒါ လက်မခံနိုင်ဘူး။ ဘာလို့ လက်မခံနိုင်ဘူးဆိုတာ တပ်မတော်နဲ့ပတ်သက်လို့ ဘာမှမပြောလိုဘူး။ တပ်မတော်က ပုဂ္ဂိုလ်များကို ကျနော်က လေးစားတယ်။ ကျနော်တို့ အဖွဲ့အစည်းမှာ သည်ပင်လျှင် တပ်မတော်က ထွက်လာတဲ့ပုဂ္ဂိုလ်များက ခေါင်းဆောင်နေတာပဲ။ ဦးအောင်ရွှေဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဦးလွင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဦးတင်ဦးဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ကျနော်တို့ ဒီပုဂ္ဂိုလ်များကို လေးလေး စားစားနဲ့၊ အားကိုးတကြီးနဲ့ ကျနော်တို့ ခေါင်းဆောင်တင်ထားတာပဲ။
ဥပမာ၊ အခုရှိနေတဲ့ တပ်မတော်ထဲကနေ ထွက်လာမယ့်လူတွေ၊ ဒီလူတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှ ချိုးနှိမ်စရာ၊ ဒီလူတွေကို နှိပ်ကွပ်စရာ၊ ဒီလူတွေကို ပစ်ပယ်စရာ ဘာမှမရှိဘူး။ ဒီလူတွေနဲ့ ကျနော်တို့ တွဲလုပ်နိုင်ပါတယ်။ သို့သော် နိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍကနေ ပါမယ်ဆိုတဲ့ အမှတ် ၆ ရဲ့ ဆိုလိုချက်မျိုး။ အဲဒါ ဘာမှာ သွားပြလဲဆိုတော့ လွှတ်တော်ထဲမှာ သုံးပုံတပုံပါမယ်ဆိုတာမျိုး။ အဲဒါမျိုးကျတော့ ကျနော်တို့ လက်မခံနိုင်ဘူး။
ထွက်လာရင် လာပါ။ ဥပမာဆိုပါစို့၊ ဗိုလ်ချူပ်မှူးကြီးသန်းရွှေပဲ ထွက်လာမလား။ ဗိုလ်ချုပ်မှူးကြီးမောင်အေးပဲ ထွက်လာမလား၊ ဗိုလ်ချုပ်ကြီးရွှေမန်းပဲ ထွက်လာမလား၊ လာခဲ့ပါ။ ကျနော်တို့ထဲမှာ ဝင်လုပ်ကြမလား။ သို့မဟုတ် ကျနော်တို့နဲ့မဆိုင်တဲ့ အခြားသော ဒီမိုကရေစီအဖွဲ့အစည်းများမှာ လုပ်မလား။
အားလုံးကို ကျနော်တို့ ကြိုပါတယ်။ ကျနော်တို့ထဲမှာ ဝင်လုပ်လို့ ကျနော်တို့ထဲမှာ အယူအဆကောင်းတွေ၊ လုပ်ငန်းကောင်းတွေကို ရှိတဲ့အတွက် ခေါင်းဆောင်တင်ရမယ်ဆိုရင်လည်း ကျနော်တို့ ဝန်မလေးပါဘူး။ တက်လုပ်ပေါ့။ အားလုံးက၊ အများက သဘောတူရင် ကျနော်တို့ထဲမှာ ခေါင်းဆောင်လုပ်ဖို့လည်း ဝန်မလေးပါဘူး။
ဦးအောင်ရွှေ ခေါင်းဆောင်လုပ်နေလည်း ကျနော်တို့ ထောက်ခံတာပဲ။ ဘာလို့လဲဆိုတော့ အများက လက်ခံထားတယ်ဆိုရင် လုပ်ပါ။ ဥပမာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျနော်တို့ဆီ ထွက်လာပြီးတော့ အန်အယ်ဒီမှာ လာလုပ်မယ်ဆိုလည်း လုပ်ပါ။ လက်ခံတာမခံတာက ကျနော်တို့ ပြောလို့မရဘူးလေ။ ကျနော်တယောက်တည်း မဲပေးလို့ရတဲ့ကိစ္စမှ မဟုတ်ဘဲကို။
သို့သော် တပ်မတော်ကို ကျနော်တို့ လူပုဂ္ဂိုလ်အရ ဘာမှ ပစ်ပယ်ခြင်း၊ ကန့်ကွက်ခြင်းလုပ်တာ မဟုတ်ပေမယ့်လို့ တပ်မတော်က အာဏာကို ခွဲဝေတဲ့ဟာမျိုး၊ လွှတ်တော်ကိုဝင်ပြီးတော့ ပြည်သူ့ရဲ့ဆန္ဒ အထက်ကနေပြီးတော့၊ ပြည်သူ့ရဲ့သဘောထား အထက်ကနေပြီးတော့ နေတဲ့ဟာမျိုး ကျနော်တို့ လက်မခံနိုင်ဘူး။
အဲဒါကြောင့် ကျန်နေတဲ့ဟာတွေ ဘေးချိတ်ထား။ အသေးစိတ်လေးတွေ ကျနော် မပြောနိုင်သေးဘူး။ ကျနော် မသိတာတွေလည်း ပါတယ်။ ကျနော်ကိုယ်တိုင် နားမလည်တာတွေ ပါတယ်။ ကျနော်ကိုယ်တိုင် အဆက်အစပ် မရတာတွေ ပါတယ်။ ကျနော့်ကို ရှင်းပြရမယ့်ဟာတွေ ရှိတယ်။ သို့သော် ဒီနံပါတ် ၆ ကိုတော့ ကျနော် လက်မခံနိုင်ဘူး။
ဒီနံပါတ် ၆ ကို လက်မခံနိုင်တဲ့အတွက် ဒီကွန်စတီကျူးရှင်းကို လက်မခံနိုင်ဘူး။ ‘အန်စီ’ကို လက်မခံနိုင်ဘူး။ ကွန်စတီကျူးရှင်းကို လက်မခံနိုင်ဘူး။ ကောင်းပြီ၊ အဲဒီထဲကနေထွက်လာမယ့် ရွေးကောက်ပွဲကိုရော ဆိုတော့ ရွေးကောက်ပွဲလည်း ကျနော် လက်မခံနိုင်ဘူး။ ဒါပဲ ကျနော် ထပ်ပြောရမယ်။ ဘာလို့ ရွေးကောက်ပွဲကို လက်မခံလဲဆိုတော့ ရွေးကောက်ပွဲဆိုတာကလည်း ဘယ်ကနေ ထွက်လာမယ့်ဟာလဲ ဆိုတော့ ဒီ ကွန်စတီကျူးရှင်းထဲကနေ ချိုးဖဲ့ပြီးတော့၊ ဟိုစည်းကမ်း၊ ဒီစည်းကမ်းဆိုတဲ့ ဟာတွေနဲ့ လုပ်ပြီးတော့၊ ရွေးကောက်ပွဲဥပဒေဆိုတာတွေ ဆွဲပြီးတော့ ဒါနဲ့လုပ်မှာ။ ခင်ဗျားတို့ ဖတ်ကြည့်ရင်တော့ သိမှာပဲ။ ကျနော် အသေးစိတ်တွေ မသိတဲ့အတွက် ကျနော် မပြောချင်ဘူး။ သို့သော် ဘာမှ ကျေနပ်ဖွယ်တော့ မရှိဘူးလို့ ကျနော်က အဲလိုပဲ ထင်ပါတယ်။”
RFA interview 01
သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် နိုင်ငံရေး အကျဉ်းသား အချို့ ပြန်လွတ်ပြီ
RFA 2008-09-23
မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၉ဝဝ၂ ဦးကို မြန်မာ စစ်အစိုးရက ပြန်လွှတ်ရာမှာ သတင်းစာဆရာကြီး ဦးဝင်းတင်အပါအဝင် နှစ်ရှည် နိုင်ငံရေး အကျဉ်းသား အနည်းငယ် ပါဝင်ပါတယ်။ အခုလို အကျဉ်းသားတွေကို ပြန်လွှတ်တာဟာ လူမှုရေး စာနာထောက်ထားမှုအပြင် ဒေသအကျိုးနဲ့ ၂ဝ၁ဝ ပြည့်နှစ်မှာ ကျင်းပမဲ့ တရားမျှတဲ့ ရွေးကောက်ပွဲမှာ ပါဝင် ထမ်းရွက်ဖို့ ရည်ရွယ်တယ်လို့ စစ်အစိုးရ အာဘော် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒီလိုပြန်လွှတ်တဲ့ အကျဉ်းသားတွေထဲမှာ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် သတင်းစာဆရာကြီး ဦးဝင်းတင်လည်း ပါဝင်ပါတယ်။ အကျဉ်းထောင်က လွတ်လာလာချင်း ထောင်ဝတ်စုံနဲ့ပဲ ရှိနေသေးတဲ့ ဆရာကြီး ဦးဝင်းတင်က သူ့အနေနဲ့ ဒီမိုကရေစီရတဲ့အထိ နိုင်ငံရေးကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ RFAကို ပြောပါတယ်။
ဦးဝင်းတင်။ ။ 'ကျွန်တော်ကတော့ နိုင်ငံရေးသမားပဲဗျ၊ နိုင်ငံရေး ဆက်လုပ်ရမှာပေါ့။ NLDရဲ့ လက်ရှိအခြေအနေ၊ ရပ်တည်ချက်ရော၊ ဘာရောညာရော ကျွန်တော် သဘောကျနေတယ်။ အဲဒီတော့၊ ကျွန်တော် NLDနဲ့ပဲ လုပ်မှာပဲ၊ ကျွန်တော်တို့ လုပ်မှာကတော့ နိုင်ငံရေး နည်းနဲ့ လုပ်မှာပဲ။ သို့သော် အဲဒီထဲကနေ နိုင်ငံရေးလုပ်တဲ့ဟာက ဒါ အကြမ်းဖက်မှုကို အားပေးတယ်တို့၊ မပေးတယ်တို့ စွဲချက်တွေကတော့ အမျိုးမျိုး ဖြစ်နိုင်တာ။
'ကျွန်တော်ပြောချင်တာကတော့ ကျွန်တော် နိုင်ငံရေးပဲ ဆက်လုပ်မယ်၊ ကျရာနေရာက လုပ်မယ်။ ပေးရာ တာဝန်ကလုပ်မယ်။ '
ထောင်ထဲမှာ ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရတဲ့ ဦးဝင်းတင်က လက်ရှိ စစ်အစိုးရရဲ့ အမျိုးသား ညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်းအခုလို ပြောပါတယ်။
ဦးဝင်းတင်။ ။ 'ဒါပေမဲ့ ဘာပဲ ပြောပြော၊ အမျိုးသား ညီလာခံဆိုတဲ့ concept (အယူအဆ) ကို ကျွန်တော်တို့ မပစ်ပယ်ပါဘူး။ NLDကနေ ဆုံးဖြတ်ထားတဲ့ အယူအဆတခုပဲ။ နောက် အမျိုးသားညီလာခံကနေပြီးတော့ constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ)တခု ရေးဆွဲမယ်ဆိုတာနဲ့ ပတ်သက်တဲ့ အယူအဆကိုလည်း ကျွန်တော်တို့ ဘာမှ မဆန့်ကျင်ဘူး။ ဘာမှ မကန့်ကွက်ဖူး။ ဒါ ကျွန်တော်တို့ တင်ထားတဲ့ဟာပဲ။ တခုပဲ ရှိတာက ဒီအမျိုးသားညီလာခံမှာ ဒီ constitutionကို ဘယ်သူတွေကနေ လုပ်သလဲ။ ဘယ်သူတွေက ချပေးသလဲ။ '
ဒီကနေ့မှာ ထောင်အသီးသီးက လွှတ်ခဲ့တဲ့ အကျဉ်းသားစာရင်းမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား ၆ ဦးပါဝင်ပါတယ်။ ဆရာကြီးဦးဝင်းတင်အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒေါက်တာ မေဝင်းမြင့်၊ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနဲ့ ဦးအောင်စိုးမြင့်၊ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ယူခဲ့တဲ့ ဦးဝင်းထိန်တို့ ပါဝင်တယ်လို့ သူတို့ မိသားစုတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း တွေဆီက တဆင့်သိရပါတယ်။
အလားတူပဲ ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သပိတ်ကျင်း လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းလည်း ပြန်လွတ်လာတယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် မဇ္ဈိမသတင်းဌာနက ဖော်ပြထားပါတယ်။
BBC interview 01
“အင်န်အယ်လ်ဒီရဲ့ ရပ်တည်ချက် ကောင်းတယ်၊ မှန်တယ်”
၁၉ နှစ်ကျော် အကျဉ်းကျခဲ့သူ ဦးဝင်းတင် နှင့် ဆက်သွယ်မေးမြန်းခြင်း
ဘီဘီစီ (မြန်မာဌာန)
စက်တင်ဘာ ၂၄၊ ၂၀၀၈
ဦးဝင်းတင် - ကျနော်အခုလွတ်လာတယ် နော်၊ အခုလွတ်တယ်ဆိုတာ ၄ နာရီလောက်က လွတ်တယ်ပေါ့ဗျာ။ အိမ်ကိုရောက်လာတယ်။ ထောင်ကို ဆန္ဒပြပြီးတော့ မကျေနပ်ကြောင်းကို ပြောပြီးတော့ ကျနော် လွတ်လာခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့ လွတ်လာတာလဲဆိုတော့ သူတို့က ကျနော့်ကို လွှတ်တာဟာ ဒီနေ့လွှတ်တဲ့ဟာက ၄၀၁ နဲ့ လွှတ်တယ်ဆိုပြီးတော့ လာပြောတယ်။ ၄၀၁ ဆိုတာက လက်မှတ်ထိုးရတယ်ဗျာ ဟုတ်လား။ လက်မှတ် ထိုးရမယ်။ နောက်ပြီးတော့ နိုင်ငံရေးတို့ အစိုးရဆန့်ကျင်ရေးတို့ ဘာတို့ မလုပ်ပါဘူး၊ လုပ်ရင် ထောင်ကျခံပါ့မယ် ဆိုတဲ့ဟာကို ပြောတယ်။ ကျနော် ဒါကို လက်မခံဘူးလို့ ပြောတယ်။ ကျနော် ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ထောင်အ၀တ်အစားပဲ ကျနော်ဝတ်မယ်၊ ဘာမှ မ၀တ်နိုင်ဘူး။ ကျနော် ကန့်ကွက်ဆန္ဒပြတဲ့ပုံသဏ္ဌာန်နဲ့ ထွက်လာခြင်းကို သူတို့ လက်ခံပါတယ်။ သို့သော် သူတို့ အိမ်တော့ပြန်ပို့ပါရစေ၊ ထောင်ကတော့ ထွက်ပါ ... ... ။
ဘီဘီစီ- အခုနောက်ဆုံး သူတို့ဘယ်ပုံစံနဲ့ ပြန်လွှတ်လိုက်လဲခင်ဗျ။
ဦးဝင်းတင် - လက်မှတ်လည်းမထိုးဘူး။ ကျနော့် ဘက်က လက်လည်းမခံဘူး။ ခင်ဗျားတို့ ပြောတာလည်း ကျနော်ကြားတယ်လို့ မယူဆဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်ကို အစည်းဝေးခန်းထဲကို ခေါ်လာပြီးတော့ သူက ဖတ်ပြသေးတယ်၊ အဲဒီ ၄၀၁ ကို။ ကျနော်ပြောတယ် လက်မခံဘူး ... ...။
အိမ်တိုင်ယာရောက်လာပို့တာပေါ့ အခု။
အိမ်တိုင်ယာရောက်လာပို့တယ်။ ကျနော် ကန့်ကွက် ဆန္ဒပြတဲ့ အနေနဲ့ ထောင်အ၀တ်အစားနဲ့ ကျနော် ထွက်လာတယ်။ ကျနော် အခုဝတ်ထားတာ ခင်ဗျားနဲ့ စကားပြောနေတဲ့အချိန် ၀တ်ထားတာ ထောင်အ၀တ်အစားပဲ ၀တ်တယ်။
လောလောဆယ် ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လို ရှိပါသလဲခင်ဗျ။
ကျန်းမာရေးအခြေအနေက ကောင်းတယ်ခင်ဗျ။
ဦးဝင်းတင်အနေနဲ့ ဘာတွေ ဆက်လုပ်မယ်၊ ဘယ်လိုပုံစံနဲ့ လုပ်မယ် ဆိုတာကိုရော ဆုံးဖြတ်ချက် ချထားပြီးပြီလားခင်ဗျ။
ကျနော်က လုပ်မယ်ဆိုတာတော့ ဆုံးဖြတ်ချက်ချတယ်။ ဘယ်ပုံစံနဲ့ လုပ်မယ်ဆိုတာကတော့ ကျနော် မသိဘူးခင်ဗျ၊ မသိဘူးဆိုတာက ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ဘယ်လိုပုံစံနဲ့ ရှိနေမှန်း၊ ဘယ်လို ရှိနေမှန်း ကျနော်မသိဘူး၊ ကျနော်နဲ့ အင်န်အယ်လ်ဒီနဲ့လည်း ဘာအဆက်အသွယ်မှ ဒီအတောအတွင်းမှာ နှစ်ပေါင်းများစွာ အတွင်းမှာ မရှိခဲ့ဘူး။ ကျနော်ပြောနိုင်တာ တခုကတော့ အင်န်အယ်လ်ဒီ လုပ်နေတာဟာ ဒီနောက်ပိုင်းမှာ အထူးသဖြင့် အခုအပိုင်းမှာ ရပ်တည်ချက်ဟာ ကောင်းတယ်၊ မှန်တယ်၊ ဟုတ်လား။ နောက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်လို့ ယူဆတဲ့အတွက် ကျနော် အင်န်အယ်လ်ဒီနဲ့တွဲလုပ်ဖို့ အင်န်အယ်လ်ဒီကနေ တာဝန်ပေးရင် အင်န်အယ်လ်ဒီက ခိုင်းရင်လည်း ကျနော်လုပ်ဖို့ အဆင်သင့်ပဲ ကျနော် ရှိတယ်လို့ ကျနော်က ဒီလိုပဲ ယူဆတယ်။
အခု အပြင်ကနိုင်ငံရေးအခြေအနေတွေ အားလုံးကိုရော ထောင်တွင်းမှာ ကြားရ သိရတာ ရှိပါသလားခင်ဗျ။
မရှိဘူးခင်ဗျ။ ကျနော် တယောက်တည်းနေရတာ နှစ်ပေါင်း ၂၀ က တယောက်တည်းပဲ ထားတာပဲခင်ဗျ။ ကျနော် နိုင်ငံရေးသမားတွေနဲ့ မနေရဘူး၊ ကျနော် တယောက်တည်းပဲ ပိတ်ထားတာ။ အဲတော့ ကျနော်ဘာမှ နိုင်ငံရေးဆွေးနွေးခြင်းတို့ ပြောဆိုခြင်းတို့ မရှိဘူး ခင်ဗျ။ ကျနော် ထောင်နဲ့ ပတ်သက်ပြီးတော့ ဟိုး ညွှန်ချုပ်တွေ သို့မဟုတ်ရင်လည်း သူ့ထက်ကြီးတဲ့ ဒီ အစိုးရနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို ပုဂ္ဂိုလ်မျိုးကစပြီးတော့ ကျနော်တို့ဒီမှာ ထောင်ဝါဒါ အထိ ဘာမှ အာဃာတ သော်လည်းကောင်း၊ စိတ်ထဲမှာ မကျေလည်တာတို့ မကြည်လင်တာတို့ မကျေနပ်တာတို့ မကောင်းတာတို့ မြင်တာတို့ မရှိဘူး။ ဘာမှမရှိဘူး။ ကျနော်တို့မကြိုက်တာကတော့ စစ်အာဏာ ယန္တယားကြီး၊ စစ်အာဏာယန္တယားကြီး။ တိုင်းပြည်ကို နှိပ်စက်နေတာ စစ်အာဏာယန္တယားကြီး။ ဒီမိုကရေစီ အတုအယောင်တွေ ပေးပြီးတော့ လူတွေကို လှည့်နေတာတွေ။ တိုင်းပြည်မှာ အမျိုးစုံ ငွေတွေ၊ ကော်ရက်ရှင် (corruption)တွေနဲ့ အမျိုးစုံဝင်ပြီးတော့ ပျက်စီးနေတာတွေ။ တိုင်းပြည်မှာ လူတွေ ဥပမာဆိုပါတော့ ခုနပြောတဲ့ ထမင်း မ၀တာတို့ ဟင်းမ၀တာတို့ စာမသင်ရတာတို့ လူတွေ ဘ၀တွေပျက်နေရတာ ဒါတွေအကုန်လုံးဟာ စစ်အာဏာယန္တယားကြီး ရှိနေလို့။ ကျနော် စစ်အာဏာရှင်တို့ ဘာတို့ မပြောပါဘူး၊ စစ်အာဏာယန္တယားကို ဖျက်သိမ်းပါ၊ ဖျက်သိမ်းပြီးတော့ တိုင်းပြည်မှာ ဒီမိုကရေစီ ပြည့်စုံနိုင်သမျှ ပြည့်စုံတဲ့ ဒီမိုကရေစီ၊ စစ်မှန်နိုင်သမျှ စစ်မှန်တဲ့ ဒီမိုကရေစီ အဲဒါကို ပေးအောင်လုပ်ပါလို့ ကျနော်ပြောချင်ပါတယ်ဗျာ။ ဆက်လုပ်စရာလေး ကျနော်လုပ်ပါ့မယ်၊ လုပ်တဲ့နေရာမှာ ကျနော့်ကို ၀ိုင်းပြီးတော့ ကူကြပါ။ ကျနော့်ကို ဆုံးမကြပါ။ ကျနော့်ကို ဝေဖန်ကြပါ။ ကျနော့်ကို အကြံပေးကြပါ။ လက်တွဲနိုင်တဲ့သူတွေ တွဲကြပါလို့ ကျနော်ပြောချင်ပါတယ်။ ဒါပါပဲဗျာ။
(မူရင်း - ဘီဘီစီ၊ မြန်မာဌာန၊ စက်တင်ဘာ ၂၃၊ ၂၀၀၈)
VOA interview 01
သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ
ဦးအောင်လွင်ဦး၊ ဗွီအိုအေ မြန်မာဌာန
စက်တင်ဘာ ၂၃၊ ၂၀၀၈
မြန်မာစစ်အစိုးရက အာဏာပိုင်တွေက ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို နိုင်ငံတ၀ှမ်းမှာရှိတဲ့ထောင်တွေကနေ လွှတ်ပေးရာမှာ အသက် ၇၈နှစ်အရွယ် ထင်ရှားတဲ့ သတင်းစာဆရာကြီးဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား တချို့လည်း ပါဝင်ခဲ့ပါတယ်။
မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့ တည်ဆဲဥပဒေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို နိုင်ငံတော်သစ် ထူထောင်ရာမှာ အကျိုးပြုမယ့် နိုင်ငံသားတွေ ဖြစ်လာစေဖို့ရည်ရွယ်ပြီး အကျဉ်းသား စုစုပေါင်း ၉,၀၀၂ ယောက်ကို အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာလို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလိုပုံစံမျိုးနဲ့ လွှတ်ပေးတာမျိုးကို လက်မခံ ဆန့်ကျင်တဲ့ကြားကပဲ သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဒီကနေ့ ရန်ကုန် အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး မိတ်ဆွေတယောက်အိမ်မှာရောက်နေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဝင်းတင်က အခုလိုစပြောပါတယ်။
"ကျနော် ၀မ်းလည်းမနည်းဘူး၊ ပီတိလည်းမဖြစ်ဘူး၊ ၀မ်းလည်းမသာဘူး။ ကျနော်လုပ်စရာရှိတာလုပ်ဖို့ ထွက်လာတာ။ ထွက်တဲ့အခါမှာလည်း ကန့်ကွက်ဆန္ဒပြပြီးထွက်လာတာ။ ဘာဖြစ်လို့လဲဆိုတော့ အခု ၄၀၁ နဲ့လွှတ်တဲ့ လူ ၉,၀၀၂ ယောက်ထဲမှာကျနော့်ကိုထည့်ပြီးလွှတ်တာ ကျနော် လက်မခံဘူး။ ဒါနဲ့ပတ်သက်လို့ ကျနော် လုံးဝလက်မခံဘူး။ လက်မှတ်ထိုးခြင်းသော်လည်းကောင်း၊ ဒါ အခုမှမဟုတ်ဘူး၊ ၉၀ ခုနှစ်ကတည်းက လက်မခံတဲ့ အလုပ်ပဲ။
"တလျှောက်လုံး ကျနော် ဒါတွေကို လက်မခံတဲ့အတွက် ကျနော့်ကို ခင်ဗျားတို့ထောင်ထဲကနေ ဆွဲထုတ်၊ ကျနော်ကတော့ မထွက်ဘူး။ အဲတော့ ခင်ဗျား ဒီလို မထွက်ဘဲတော့ နေလို့မရဘူးတဲ့၊ ထွက်ရမယ်ထင်တယ်တဲ့။ မထွက်ရင် ကျနော်လည်းပြုတ်မယ်တဲ့၊ ဒု-ချုပ်က။ ကျနော့်ကို ညွှန်ချုပ်ရော၊ ဒု-ချုပ်ရော၊ ထောင်မှူးတွေရောအကြိမ်ကြိမ်လာပြီး ဆွေးနွေးတယ်။ အဲတော့ ကျနော်က ခင်ဗျားတို့ လုပ်ချင်တာလုပ်၊ကျနော်ကတော့ ထောင်အ၀တ်အစားနဲ့ပဲ ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ထွက်မယ်။ဆိုတော့ ဒီထောင်အ၀တ်အစားက အစိုးရပစ္စည်းဖြစ်နေတယ်တဲ့။ အစိုးရပစ္စည်းဖြစ်နေတယ်ဆိုရင် ခင်ဗျားတို့ ဆွဲချွတ်ယူလိုက်ကြ၊ ကျနော် ကိုယ်တုံးလုံးကျွတ်ပဲ ထွက်သွားမယ်ဆိုတော့ အဲလိုတော့ မလုပ်ပါနဲ့ဆိုပြီး နောက်ဆုံးပိတ်လည်းကျရော ထွက်လာတယ်။
"အခု ကျနော် ဘာပစ္စည်းတွေ ပါတယ်၊ မပါဘူး ကျနော်မသိဘူး။ သူများဆီက ငှားဖတ်တဲ့ စာအုပ်ကအစ၊ အပြင်ကနေပေးတဲ့ စာအုပ်ကအစ ဘာမှကို လှည့်မကြည့်ဘူး။ကျနော့်ပစ္စည်း ဒါဟုတ်တယ်၊ ကျနော်မပြောဘူး။ အခန်းအပြင်ထွက်ပြီး ကျနော်ထိုင်နေတယ်။ ပြီးတော့ သူတို့လုပ်ပြီး ကျနော့်ကို ပို့တာပဲ။ အခုဝတ်ထားတာ အင်္ကျီအပြာ၊လုံချည်အပြာ၊ ထောင်အ၀တ်အစားနဲ့နေတာ။
"အဲတော့ ကျနော့်မှာ ၀မ်းသာခြင်းသော်လည်းကောင်း၊ ၀မ်းနည်းခြင်းသော်လည်းကောင်း မရှိဘူး။ ကျနော်က ဒီလူတွေအပေါ်မှာ စိတ်ဆိုးခြင်း၊ အာဃာတထားခြင်းလည်း မရှိဘူး။ တခုပဲရှိတာ၊ ကျနော် ဒီဟာနဲ့ပတ်သက်လို့တော့ ကျနော့်မှာ ဆန္ဒပြတဲ့သဘော၊ ကန့်ကွက်တဲ့သဘော အဲဒါတော့ ခံစားချက်အနေနဲ့ ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။"
နောက်တခုက ဆရာ အရင်တခေါက်တုန်းကလည်း လွတ်တော့မလို၊ လွတ်တော့မလိုဖြစ်ပြီးတော့ ထောင်ဘူးဝရောက်မှ ပြန်သွင်းသွားတယ်ဆိုတာ ဒီလိုအခြေအနေမျိုးကြုံခဲ့ရလို့ပဲလား ဆရာ။
"အဲဒီဟာကတော့ အခုလိုမဟုတ်ဘူးခင်ဗျ။ အဲဒါကြတော့ ကျနော်က ဘာမှမပြောဘူး။အဲဒီအချိန်တုန်းက ကျနော် မကန့်ကွက်ဘဲ သူတို့လာခေါ်တဲ့အတိုင်း လိုက်သွားတယ်။လိုက်သွားတဲ့အကြောင်းက ကျနော်က အနှစ် ၂၀ ကျတာ။ အနှစ် ၂၀ ကျရင် ထောင်ရဲ့ထုံးစံ လျှော့ရက်ရှိတယ်၊ ချုပ်ရက်ရှိတယ်၊ ကျခံတဲ့ရက်တွေရှိတယ်။ အဲဒါတွေလုပ်ရင်၎ နှစ်ကျော်ကျော် ရတယ်။ အဲတော့ ထောင်အနှစ် ၂၀ သမားက ၁၆ နှစ်လောက်ဆိုလွတ်တယ်ဆိုတော့ ကျနော်ကလည်း ကျနော့်ကို ၁၆ နှစ်ပြည့်လို့ လွှတ်တယ်ထင်လို့ဒီတိုင်းလိုက်သွားတယ်။
"ဒါပေမယ့် ဟိုရောက်တဲ့အခါကျတော့ ညွန်ချုပ်က ပထမ မိန့်ခွန်းပြောတယ်။ ကျနော်တယောက်တည်းကို နာမည်ထုတ်ပြောတယ်။ ဦးဝင်းတင်ရဲ့စာတွေ ဖတ်ဖူးတယ်၊ဘာညာ ထည့်ပြောတယ်။ ပြီးတော့ ၀န်ကြီးလာလိမ့်မယ်၊ လူ ၁၀ ယောက် နေခဲ့ပါဆိုပြီးယောက်ျား ၈ ယောက်၊ အမျိုးသမီး ၂ ယောက် ထားခဲ့တယ်။ ပြီးတော့ ထမင်းကျွေးတယ်။ ပြီးလည်းပြီးရော ကျနော့်ကို ခဏလိုက်ခဲ့ပါဦးလို့ ခေါ်သွားပြီး အဆောင်ပြန်ပို့လိုက်တယ်။
"အဲဒီအချိန်တုန်းကတော့ ကျနော်က ကန့်ကွက်ဖို့တို့ ဘာတို့ မရှိဘူးလေ။ ကျနော့်ကိုလွတ်တဲ့ရက်နဲ့ ပုံသဏ္ဌာန်အတိုင်း ၁၆ နှစ်ပြည့်တဲ့အတွက် လွတ်တဲ့ရောက်တော့ရောက်နေပြီ။ အဲဒါက ၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ဗျ။ ကျနော်ဝင်တာက ၃ ရက်နေ့ဆိုတော့ စုစုပေါင်း ၁၆ နှစ်နဲ့ သုံးလေးရက်လောက် ပိုတယ်ဆိုတော့ အဲဒါကြောင့်ကျနော် လိုက်သွားတာ။ ဟိုကျတော့ သူတို့ကလည်း မလွှတ်ဘဲနဲ့ ပြန်ထည့်လိုက်တယ်။
"အခု ဒီအပတ်ကျတော့ ကျနော့်ကိုလွှတ်မယ်ဆိုရင် လွှတ်ကိုလွှတ်ရတော့မှာ။ မလွှတ်လို့ကို မရဘူး။ ကျနော်ကမေးတယ်၊ ခင်ဗျားတို့ ဘယ်သူက ဖမ်းတာလဲ၊ အစိုးရအဖွဲ့လား၊၀န်ကြီးလား၊ ဒီလူတွေမှာ တာဝန်ရှိတယ်၊ ဘယ်သူက တာဝန်ယူမှာလဲ။ ခင်ဗျားတို့တွေကျနော့်ကို မတရားချုပ်ထားတာ။ ကျနော် တရားစွဲမယ်ဆို စွဲလို့ရတယ်။ ဒါပဲဗျ။ အဲဒါကိုကျနော်ကန့်ကွက်တာ။"
သူတို့က ဒီနေ့သတင်းစာမှာ အကျဉ်းသား ၉,၀၀၂ ဦးကိုလွှတ်မယ်တဲ့၊ ပြစ်ဒဏ်ကျခံနေရာက လွတ်ငြိမ်းသက်သာခွင့်ပေးတာဆိုပြီး ပြောပါတယ်။ ဆရာတို့ကျတော့ ဒါလွတ်ငြိမ်းသက်သာခွင့်လို့ ပြောနိုင်ပါ့မလား။
"အဲဒါကြောင့် လွတ်ငြိမ်းသက်သာခွင့်ဆိုတာကို ကျနော်က လက်မခံဘူး။ ကျနော်တလျှောက်လုံးကိုင်စွဲလာတာ တစ်၊ ဒေါ်စုအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပါ။ နှစ်၊ ကျနော်တို့ခံစားခွင့်အရ လက်မှတ်ထိုးတာတို့ ဘာတို့ လုံးဝမလုပ်နိုင်ဘူး။ နိုင်ငံရေးအကျဉ်းသားပဲ၊ ခင်ဗျားတို့ ထည့်ချင်သလောက်ထည့်ထား။ အဲဒီအတွက်ဒီနေ့ သတင်းစာထဲမှာပါတဲ့ စကားလုံးက လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘူးဗျ။ထောင်ကျခံခြင်းမှ ရပ်စဲလိုက်တယ်ဆိုတဲ့ဟာ။
"သူတို့ကတောင် ပြောတယ်၊ အန်ကယ် အဲဒါတွေ သိပ်ပြောမနေပါနဲ့တဲ့။ အန်ကယ်ထောင်က မထွက်ဘူးသာပြောနေတယ်။ ဒါ ရပ်စဲသွားရင် ထောင်က ထွက်သွားတာနဲ့အတူတူပဲပေါ့တဲ့။ အဲတော့ ကျနော်က မဟုတ်ဘူးဗျလို့၊ ထောင်ကထွက်သွားတဲ့အတွက်ရပ်စဲတယ်ဆိုတာကို ကျနော်လက်မခံဘူး။ ကျနော်က ခင်ဗျားတို့ ရပ်စဲပေးမှကိုထောင်ကထွက်မယ်၊ အဲဒါပဲ။ မတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဆိုအရတော့ထောင်ကလွှတ်ပေးတယ်ဆို ထွက်၊ ဘူးရှေ့ကနေထွက်သွား။ အဲဒါဆိုရင် ထောင်ကျခံခြင်း ရပ်စဲသွားတာပေါ့။ ကျနော်က လက်မခံဘူး။ ခင်ဗျားတို့ ရပ်စဲရမယ်။ ရပ်စဲမှသာလျှင် ကျနော် ထောင်ကထွက်နိုင်မယ်။
"အဲဒါကို ကန့်ကွက်တဲ့၊ ဆန္ဒပြတဲ့အနေနဲ့၊ ကျနော် ထောင်ဘူးဝထဲမှာ စတွေ့တဲ့သတင်းထောက်ကိုလည်း ပြောခဲ့တယ်။ ကျနော် များများပြောစရာမရှိဘူး၊ ကျနော်မကျေနပ်ဘူး။ အဲတော့ ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ ဒီအ၀တ်အစားနဲ့ ထွက်လာတယ်လို့ ပြောခဲ့တယ်။ ဒါပဲဗျ။"
အခုတော့ ဆရာ ပြန်လွတ်လာပြီဆိုတော့ ရှေ့လျှောက် ဘာတွေလုပ်ဖို့ စဉ်းစားထားလဲဆရာ။
"ရှေ့လျှောက်ကတော့ လုပ်မှာပဲဗျ။ လုပ်ရမှာပဲ။ ဒီမိုကရေစီအတွက် လုပ်ရမှာပဲ။ဘယ်လောက်လုပ်နိုင်မယ်၊ ဘယ်လောက်လုပ်တတ်သလဲ၊ ဘယ်လောက်လုပ်ဖို့ အစွမ်းအစရှိသလဲ၊ ဒါ ကျနော် မသိဘူး၊ ပြောလို့မရဘူး။ ကျနော်တယောက်တည်း ပြောလို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ တယောက်တည်းလုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ အဖွဲ့အစည်းနဲ့၊ ဖြစ်နိုင်ရင် အစုနဲ့ အပေါင်းနဲ့ ဒီလိုလုပ်ရတဲ့ဟာ။
"အဲတော့ ကျနော် ဘယ်လောက်လုပ်နိုင်မယ်ဆိုတာ ကျနော်မသိဘူး။ ကျနော့်ကျန်းမာရေးအခြေအနေ ဘာညာလည်း ကျနော်မသိဘူး။ သို့သော် ကျနော် ဒါတွေအကုန်လုံးကို မေ့ထားလိုက်ပြီး ပြောချင်တာတခုကတော့ ကျနော်လုပ်စရာရှိတာတွေဆက်လုပ်သွားဦးမယ်။ အဲလို လုပ်စရာရှိတာတွေ ဆက်လုပ်တဲ့နေရာမှာ ကျနော့်ကိုဝိုင်းပြီးကူကြပါ၊ ကျနော်နဲ့ လက်တွဲကြပါ၊ ကျနော့်ကို ဆုံးမကြပါ၊ ကျနော့်ကို ဝေဖန်ကြပါ၊ကျနော့်ကို လမ်းညွန်ကြပါ၊ ဒါပဲ ကျနော်ပြောချင်တယ်။
"အဲလို တွဲလုပ်မယ့်လူတွေဟာ အန်န်အယ်လ်ဒီလို အဖွဲ့အစည်းဖြစ်မလား၊ ဒါ ကျနော်မသိဘူး။ အလားတူပဲ ရဲဘော်တွေ၊ မိတ်ဆွေတွေနဲ့ အပေါင်းအစုဖြစ်မလား၊ ဒါလည်းကျနော် မသိဘူး။ သို့သော် ကျနော်ကတော့ လုပ်မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။ လုပ်မှာပဲ၊ဘယ်လောက်လုပ်မလဲ၊ ဘယ်လိုလုပ်မလဲ။ ဒါတွေကတော့ တဖြည်းဖြည်း ပေါ်လာမှာပေါ့။
"ဘာဖြစ်လို့လဲဆိုတော့ ကျနော် တယောက်တည်းနေရတာ နှစ်ပေါင်း ၂၀ ရှိနေပြီ။စာဖတ်ရတာလည်း လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ကမှ စာဖတ်ရတာ။ ဟိုတုန်းက ဘာစာမှကိုမဖတ်ရဘူးဗျ။ ကျနော် ဒီလိုပဲ၊ မြေနီခဲလေးဘာလေးတွေ့ရင် နံရံမှာရေး၊ စာကျက်၊သတင်းစာအစုတ်လေးတွေရရင် အဲဒါတွေဖတ်၊ အဲဒီလို ဆယ့်လေးငါးခြောက်နှစ် နေခဲ့ရတာ။ အခု ကျနော် သတင်းစာတွေ ဘာတွေ ဖတ်ရတာ နှစ်နှစ် သုံးနှစ်လောက်ပဲရှိသေးတယ်။ အဲဒါတောင် အစိုးရသတင်းစာပဲ ဖတ်ရတာ။ နောက်ပိုင်းမှာမှ ဂျာနယ်တွေဘာတွေ သွင်းပြီး ဖတ်ရတာ။"
သတင်းစာဆရာကြီး ဦးဝင်းတင်ကို ကိုအောင်လွင်ဦး ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကတည်းက အာဏာပိုင်တွေရဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ချတာကိုခံထားရတဲ့ ဦးဝင်းတင် လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
မိုးမခစီစဉ်သော ဘလော့မှ စုစည်းမှူ့အားတင်ပြသည်။
ညီစေနော်
Tuesday, September 23, 2008
အဘဦးဝင်းတင်

အဘ ပြောစကားများ
အဘ အပြင် ရောက်ရင် စာတွေတော့ ရေးနိုင်ပါ့မလား။
စာရေးဖို့ ဆိုတာ စာပေစိစစ်ရေးက ခွင့်မပြုရင် စာရေးလို့မရဘူးဗျ။
ဒီမိုကရေစီ ရှိတယ်လို့ ပြောလို့မရဘူး
ထောင်အကျီ အပြာ လုံချည် အပြာ နဲ့ ကန့်ကွက်တဲ့အနေနဲ့ ဒါဝတ်ပြီးထွက်လာတယ်။
ခင်ဗျား တို့ လုပ်တဲ့ ဟာလုံးဝလက်မခံဘူး။ခံဝန် ပုံစံ၊ အိုနာ ကျိုးကန်း စီမံချက်ပုံစံနဲ့ လွတ်ပေးတာကိုလက်မခံဘူး
၄၀၁ ကို ဖတ်ပြတယ် ခင်ဗျာ တို့ပြောတာ ကိုကြားတယ်လို့လည်းမယူဆဘူး။လက်လဲမခံဘူး လက်မှတ်လဲမထိုးဘူး။
ထိုးခဲ့ စရာလဲမလိုဘူး၊ နှစ်ပေါင်း၂၀ ဒါကိုဆန့်ကျင်လာတယ်၊အဲဒါဘဲ။
လုပ်လက်စအလုပ်ကလေးတွေ ဆက်လုပ်ကြရအောင်လို့ပြောချင်ပါတယ်၊ မပြီးသေးတာလေးတော့ဆက်ပီးလုပ်ရမယ်၊
ဒီမိုကရေစီ ပါဘဲခင်ဗျာ ဒီမိုကရေစီရဘို့ ကြိုးစားနေတယ် မရသေးဘူး အတုအယောင် မျိုးစုံပါနေတာ
အတုအယောင်တွေလက်မခံနိုင်ဘူး။စီးပွားရေးလုပ်ဖို့ရာလည်းဘာမှမရှိဘူး ကျန်တဲ့ဟာ ကိုယ်ရေးကိုယ်တာ ဘာမှမရှိဘူး၊
ထမင်းစားဖို့ရာ တစ်နပ်ဆိုတော်ဘီ လုံလောက်ပြီး၊ လုပ်လို့ရတာသည် ဒီမိုကရေစီ အတွက်ဆို လုပ်လို့ရတာ ကျွန်တော်လုပ်မည်။
ညီစေနော်
Saturday, September 20, 2008
ဆေးမသောက်ခင်အစာစား
အခုဖြစ်တဲ့ တုတ်ကွေးကဘာတုတ်ကွေးမျိုလဲမသိပါ ရက်၂၀ ရှိဘီ ပျောက်လိုက်ကောင်းလိုက် မနေ့ကတော့ ဖျားတာမှလှူပ်တောင်မလှူပ်နိုင်ဘူးဆေးမီတိုလေးနဲ့ မဖြစ်တော့ တဲ့ သကာလမှာ ဆေးခန်းသို့ မြန်းရချေဘီ။ဆေးတစ်လုံးထိုးပီး သောက်ဆေးတွေ ပေးလိုက် ပါတယ်။ဆရာကဆေးမသောက်ခင်အစာစား စားပီမှစားပါ ဆန်ပြုတ်, မြူစွမ် လောက်ဘဲစားပါဦးတဲ့။
မြူစွမ် ထုပ်လေးဝယ်ပီး ပြုတ်မယ်လုပ်တော့ေ၇ွှမီးက ပျက်နေချေ ဘီး။ နာဂစ် အလွန် ဆူဆူပူပူ လုပ်မည့်မြို့နယ်တွေ အရင်ပေးလို့
မီးလေး ပုံမှန်ရနေရာက နေ ဝေးလှတဲ့နေရာတွေ မှာ ကိုယ်အားကိုယ်ကိုးစနစ်နဲ့ မီးတွေပြန်ရသလားမသိ အရင်လို မီးက ဇာတ်လမ်းစလာချေ ပြီ ဗိုလ်ချုပ်ကြီးတွေ အချိန်နဲ အမျှ အလုပ်လုပ်တော့လေ။ ဂတ် အိုးလဲ မတက်နိုင် တော့ မီးသွေး နဲ့ တယ်မယ်ပေါ့ဗျာ။
မီးသွေး တောင်းထဲကြည့်တော့ မီးသွေး မရှိ တော့ ကဲ ဈေးသွားဝယ်မယ် ဗျာ။ ဈေးထဲမှာ ခြေထောက်သာ ဗွက်ပေတယ် မီးသွေး ကတော့မရ အဖမ်းအဆီး ရှိလို့တဲ့။ခုတစ်မျိုးတော်ကြာတစ်မျိုး ဥပဒေတွေ နဲ အော် ထင်းအစားထိုးလောင်စာဆိုတာလဲ လောက်လောက် ငှငှရောင်းချနိုင်တာမဟုတ်။ဂတ်ဆိုတာလဲ လူတိုင်းအတွက်မလွယ်လှ လျှပ်စစ်မီးကမရှိ ဘာနဲ့ ဒီမြူစွမ်တယ်ရပါ့မလဲ။တီဗီ သတင်စာထဲမှာတော့ နေတိုင်လိုလို ဓာတ်အား ဘယ်လောက် ဆိုတာ က မပါမပြီး ....ဟူးးးးးးးးးးးးးးး အဲဒါနဲ့ မနက်ဆေး က
မနက် ၁၀နာရီခွဲမှ လမ်းထိပ် က ဆိုင်ဖွင့်မှာစားရတော့တယ်။

ကျီးလန့်စာစား ဘဝ
ဒီအစိုးရကတော့ ကိုယ်မွေးတဲ့ခွေး အစာဝအောင်မကျွေးတော့ ခွေးရှင်တွေလို ဘဲ ပြည်သူလူထုကိုဒုက္ခ ပေးနေတော့တာဘဲ။
ညစဉ် ညတိုင်း ရက်ကွက်တွေမှာ ဧည့်စာရင် စစ်ပြပီး ၁ ယောက် ၅၀၀၀ ဒဏ်တပ် လုပ်စားကုန်ပြီ။ညဆို လူသွားလူလာကမရှိသလောက်ဖြစ်သွာဘီ။တက်စီ နဲ့သွား ၄ , ၅ နေရာ စစ်ခံနေရတော့ ဘယ်သူကထွက်တော့မလဲ။လမ်းလျှောက်လဲမရဘူး စစ်တာဘဲ။ဆိုက်ကားသမားများတော့ ရယက ရုံးမတိုင်ရဘူး ရဲစခန်း ၁လ ၂၀၀၀ ပေးတိုင်ရသတဲ့။ဆိုက်ကားသမားမေးတော့ မနင်းရဘူးလူမရှိလို့ ပြောလေရဲ စီမံချက်လ မို့လို့ဆွဲတာတော့ဆွဲမှာဘဲတဲ့။ အလုပ်မဖြစ်တာတောင် ဒင်းတို့ဘက်ပါပါ ပြောပေးနိုင်သေးတယ်။ဒင်းတို့တွေဒုက္ခ ပေးတာ မရှိဆင်းရဲတဲ့သူ ပိုထိတယ်ဆိုတာ ကိုနားလယ်အောင်သင်ပေးရဦးမည့်အနေအထားရှိနေသေးတယ်။ငွေ၅၀၀၀ဆိုတာမရှိသူအတွက်အတော်ခက်တာနော်။ဘောပွဲလေး
ကြည့်ချင်တာတောင်ထွက်မကြည့်ရဲဘူးဗျာ ပါသွားရင် တမံသလင်းပေါ် မအိပ်နိုင်လို့။
ညဆိုလဲ တရုံးရုံးနဲ့ နေဆိုလဲ ကားတွေဆယ်စီး လောက်တန်းစီပြီးအင်အားပြနေလိုက် ကြတာ သူတိုကပြောတဲ့ ကျီးလန့်စာစား ဘ၀ ဆိုတာ တို့ ပြည်သူတွေဘ၀အစစ်ပါဘဲ။ဒါတွေလုပ်လို့ပြသနာတွေမ၇ှင်းနိုင်ပါဘူး။လူတွေရင်မှာ ကျည်ဆံ ကြောက်ပေမဲ့စိတ်ထဲကနာကြည့်မှူ့ တွေပိုများလာမှာသေချာဘဲ။ရှေးခေတ်ကလို တုတ်တုတ်ချင်ဓားဓားချင်ဆိုရင်တော့ ဒီလိုလုပ်လို့ မရရေးချမရ။

Monday, August 25, 2008
ကျောင်းဖွင့်ချိန်
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းထဲမှာ
ဟစ်တလာ့ရုပ်ထုကို
လူတစ်စုထုဆစ်နေကြတယ်
သူတို့ဟာ ……
ရုပ်ထုရှေ့မှာ ကျိန်စာတွေရွတ်ဖတ်
မျက်ရည်စက်တွေကို မီးရှို့ပူဇော်
ဆိုင်ရာနိုက်ဖြူရော်ရော်တွေ သွန်းကြဲပက်ချ
ဟစ်တလာ့ပါးစပ်ထဲက
ကျည်ဆန်တစ်တောင့် အန်ထွက်ကျလာတယ်
သူတို့ဟာ ……
ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆန်နဲ့
“ကျောင်းဖွင့်ပြီ“ ဆိုတဲ့စာကိုရေး
သွေးစွန်းလက်တွေနဲ့ ပျူငှာစွာ
ဖိတ်ခေါ်ကြပါပြီ။
(၂)
ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တစ်ခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက်
ပြန်ငယ်ရွယ်သွားတယ်
အရင်က မမြင်ရတဲ့ ဟိုတုန်းကအရိပ်တွေ
နံရံတွေ ခုံတန်းလျားတွေဆီက လွန့်လူးထ
အဲဒါ အောင်ဆန်းတို့….. ကျော်ငြိမ်းတို့
သိန်းဖေတို့…..ညိုမြတို့ရဲ့ဝိညာဉ်တွေပဲ
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန်
အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်
ခု …… သူတို့ရဲ့ဝိညာဉ်ရိပ်တွေဟာ
“ကမ္ဘာမကျေဘူး
ငါတို့သွေးနဲ့ ရေးထိုးခဲ့တဲ့မော်ကွန်းတေး “
သီချင်းလေးကို နားဆင်ရင်း
ရာဇ၀င်ရဲ့တစ်ကျော့ပြန်စိန်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။
(၃)
ငါတို့ကျောင်းတော်ကြီးရဲ့
ဒီဖက်ခေတ် ၁၉၈၇-၈၈ နှစ်များထဲမှာပါ
တက္ကသိုလ်စာကြည့်တိုက်ထဲမှာ
ဖြူဝါးဝါးအရိပ်တချို့
စာထိုင်ဖတ်နေကြတယ်
တချို့ဖတ်တာ…… ကဗျာစာအုပ်
တချို့ဖတ်တာ…….ကျောင်းစာအုပ်
တချို့ဖတ်တာ…….သမိုင်းစာအုပ်
တချို့ဖတ်တာ…….နိုင်ငံရေးစာအုပ်
ရုတ်တရက် ……..
အဖြူရိပ်တစ်ခုဟာ ထိုင်ရာကထ
“ဗမာပြည်ကို ကယ်တင်ရတော့မယ်“
နောက်ထပ်အဖြူရိပ်တစ်ခု စာအုပ်ပိတ်
“ဗမာပြည်ကို ကယ်တင်ရတော့မယ်
ဗမာပြည်ကို ထိပ်တုံးချွတ်ပေးရမယ်“
သူတို့ဟာ …….. တိတ်ဆိတ်စွာ
အခန်းပြင်ကို ထွက်သွားကြပါတော့တယ်
စာကြည့်တိုက်ရဲ့ စာအုပ်ပိတ်သံများ
လွယ်အိတ်လွယ်သံများ
ဖိနပ်စီးသံများ အဆုံးမှာ
နောက် အဖြူရိပ်တစ်ခုထပ်ထွက်
နောက်ထပ် အဖြူရိပ်တစ်ခုထပ်ထွက်
………နောက်ထပ်………
……………နောက်ထပ်…………..။
(၄)
ငါတို့ကျောင်းတော်ကြီးရဲ့
စာမသင်ဖြစ်တဲ့ စာသင်ခန်းတစ်ခုမှာ
အရိုးစုတစ်အုပ် အစည်းအဝေးလုပ်နေတယ်
အရိုးစုတစ်ခုက
ထိုင်ရာမှ ဖြည်းညင်းစွာထ
“ကျွန်တော်တို့တော်လှန်ရေး
အာဏာရှင်တွေ နောက်ဆုံးနေ့အထိ…….“
စသည်ဖြင့် ပြောကြား
အားလုံး ငြိမ်သက်နားထောင်နေကြတယ်
အခန်းထဲမှာ
အကျဉ်းထောင်က ပြေးထွက်လာတဲ့
ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေ
သတ္တိဗုံးကို နှောင်ထုံးခတ်
ပက်ကြားအက်နေတဲ့ ရန်သူ့မျက်နှာတွေ
အဲဒီမှာ အရိုးစုတစ်ခုက လက်သီးဆုပ်
သူ့နှုတ်က တိုးတိုးဖွဖွလေးပြော
“တောကအဖေနဲ့အမေတော့
ကျွန်တော့်ကို မျှော်နေကြတော့မယ်ဗျာ“
ကြေကွဲစွာ …….သူ့မျက်လုံးပေါက်ထဲက
မျက်ရည်ဖြူတစ်စက်…
စီးသက်ကျလာတယ်။
(၅)
ငါတို့ကျောင်းတော်ကြီးရဲ့
ပရ၀ုဏ် အ၀င်အထွက်လမ်းတွေမှာ
အချုပ်ကားပြာပြာကြီးတွေ
ဒရကြမ်းမောင်းနှင်နေကြတယ်
အဲဒီကားကြီးတွေထဲမှာ
“ကမ္ဘာမကျေ၊ ဗမာပြည်၊ ဒါတို့ပြည်၊
ဒါတို့မြေ၊တို့ပိုင်တဲ့မြေ………..“
ဆိုတဲ့တေးသံသာဟာ
ညီညာစွာ ပဲ့တင်ပေါ်ထွက်
ကျောင်းသားလက်တွေ သွေးစိမ့်ယိုစီးခဲ့ပြီ။
အချုပ်ကားပြာပြာကြီးတွေရဲ့ထိပ်မှာ
သူတို့ရဲ့တံဆိပ်၊ သူတို့ရဲ့အလံ
ဦးခေါင်းခွံမှာ
အရိုးနှစ်ချောင်းကန့်လန့်ဖြတ်ထားတဲ့
သဏ္ဍာန်သာဖြစ်တယ်
ကျောင်းခေါင်းလောင်းအိုကြီးဟာ
ထွက်ခွာသွားတဲ့ အချုပ်ကားနောက်ပြေးလိုက်
ခလုပ်တိုက်ပြီးလဲပြိုကျ
ချိုလွင်ရှတတဲ့ ခေါင်းလောင်းသံထွက်ရမယ့်အစား
“သားရေ……
အမေ လိုက်ရှာနေတယ်လေ……..သားရေ“
ဆိုတဲ့ ငိုရှိုက်ညည်းတွားသံအဖြစ်နဲ့သာ
ရာဇ၀င်တုန်ခါအောင်
မြည်ဟီးလာခဲ့တယ်။
(၆)
ငါတို့ကျောင်းတော်ကြီးရဲ့
နီမောင်းသောလမ်းကြီးလမ်းငယ်များမှာ
ဒေါင်းအလံ တလူလူလွှင့်ထူလို့
ကျောင်းသားတွေချီလာပါပြီ။
ရင်တအုံလုံးပွင့်ထွက်နေတဲ့ကျောင်းသားက
ရှေ့ဆုံးကအလံကိုင်ပြီး
သွေးတပွက်ပွက်အန်ထွက်နေတဲ့ ကျောင်းသားတွေက
နောက်ကချီတက်လိုက်ပါလာတယ်
“ဒီမိုကရေစီရရှိရေး……… ဒို့အရေး
အာဏာရှင်စနစ်ကျဆုံးရေး……… ဒို့အရေး“ တဲ့
ကိုယ့်ကိုယ်ကို တစ်ခါတည်းအသုဘချရင်း
တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့ရဲ့တော်လှန်ရေး
ဘယ်တော့မှအရှုံးမပေးဘူး……ဟေ့
“သေနတ်သံတစ်ချက်ဖောက်ရင်
ရာဇပလ္လင်မီးဟုန်းဟုန်းတောက်သွားမယ်“
နောက်ဆုံးနေ့အထိ……
နောက်ဆုံးနေ့အထိ……………..။
(၇)
ငိုက်မျည်းနေတဲ့ အင်းလျားရေပြင်ဟာ
ရုတ်တရက် ရဲရဲနီစွေးသွားတယ်
ချက်ချင်းပဲ ရေငွေ့တွေပျံတက်
ကောင်းကင်ထက်မှာ တိမ်အဖြစ်မိုးစက်ခို
ကျောင်းတော်ကြီးကို သွေးမိုးတွေပြန်ရွာချ
လျှပ်တွေပြက်၊ မိုးတွေခြိမ်း
ဒိန်းဒုံးဆူညံသွားတယ်
အဲဒီအခါ……..ကျောင်းတော်မှာ
ပန်းတွေဖျတ်ကနဲပွင့်ကြ
ငှက်ဆိုးတွေဝေါကနဲထပျံကြ
သစ်ရွက်တွေ တစ်လက်လက်တောက်ပကြ
ခုံတန်းလျားတွေ အုတ်ဂူအဖြစ်ပြောင်းလဲကြ
မြေကြီးတွေတုန်ခါတော်လဲကြ
“တို့အရေး……..တို့အရေး……….တို့အရေး…………တို့အရေး“
ကြွေးကြော်သံတွေနဲ့
ဗမာပြည်ကြီးတ၀ုန်းဝုန်းရုန်းကန်
နိုးထပြီးနောက်ဆုံးငြိမ်သက်သွားတဲ့အခါ
ငါတို့ရဲ့ကျောင်းတော်ကြီးဟာ
တလဲ့လဲ့တ၀င်းဝင်း
သွေးနီရောင်တောက်ပကာ
အာဇာနည်သူရဲကောင်းတို့ရဲ့
ဂူဗိမာန်ကြီးပမာသာ တည်ရှိနေပါတော့တယ်………။
(၈)
ကျောင်းသားတွေနဲ့ ကျောင်းတော်ကြီးကြား
ခု……သွေးပင်လယ်ကြီးခြားနေပါပြီ
“ကျောင်းဖွင့်ပြီ“ ဆိုတဲ့အာဏာရှင်တွေဟာ
သွေးတံတားကြီးကိုကျော်နင်း
ထုံးတံတားကြီးကို ကျော်ခင်းပေးတယ်
တချို့တွေက ကျောင်းတက်လာကြလိမ့်မယ်
အဲဒီထဲကတချို့ဟာ
“အကြောင်းကြောင်းကြောင့်ပါလို့“
စိတ်မကောင်းစွာပြောရင်း
ထုံးတံတားကိုလျှောက်နင်း
ကျောင်းခန်းတွင်း ၀တ္တရားအရထိုင်
ငါတို့ ……..နားလည်ခွင့်လွှတ်နိုင်ပါတယ်။
တချို့ကတော့……..
“ဂုဏ်တုဂုဏ်ပြိုင်“ ကောင်းကြောင်းပြောရင်း
ထုံးနံ့သင်းတဲ့ပန်းခင်းကိုဖြတ်
ရည်းစားထားဖို့ ကျောင်းပြန်တက်လိမ့်မယ်
အဲဒီလို…….လူစားတွေကိုတော့
ငါတို့က……ခွင့်လွှတ်သည့်တိုင်အောင်
ရာဇ၀င်က ခွင့်မလွှတ်သရွေ့
သူတို့ဟာ……..သမိုင်းမှာ
“သစ္စာဖောက်“ များသာဖြစ်တယ်။
(၉)
ကျောင်းသားနဲ့ကျောင်း
တစ်နေ့တော့ပေါင်းရမှာပဲ….
ငါတို့တွေ သွေးပင်လယ်ကိုဖြတ်ကူးပြီး
ကျောင်းကြီးဆီ အရောက်သွားကြမယ်
သွေးပင်လယ်ကြီးဟာ
တငွေ့ငွေ့ပူခြစ်ဆူပွက်
ထက်ကောင်းကင်မုန်တိုင်းတို့အစပျိုး
သွေးလှိုင်းတံပိုး တ၀ုန်းဝုန်းပြင်းထန်
ငါတို့တွေ လှည့်မပြန်ဘူး
ငါတို့ထဲက တချို့ဟာ
ကိုယ့်အရိုးကိုယ်ချိုး လှေအဖြစ်ထွင်းထု
ငါတို့ထဲက တချို့ဟာ
ကိုယ့်အသားကိုယ်လှီး လှေနံရံအဖြစ်ခင်းရိုက်
ငါတို့ထဲက တချို့ဟာ
ကိုယ့်လက်ဖ၀ါးကိုယ်ရိုက်ဖြတ်
လှေရွက်အဖြစ် စပ်ချုပ်
မုန်တိုင်းကိုခွဲဝင်
သွေးပင်လယ်ကိုဖြတ်စီး
ကျောင်းကြီးဆီသွားဖို့ လုပ်နေတယ်။
(၁၀)
နောက်ဆုံးမှာ
ဒေါင်းအလံကို……ဗြောင်းဆန်အောင်လွှင့်ထူရင်း
အမှန်တရားတစ်ခုထံ
ငါတို့သစ္စာ အဓိဌာန်ပြု
အို……သူရဲကောင်းတို့
အို……..ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း……သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာကျဆုံးခဲ့သော…..
သင်တို့၏ ၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ ရှေ့နောက်ဝဲယာ
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏ ။
ထိုသော…..
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာငါတို့အား ဖြစ်တည်စေတော့၏ ။
အို……သူရဲကောင်းတို့
အို……..ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း……သူရဲကောင်းတို့
ဗမာပြည်ကိုရှိခိုးကာ
ဤ……သွေးပင်လယ်အား ငါတို့ဖြတ်ကူးအံ့။
မိုးလုံးပြည့်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံအောင်မြင်ပါစေသတည်း……။ ။
ရွှေဘုန်းလူ

သစ္စာ
အမျိုးသားရေးအတွက် အသက်ပေးသွားသော
ရဲဘော်များအား တိုင်တည်သစ္စာပြုပါ၏ ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီစွေးလျှင်
အသင်တို့သွေး ပက်ဖျန်းခြင်းဖြင့်
ရဲဆေးတင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
အသင်တို့ဝိညာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်ပေးပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်ဖျောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏
မညွတ်ပြောင်းသော ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်း၍ အပြစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတစ်ဝက်မှ
ပေးဆပ်ရလဲ
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပွန်မှတ်၍
ထပ်ထပ်ပျော်ရွှင် ကျွန့်ဝိညာဉ်သည်
အလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ…………။
မင်းကိုနိုင်
ရဲဘော်များအား တိုင်တည်သစ္စာပြုပါ၏ ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီစွေးလျှင်
အသင်တို့သွေး ပက်ဖျန်းခြင်းဖြင့်
ရဲဆေးတင်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
အသင်တို့ဝိညာဉ် ပူးကပ်ဝင်၍
ကျွန်ုပ်အား ထိန်းချုပ်ပေးပါလေ။
မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား
အမျိုးဂုဏ်ဖျောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏
မညွတ်ပြောင်းသော ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်း၍ အပြစ်ပေးကြပါလေ။
မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက် လမ်းတစ်ဝက်မှ
ပေးဆပ်ရလဲ
လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တစ်ရပ် ကျေပွန်မှတ်၍
ထပ်ထပ်ပျော်ရွှင် ကျွန့်ဝိညာဉ်သည်
အလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့်ကြိုဆိုကြပါလေ…………။
မင်းကိုနိုင်
Friday, August 22, 2008
ဂန်ဖလား ကြီး ရောက်လာပြန်ပြီ
ဒီအကြိမ် ဂန်ဖလားကြီး ရဲ့ ခရီးစဉ် မှာ ဘာတွေလုပ်မယ်၊ဘာတွေ ဖြစ်နိုင်တယ် ဆိုတဲ့ အကြောင်းကို မစဉ်းစားခင်မှာ မနှစ်က ပထမအကြိမ် လာတုန်းမှာ က ကျနော်ကြုံခဲ့တဲ့ အကြောင်းအရာလေးတွေကို ဝေမျှယင်း ကျနော်တို့ အားလုံးရဲ့ အနာဂတ်ကို စဉ်းစားနိုင်အောင် ပြောအုံးမယ်ဗျာ။
ဂန်ဖလားကြီး က ကျနော်တို့ရဲ့ ချစ်စရာ ဓလေ့တွေနဲ့ ထုံမွန်းထားတဲ့ မြန်မာနိုင်ငံကို နေ့လည်၁နာရီမှာ ရောက်မယ်ပေါ့ ၊ ဒီဂန်ဖလားကြီးက ပြီးခဲ့တဲ့ ရက်တွေက ပရိတ် ရွတ်၊ မေတ္တာ သုတ်ရွတ၊် မေတ္တာပို့ တဲ့ ရဟန်းသံဃာတော် ကို ပစ်သတ်ခဲ့တဲ့နေရာကို သွားကြည်မယ် ။ ဒါမှ မဟုတ်ယင် မြန်မာမြေပေါ်ကို ခြေချချခင်း ဟိုသတ္တဝါတွေအောင်းတဲ့ ဂူ၊ ကျက်ပြေးနေပြည်တော်ကို သွားမယ်ပေါ့၊၊ ဒီလို အရပ်စကားတွေက ပြန့်နေတာပေါ့ဗျာ၊၊
ရဟန်းတော်ရှင်မြတ်တွေနဲ့ ရဟန်းတော်တွေကို ရေချမ်းကပ်ဖို့လိုက်ပါစောက်ရှောက်နေတဲ့ ကျနော်တို့လူငယ်တွေက ဂန်ဖလားကြီးမလာခင် ၃ ရက်လောက်စပြီး မေတ္တာပို့ လမ်းလျှေက်တာတွေမလုပ်ပဲ ငြိမ်နေလိုက်ကြပါတယ်။ငြိမ်တယ်ဆိုရအောင်လဲရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ထားသကို။ ကဲဒီနေ့တော့ ဂန်ဖလားကြီးလာပြီ ဒီတော့ ကျနော်တို့ရဲ့ ရဟန်းတော် ကလည်း မေတ္တာ ပို့မယ်ပေါ့ ၊ ကိုယ်နိုင်ငံကိုရောက်လာတဲ့ ဂန်ဖလားကြီးလည်းကိုယ်တိုင် အေးအေးချမ်းချမ်းနေနိုင်ပေါ့၊၊UN ကလာတဲ့ကိုယ်စလှယ်ကြီးရှိတဲ့နေ့တော့ ရက်ရက်စက်စက် မလုပ်ရဲဘူလို့တစ်ထစ်ချယုံခဲ့မိသကို။ ဒီတော့ ကျနော် လူငယ်တွေကလည်း သံဃာတော်တွေကို စောင့်ရှောက်တဲ့ အနေနဲ့ လက်ချင်းချိတ်ပြီး လိုက်မယ်ပေါ့။ ဒါပေမဲ့ဗျာ ကျနော်လို့ လူငယ်တွေက တယောက်နဲ့တယောက် က လက်ချင်းချိတ်၊ ကျောချင်းကပ်ထားပေမဲ့ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းမယုံရဲ ဘူးပေါ့ဗျာ။ ဒါကတော့ ကျနော်နိုင်ငံကို စိုးမိုးခဲ့တဲ့ ထောက်လှမ်းရေးတွေပေးခဲ့ တဲ့ သင်းခန်းတွေကို တော်တော် ကျေညက်ထားတဲ့ သဘောလားလို့ တွေးမိတယ်။ လူတိုင်းက ကိုယ်ကလွဲယင် ကျန်တဲ့ ရဲဖော်က ထောက်လှမ်းရေးဖြစ်နိုင်တယ်ဆိုတဲ့ ကြောက်ရွံမှုတွေရဲ့ အကျိုးဆက်ပေါ့ဗျာ။သံဃာတော် ကတော့မကြွလာနိုင်တော့ဘူး။ကျောင်းတွေထဲဝင်စီးထားသကို ကိုရင်လောက်ဘဲကြွနိုင်တော့တယ်။
ကဲ ဗျာ ဂန်ဖလားအကြောင်းပဲ ဆက်ပြောပြမယ်ဗျာ။ သူကိုဗျာ ကျက်ပြေးကို ရန်ကုန်လေဆိပ်ကနေ တောက်လျှောက်ခေါ်သွားတာဗျ။ ဒါပေမဲ့ဗျာ ကိုယ့် ဆုံးဖြတ်ချက်အတိုင်း သွားမယ်ပေါ့၊လုပ်မယ်ပေါ့၊ ဒါနဲ့ နေ့လည် ၃နာရီကျော်တော့ ကျနော် တွေ ရဲ့ လူအုပ်ကြီးဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ သရက်တောဘုန်းကြီးကျောင်းတိုက် ဒေါင့်လည်းရောက်ရော သနပ်သံတွေ တဖောင်းဖောင်း၊ တဒိုင်းဒိုင်းနဲ့ လက်မရွံတပ်သမား တွေက ရှေ့တည့်တည့်က နေ အပြေးလျှေက်လာကြပါတယ်၊၊ ဒီနေရာမှာ ဒီလက်မရွံ တွေရဲ့ အကြောင်းကို ဖြတ်ပြောပြရစေအုံးဗျာ။ သူတို့က ဗျာ ရှေ့မှာ လုံထိန်း တတန်း၊ နောက်က စစ်သားတွေက တတန်းပေါ့ဗျာ။ ရုပ်ရှင်မှာ တွေရ သလိုရှေ့ တန်းစစ်မြေပြင် မြင်ကွင်းအတိုင်းပဲပေါ့ဗျာ။
ကျနော် တို့ အားလုံးက ဒီလက်မရွံတွေရဲ့ အကြောင်းက နောကျေနေတော့ ထိပ်တိုက်၊ မျက်နှာချင်းကို မဆိုင်ချင်တဲ့ အတွက် သူတို့ က ဘယ်ဘက်က လာယင် ကျနော်တို့က ညာဘက်က သွားပေါ့ ဗျာ။အရင်ကတော့တစ်မျိုးခုတော့ ဆန္ဒပြတဲ့နေရာလိုက် ဆော်တာဘဲ။ ကျနော်တို့ က ကျနော်တို့ ရည်ရွယ်ချက် ရည်မှန်းချက်အတိုင် ဆန္ဒပြတဲ့ရက်တွေရှည်ချင်တယ်၊ ရှည်အောင်လည်းအချိန်ဆွဲထားချင်တယ်ပေါ့ဗျာ။ ကျနော်တို့ချစ်တဲ့ နိုင်ငံကို အေးချမ်းစေချင်လို့ ရက်ရှည်ရှည် ဆွဲချင်တဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့စစ်တစ်ပွဲရဲ့ ရိက္ခာက စကားပြောလာတယ် မြန်မာပြည်ရဲ့စီပွားရေစနစ်ကြောင့်ပေါဗျာ။လက်မရွံတွေအကြောင်းဆက်ပြောရယင် မျက်နှာချင်းဆိုင်လည်းတွေ့ရော မရပ်မနားပစ်ပါလေရော့သတည်းပေါ့ဗျာ။ ဒါနဲ့ ကျနော်အားလုံးလည်း နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကျည်လွတ်ရာကိုပြေးရတာပေါ့။ ဒါပေမဲ့ ကျနော်တို့အားလုံးက နောက်ဆုတ်ပြီးအပြီး ပြေးတာတော့မဟုတ်ဘူးဗျာ၊ ရှေ့က ပစ်တော့ ဘေးဘက်ကိုပြေး၊ နောက် ပစ်တဲ့ လက်မရွံတွေရဲ့ နောက် က ၊ ဘေးကနေ နေ အောင်ဟစ် ကြ၊ နောက် အပ်တို့တောင်မပါတဲ့ ကျေနော် တို့ကို ရက်ရက်စက်စက်ပစ်ရဲတဲ့ သူတို့ရဲ့ သတ်ရဲတဲ့ သတ္တိကို ချီးမြှောက်တဲ့ အနေနဲ့လည်း လက်ခုပ်တီးတယ်ပေါ့ဗျာ။ ဒါပေမဲ့ဗျာ ဒီလက်မရွံတွေကရှက်ရမှန်းမသိကြတာကတော့အံသြစရာပဲပေါ့နော။စပိန်ကနွားရိုင်းလွတ်တာတော့ ဗမာက ပျင်းတယ်ဗျာ။သေနတ်တွေ တစ်ဒိုင်ဒိုင်းကြားမှာ လှောင်ရဲတဲ့သတ္တိ နဲသလား?။
နောက်ဗျာ ကျနော်တို့ရဲ့ နောက်ထပ် ကိုယ်ကို အကာကွယ်ပေးမယ်လို့ထင်တားတဲ့ လူတွေအကြောင်းကိုပြောပြအုံးမယ်ဗျာ ရှက်ရှက်နဲ့ပေါ့။ ကျနော်တို့ဗျ နိုင်ငံတကာ အဖွဲ့ ICRC ကိုဖုန်းခေါ် ပေါ့ဗျာ။ ဒါပေမဲ့ ဖုန်းဖိုးသာကုန်သွားရော ဘယ်သူမှ လာမကူနိုင်ပါဘူးဗျာ။
ကျနော်တို့ က အာဏာရှင် ဆိုတဲ့ အဓိပ္ပါယ်ကို တခဏမေ့သွားတာဗျ။ ကျနော်တို့နိုင်ငံကို အုပ်ချုပ်နေတာက အာဏာရှင်မှ စစ်အာဏာရှင်လေ၊ မလုပ်ရဲတာ မရှိ၊ မလုပ်ရက်တာမ ရှိ။ ဘယ်သူကိုမ ဂရုမစိုက်ဘူး။ UN က ဟန်ပြ လူတွေလွတ်နေတာ ကို တော့ စိတ်ကူးထဲတောင်ရောင်လို့မထည့်ပေါ့။ ဒီတော့ ကျနော်တို့အားလုံးသိရမှာက အာဏာရှင်ဆိုတာနဲ့ ကိုယ်လိုချင်တဲ့အရာကို ကိုယ်ဘာသာကိုယ် မရ ရအောင်ယူနိုင်ဖို့က ကျနော်တို့ရဲ့တာဝန်ပေါ့ဗျာ။အာဏာရှင်ဆိုတာက ပစ်စရာရှိပစ်၊ နာမည်ကျော်မင်းသမီးဆက်စရာရှိဆက် ။ ကမ်းစရာရှိကမ်း ပေလိမ့်မည်။
ကျနော် ရဲ့ စကားတွေလည်းတော်တော်ရှည်သွားပြီ။ ဒီတော့ နိဂုံးချုပ်ရမယ်ဆိုယင် ကျနော်နိုင်ငံကို အုပ်ချုပ်နေတာ က အာဏာရှင်၊ အဲဒီအာဏာရှင်ကို ကိုယ်အားကိုယ်ကိုး တိုက်ယုံမှတပါးအခြားမရှိပေါဗျာ။မိမိကိုသာကိုးကွယ်ရာဘာ ဘုရားရှင်ဟောသလိုပါဘဲ။
ဘက်ပေါင်းစုံကလုပ်လို့ရသမျှပေါ့လေ။
ကဲ ဂန်ဖလားကြီး စားလို့သောက်လို့ဝယင်ပြန်တော့ဗျာ။ ကျနော်တော့ ခင်ဗျားအကြောင်းကို ဆက်ပြောချင်စိတ်မရှိတော့ဘူး။
ညီစေညို

Wednesday, August 13, 2008
အုတ်ခဲကြီးနဲ့ပေါက်လို့သံဇကာလေးထဲထည့်ထားတယ်
၂၀၀၃ ခုနှစ် အောက်တိုဘာ ၁၀ရက်နေ့က စစ်ကားကို အုတ်နီခဲ နှင့်ပေါက်ခဲ့သော သံဃာ ၄ပါး
ကိုးထပ်ကြီး.... ရွှေတောင်ကျောင်း
၁။ဦးတိက္ခိန္ဒြိယ (ခ) မောင်ဇော် (ဘ) ဦးလွန်းမောင် ၅ည (၇) နှစ် ၆(က) (ရ) နှစ် ၃၃၆ (၃) နှစ် စုစုပေါင်း ၁၇ နှစ်။
၂။ဦဓမ္မိက (ခ) ထွန်းထွန်း (ဘ) ဦးဘရွှေ (၅) ည ၇ နှစ် ၆(က) (၇) နှစ် ၃၃၆ (၁) နှစ် စုစုပေါင်း ၁၅ နှစ်။
၃။ဦကေသရ (ခ) ကျော်မင်းသက် (ဘ) ဦးရွှေ ၀င်း (၅) ည ၇ နှစ် (၆) က (၇)နှစ် ၃၃၆ (၁) နှစ် စုစုပေါင်း ၁၅ နှစ်။
၎။ရှင်သိရိန္ဒ (ခ) ကျော်မိုး (ဘ) ဦးထွန်းမြိုင် (၅) ည ၇ နှစ် (၆) က (၇)နှစ် ၃၃၆ (၁) နှစ် စုစုပေါင်း ၁၅ နှစ်။

အင်းစိန်၃ဆောင်မှာ
အင်းစိန်၃ဆောင်မှာ
ယ္ခု လတွင် ထောင်မှူး သီဟဆွေ က မူးယစ်ဖြင့် ထောင် ကျသော ဒီဇယ် ၊ဓါတ်ဆီ တို ညီအစ်ကို ၂ ယောက် ကို လက်သတ်မွေးပြီး
အချုပ်သား ၁ ယောက်ကို ၅သောင်းဖြင့် ဘောက်ချာဖွင့်ထားပါသည်။ဒီဇယ် တို့ညီအစ်ကို က မိလ္လာကန် ကို ကြွေပြား ကပ်ပီးလူတစ်ယောက်၁လ ၃ထောင်ဖြင့်ရေချိုးချပေးပါသည်။ဘောင်ချာမဟုတ်သူများကို ရေချိုးတန်းစီး....ထမင်းစားတန်းစီး အမှိုက်ကျင်းနင်းခိုင်းပါသည်။ ဟိုလွန်ခဲ့တဲ့၁၉၇၀ခုနှစ်ကအတိုင်းအော်တော့ရှေ့ကြည့်ဟုအော်ပြီးလေးဘက်ထောက်ခေါင်းငုံထိုင်ခိုင်းနေပါသည်။ ထိုင်ပုံစံ- ထမင်းကျွေးပုံစံများကိုအထက်လူကြီးညွန်ကြားချက်မရှိဘဲ ငွေ မထွက် ထွက်အောင် အကျဉ်းသား အချုပ်သား များကိုဖိနှိပ် အုပ်ချုပ်လာပါသည်။ ပုံစံမလို အ ၀ စားမကျွေးတော့ဘဲ ပဲ ၁ဇွန်း ငပိချက် ၁ဇွန်း သာခွဲတန်းချပေးပါသည်။အိမ်မှမလာနိုင်သူများ
မှာ ဒုက္ခ ရောက်ကြရပါသည်။တောင်ယာ ၁ကွက် ၂သောင်းဖြင့် ရောင်းပြီးအချုပ်သစ် - အကျသစ် များကို ဘောက်ဆင်းခိုင်းနေပါသည်။
ထောင်တွင်းဦးဇင်၁ ပါးပေးပို့ပါသည်။

ဝိုင်းဝန်းကူညီကြပါစို့
ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းဟာ နောက်နှစ် July ဆိုရင် သင်္ဃန်းကျွန်းဘုန်းကြီးကျောင်းကနေ ဖယ်ပေးရတော့မယ်။ မြောက်ဒဂုံမှာရှိတဲ့ နာရေးကူညီမှုပိုင် မြေနေရာမှာ ကားတွေထားဖို့၊ ရုံးလုပ်ငန်းတွေလုပ်ဖို့၊ သုခကုသိုလ်ဖြစ်ဆေးခန်းဖွင့်ဖို့၊ အသင်းရဲ့လုပ်ဆောင်မှုတွေကိုဆက်ပြီးလုပ်ဆောင်ဖို့အတွက် အဆောက်အဦ ဆောက်ဖို့လိုတယ်။ သူတို့ရဲ့အသင်းပိုင်ငွေမှာ စည်းမျည်းအရ နာရေးကူညီမှုအတွက်သုံးစွဲခွင့်ငွေဟာ လုံလောက်ပေမဲ့ ရုံးအသုံးစရိတ်အတွက်မလုံလောက်ဘူး ဖြစ်နေတယ်။ အသင်းပိုင်အဆောက်အဦ၊ ကား စတာတွေကိုဆောက်လုပ်ဖို့၊ ၀ယ်ဖို့ကို နာရေးကူညီဖို့ဆိုပြီးလှုထားတဲ့ငွေထဲက သုံးခွင့်မရှိတဲ့စည်းမျဉ်းကြောင့်၊ အသင်းရဲ့ အထွေထွေရုံးသုံးစရိတ်အတွက် သီးသန့်အလှုငွေလိုနေပါတယ်။ အဆင်မပြေရင် သုခကုသိုလ်ဖြစ်ဆေးခန်းကို ပိတ်ရချေရှိနေတယ်။ ဆေးခန်းသာပိတ်ရင် ဆင်းရဲသား၊ အခြေခံလူတန်းစားအများစုအတွက် နစ်နာမှုတွေ အများကြီးကြုံရမှာပါ။ စာဖတ်သူလည်း မေတ္တာရှိမယ်ဆိုရင်တော့ နာရေးကူညီမှုအသင်းနဲ့ဆက်သွယ်ပြီး တတ်နိုင်သလောက်ကူညီပေးစေလိုပါတယ်။ ပြီးတော့ နီးစပ်ရာ လှုဒါန်းကူညီလိုသူတွေကို ပြောပြပေးစေချင်ပါတယ်။ On Line သူငယ်ချင်းတွေကိုလည်း ဒီအကြောင်းလေးကို ဖြန့်ဝေပေးစေလိုပါတယ်။ သေကွဲကွဲခြင်းရဲ့ပူလောင်မှုတွေကို တတ်နိုင်သမျှစာနာကူညီပေးနေသူတွေကို ၀ိုင်းဝန်းကူညီကြပါစို့။
Wednesday, August 6, 2008
နောက်ဆုံးနှုတ်ဆက်လွှာ
နှုတ်ဆက်ခဲ့ပါတယ် မြတ်နိုးလှစွာသောအမိနိုင်ငံ
သင်ကား … နေ၏ချစ်မြေ အရှေ့ပင်လယ်ဗွေ၏ပုလဲအမြုတေ
တို့တတွေရဲ့ ပျောက်ဆုံးနေသော သုခဘုံပါတကား ….။
သင့်အတွက် ခံခက်နာကျင်ခြင်းနှင့်အတူ
ချုပ်ငြိမ်းပျောက်ကွယ်တော့မယ့် ငါ့ဘ၀ကို
ဝမ်းမြောက်ကြည်ဖြူ ပေးလှူခဲ့ပါတယ်
အကယ်၍များ ငါ့ဘ၀ကို ပိုမိုထွန်းတောက်
ပိုမိုလန်းဆန်းပြီး အလှဖြိုးဝေ စိုပြေကြွယ်ဝနေစေဦး
အမိနိုင်ငံကောင်းစားရေးအတွက် ငါ့အသက်ကို
မငဲ့မကွက် ပေးဆပ်နေဦးမည်သာတည်း။
ပြည်ချစ်သားတွေ စစ်မြေပြင်မှာ ကြည်ရွှင်ပျော်ပိုက်
တိုက်ပွဲဆင့်ဆင့်ရင်ဆိုင်လျက်
ကိုယ်ကျိုးမဖက် အသက်ကိုစွန့် မတွန့်မဆုတ်နွှဲကြတယ်။
ကြိုးစင်မှာလည်း သေရဲတယ် ၊ ဘယ်လိုသေသေ မမှုစတမ်း
နှင်းဆီလည်းပန်း ၊ စပယ်လည်းပန်း ၊ သပြေလည်းပန်း
ပန်းခြင်းအတူတူပင်
နိုင်ငံအတွက် ကိုယ့်အိမ်အတွက် သင့်အသက်ကို
တောင်းဆိုလာလျင် နှင်းဆက်ကြရမည်သာတည်း။
မကြာမီ ငါသေရတော့မယ်
ကောင်းကင်မှာ နေ့အသွင်ကူးတော့မယ်လို့ နီရောင်အပျို့ကို
ငါ့အလောင်းထုပ်တဲ့ ပိတ်အဖြူတစ်စ မှောင်ပျပျထဲက
ငါမြင်လိုက်တော့
အရုဏ်ဦးရဲ့အလှ ပြည့်ဝဖြိုးဝေအောင်
အရောင်တင် ဆေးဆိုးကြမယ်ဆို
လိုအပ်တဲ့အချိန်ကိုရွေးပြီး ငါ့သွေးနဲ့သာ
ဖျန်းပက်ခြယ်သလိုက်စမ်းပါ။
မိုးသောက်ရောင်ခြည် နီစွေးစွေးမှာ
သင်ပိုပြီးလှ ပိုပြီးကြွလာပေလိမ့်ဦးမယ်။
ကလေးဘ၀အိပ်မက်ထဲမှာ ၊ လူငယ်ဘ၀အိပ်မက်ထဲမှာ
တက်ကြွအားရစွာ မျှော်လင့်တောင့်တခဲ့တဲ့
နေ့အလင်းရောင်ကို ….
သင့်မျက်ဝန်းမှာ မျက်ရည်ကင်းစင်လို့
သင့်ဦးခေါင်းကို မာန်တင်းမော့ထားနိုင်ပြီး
ပါးရေနားရေ မတွန့်သေးတဲ့ သင့်ရုပ်လွှာ
ရှက်သွေးရဲရဲ မဖြာတဲ့တစ်နေ့ဝယ်
အို .. အရှေ့ပင်လယ်ရဲ့ ကျောက်ကောင်းလေးတစ်ပွင့်ရယ်။
ငါ့ရင်ထဲမှာ ဝေဆာဖူးပွင့်နေတဲ့
မျှော်လင့်ချက် အိပ်မက်ကမ္ဘာလေးရယ်
သင့်ကိုခွဲခွာသွားတော့မယ့် ငါ့ဝိဥာဉ်က
အလေးပြုခဲ့ပါတယ်။
သင်ရှင်သန်ထမြောက်နိုင်ကြောင်း
ငါလဲလျောင်းပေးသမို့
ဝမ်းမြောက်ဂုဏ်ယူ အလေးပြုခဲ့ပါတယ်
သင်ရှင်သန်ဖို့ ငါသေဆုံးမယ်
သင်ပိုင်စိုးတဲ့မိုးပြာအောက်မှာ ငါသေဆုံးမယ်
လှပကြည်မွေ့ ချမ်းမြေ့သာယာ သင့်မြေကမ္ဗလာမှာ
ထာဝရ ငါမှေးမှိတ်လိုက်တော့မယ်။
မြမြစိမ်းတွေအလယ်က လှပန်းတစ်ပွင့်
ငွါးငွါးစွင့်စွင့် မြူးဝင့်လာတာ
ငါ့ဂူထက်မှာ သင်တစ်နေ့တွေ့လာရမယ်
ငါ့ဝိဥာဉ်လှမွှေးပန်းကို သင့်နှုတ်ခမ်းနဲ့
ဖိကပ်နမ်းရှုပ်လိုက်စမ်းပါ
သင့်နှာဝကို လေပြေနွေးနဲ့ လွမ်းမောဖွယ် သင့်အဆွေးကို
အေးမြမြအုတ်ဂူထဲက ငါ့နဖူးပြင်မှာ ခံစားထိတွေ့ရလိမ့်မယ်။
ချမ်းမြမြကြည်စင်စင် ဖိုးလသခင်ရဲ့ အလင်းရောင်
ငါ့ကိုယ်ပေါ်မှာ ၀င်းပစမ်းပါစေ
အဟုန်ပြင်းစွာ တောင်ပံရိုက်ခတ်လာတတ်တဲ့
အရုဏ်ဦးနေရောင်ခြည် ငါ့ကိုယ်ပေါ်မှာထွန်းပစမ်းပါစေ
တီးတိုးစကားနဲ့ ပြေးလွှားလာတဲ့ ကိုလေပြင်း
ငါ့အပါးမှာ ညည်းတွားအော်ဟစ်နေစမ်းပါစေ
အကယ်၍များ လေဟုန်စုန်ဆန် ၀ဲပျံလာတဲ့
ငှက်တစ်ကောင်သာ ငါ့ဂူပေါ်ကလက်ဝါးကပ်တိုင်မှာ
သက်နားခဲ့မယ် ဆိုပါလျှင်
အေးမြစိမ့်စမ်း စ်တ်ငြိမ်းချမ်းလှတဲ့ ဓမ္မတေးတစ်ပုဒ်ကို
သီကျူးမြည်ကြွေးစမ်းပါစေ။
ပူနွေးနွေးနေရောင်ခြည်က မိုးရေစက်ရဲ့
အငွေ့အသက်ကို စုပ်ယူပြီး
သန့်ရှင်းကြည်စင် ကောင်းကင်ဘုံသို့ပြန်ပို့တယ်။
ငါလည်းမခွဲမခွှာ လိုက်ပါရစေကြောင်း တောင်းပန်တိုးလျှိုးမိပါရဲ့။
အချိန်မတိုင်ခင် ခွဲခွာခဲ့ရတဲ့ငါ့အတွက်
ငါ့သူငယ်ချင်းတစ်ယောက် ငိုကြွေးရှိုက်ငင်နေပါစေ
ည၀တ်ပြုပွဲတွေမှာ တစ်စုံတစ်ယောက်ကများ ငါ့အတွက်
ဝတ်တက်ဆုတောင်း ကောင်းမှုပြုမယ်ဆိုပါလျှင်
အို…. အမိနိုင်ငံ ဘုရားသခင်ရဲ့ ရင်ခွင်တော်မှာ
နားစက်ပါရစေကြောင်း ဆုတောင်းသမှုပြုပေးပါလို့
အို….အမိနိုင်ငံရယ်
ဆုတောင်းသမှုပြုလိုက်စမ်းပါ။
ကံဆိုးကြမ္မာဆိုးနဲ့ ကျဆုံးခဲ့ကြ သားလှအားလုံးအတွက်
ဆိုးရွားယုတ်မာ ဝေဒနာဖိစီး နာကျည်းခံရသူများအတွက်
မျက်ရည်ယိုစီး ရှိုက်ကြီးတငင် သောက၀င်ကြရတဲ့
သားကောင်းမိခင်များအတွက်
နှိပ်စက်မှုအပေါင်းကို ခေါင်းမော့ရင်ကော့ခံခဲ့သူတွေ
မုဆိုးမတွေနဲ့ ဖအေမဲ့သားသမီးတွေအတွက်
နောက်ပြီး
သင့်အတွက် သမိုင်းကြွေးကို ပြတ်ပြတ်သတ်သတ်
ပေးဆပ်နိုင်ပါစေလို့ ….။
သုဿန်တစပြင်လုံး ညအမှောင်ထု လွှမ်းခြုံနေတုန်းမှာ
သက်မဲ့တစ်တွေကို သက်မဲ့တစ်တွေချည်း
စောင့်ကြည့်ကျန်ရစ်ကြတယ်
ငြိမ်းချန်းလှတဲ့ သူတို့ကို လျှို့ဝှက်လှတဲ့သူတို့ကို
နှောက်ယှက်ခြင်းအမှု မပြုစေလိုပါ
အကယ်၍များ ဗျတ်စောင်းသံသာ ကြားရရင်
(သို့တည်းမဟုတ်)
ဓမ္မတေးကဗျာ ကြားရရင်
ချစ်လှစွာသော အမိနိုင်ငံ ဒီတေးသံကို
သီကျူးနေသူကတော့ ငါ
သင့်အတွက် သီကျူးနေတဲ့ ငါပါပဲ။
ငါ့မြေပုံကို လူတွေရှိသရွေ့မေ့ကြလျော့ကြ အချိန်ကြာပြီး
လက်ဝါးကပ်တိုင်ရယ် မြေပုံအမှတ်ရယ် ပျောက်ကွယ်ခဲ့ပြီ
ဆိုပါလျှင် ဒီမြေပေါ်တွင် မျိုးကြဲပက်
ထွန်ယက်စိုက်ပျိုးပါစေတော့
အကျိုးမဲ့ဖြစ်မယ့် ပုတ်အဲ့ကြွင်းကျန် ငါ့ခန္ဓာကို
ယာရှင်ရဲ့ပေါက်ပြားနဲ့ တူးဆွရောမွှေ သီးနှံပင်တွေ
ရှင်သန်ထွားကြိုင်းပါစေတော့ …….။
အချိန်တန်လို့ မေ့ပင်အောက်မှာ ငါလျောင်းနေလည်း
အကြောင်းမဟုတ်ပါချေ
သင့်ရဲ့ပတ်ဝန်းကျင် သင့်ကွင်းပြင်နဲ့
လမ်းမြှောင်ကွေ့ကောက်တွေထဲ
ကျယ်လောင်ပီသ ကြည်မြတဲ့ငါ့ခေါ်သံကို
သင်ကြားရပေလိမ့်မယ်။
ငါ့တေးသံ ငါ့ဗျာပါဒရဲ့ အရောင်၊အလင်း၊ရနံ့နဲ့
စကားလုံးများဟာ
ငါ့ယုံကြည်ချက်ရဲ့ အနှစ်သာရကို ထာဝစဉ်
ပဲ့တင်ဟီးနေစေလိမ့်မယ်။
နာကျဉ်မှုအပေါင်း ထောင်သောင်းထဲက
ငါ့ရဲ့နာကျဉ်မှုတစ်ရပ်ဖြစ်တဲ့
မြတ်နိုးလှစွာသော အမိမြေ
ချစ်လှစွာသော ဖိလစ်ပိုင်
ငါ့ရဲ့နောက်ဆုံး နှုတ်ဆက်ခြင်းကို နားဆင်ပါလေလော့။
ငါ့ကိုယ်နှင့် ငါပိုင်သမျှ ငါ့မိဘတွေ ငါ့ချစ်သူတွေ
သင့်အတွက် နှင်းဆက်ပေးအပ်ခဲ့ပါတယ်
ငါ့ခရီးစဉ်အတိုင်း ကျွန်တွေကင်းတဲ့ ပါးကွက်သားတွေကင်းတဲ့
ဖိနှိပ်သူတွေ ကင်းတဲ့နေရာ
ယုံကြည်ချက်တွေကို ပြက်ရယ်ပြုခြင်းကင်းတဲ့
ဘုရားသခင်အုပ်စိုးတော်မူတဲ့ ကမ္ဘာဆီကို သွားတော့မယ်။
နှုတ်ဆက်ခဲ့ပါတယ်
ငါ့ဝိဥာဉ်ထဲက ဖေဖေ-မေမေ အိမ်သားတွေ
ပျက်သုဉ်းခဲ့တဲ့ ငါ့အိမ်မှာ ကစားအတူတကွ
ငယ်ဘ၀က သူငယ်ချင်းတွေ
ဖိနှိပ်ခံရက်များအဆုံး နိဂုံးချုပ်တစ်ခန်းပြောင်း
မှေးစက်လဲလျောင်းခွင့် ရခဲ့ပြီဖြစ်တဲ့အတွက်
ကျေးဇူးတင်စကား ပြောကြားလိုက်ပါလေ
နှုတ်ဆက်ခဲ့ပါတယ်
ငါ့ကမ္ဘာ
ငါ့ဘဝ
ငါ့အဖော်မွန်ဖြစ်တဲ့ ချစ်စရာဧည့်သည်မလေးရေ
နှုတ်ဆက်ခဲ့ပါတယ် သူငယ်ချင်း မင်းဘယ်သူပင်ဖြစ်ပါစေ
သေဆုံးရခြင်း အနားယူခြင်း
တကယ်တော့ အတူတူပါပဲလေ …. ……. ……….။
ဒေါက်တာရီဇော်
--------------------------------------------------------------------------------

Saturday, August 2, 2008
အကယ်၍
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာမင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် …
အကယ်၍
အားလုံးကမင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကိုနားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင် …
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်ပြီး
အဲဒီအတွက်လည်း မမောမပမ်းနေနိုင်မယ်ဆိုရင် …
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့မတုံ့ပြန်ဘူးဆိုရင် …
ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်းအမုန်းတွေ ပြန်မပွားဘူးဆိုရင် …
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် …
ပြီးတော့ အတွေးခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာမဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင် …
အကယ်၍
အောင်မြင်မှု၊ သုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသောလောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် …
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် …
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တစ်ကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် …
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် …
ပြီးတော့ ..
အစကနေပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ…
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် …
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိဆက်ကြိုးစားနိုင်မယ်ဆိုရင် …
အဲဒီလိုပဲ
မင်းမှာစိတ်အင်အားကလွဲလို့ ဘာဆိုဘာမှမရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင်…
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် …
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာနသွေး မကြွဘူးဆိုရင် …
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကိုနာကျည်းအောင်မလုပ်နိုင်စေရင် …
အကယ်၍
လူတိုင်းကိုတန်ဖိုးထားလေးစားပေမယ့်
စွဲလန်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင် …
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့တစ်မိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်အသုံးချနိုင်မယ်ဆိုရင် …
ငါ့သားရေ …
မင်းဟာ… အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကိုဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…။
အဲဒီတော့မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပဲပေါ့ … …။
၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ဟာ NLD လူငယ်တွေကိုအမှာစကားပြောကြားရင်းနဲ့ ဒီကဗျာကိုပြန်ဆိုပြခဲ့ပါတယ်။

Friday, August 1, 2008
အသံ ဖိုင်ရ ဖို့တော့ မလွယ်ရေးချ မလွယ် ပါ

ဆရာကြီး မင်းသိင်္ခ သုခကမ္ဘာဆေးခန်းမှာ ကွယ်လွန်သွားတယ်လို့ ဧရာဝတီ တွင် ဖတ်ရပါတယ်။
ငါးတန်း ကစလို့ ဆရာကြီး မင်းသိင်္ခ ရဲ့စာအုပ် များကို နှစ်သက် ခဲ့ ရ ပါသည်။တိုင်းပြည်ချစ်သော
လူတစ်ယောက်အနေနှင့်လည်းလေးစားရ ပါသည်။ထို အကြောင်းအရာ ကို နိုင်ငံခြား မှ သူငယ်ချင်း
အကောင်းစား ကြီး နှင့် ဂျီတော့ ချက်နေလေ ရာ ...ဂေါ်မစွံ ၃၄ နှစ် အပျိုကြီးလည်း အဆောင် ယတြာလေး မရလိုက် လို့ နှမြောသတ နေလေ ၏။ ရလိုကရငြား သူက သွားမေးပေးပါ့ လားတဲ့...ပီးတော့ အသံဖိုင်းလေး ပို့ပေးပါ ဆိုသေး.. ၀ါသနာက..
အမြင်ကပ်တာ နဲ့ ပြောချ လိုက်တယ်။ သေတဲ့လူသွား မေးရတာလွယ် ဦးမယ် ဗျို့ အသံ ဖိုင်ရ
ဖို့တော့ မလွယ်ရေးချ မလွယ် ပါ...လို့။
ဂျီတော့ က ဆန့်ဖိုင်ကို ပါ ပိတ်ထားလို့ ခပ်တင်းတင်းရှိတာနဲ့.............
ညီစေနော်
Friday, July 25, 2008
"သူ့ မပြောနဲ့ သူ အဖေ တောင် မရဘူး"

ကျွန်တော် ၏ မိတ် ဆွေကြီး သည် ဓါတ်ပုံ ရိုက် ၀ါသနာထုံလေ သူဖြစ်ရသောခါ ရိုက်ထားသမျှ ဆိုင်သို့သွားထုတ် လေသည်။အန်တီ စု ပုံ တစ်ပုံ ပါလေရာဒီပုံ လေးပါ ထုတ်ပေးပါဟုပြောလေ၏။
ထို အခါ ဆိုင် ရှင် ကပြန် ပြောလေသည် မှာ " သူ့မပြောနဲ့ သူ့ အဖေတောင်မရဘူး" ဟုဆိုလေ ရာ ကျွန်တော် ၏ မိတ် ဆွေကြီး လည်း ဒီလိုမျိုး ဆိုလျှင် မေးမြန်းချင် သော ဗီဇ ရှိသူ ဖြစ်ရခြင်း ဌာ ဘာလို့လဲ လာတားထားသလား မေးလေတော့သည် ။ လာတော့ မတားဘူဗျာ ဗိုလ်ချုပ် ပုံ ဆိုင်မှာချိတ်ထား တာတော့ ဖြုတ်ခိုင်းတယ်။
မှေးမှိန်အောင်လုပ်ပုံ များ................
သိထားဖို့တော့ရှိသဗျ ပတ္တမြား မှန်ရင် နွံမနစ်ဘူး..............
ညီစေနော်
Thursday, July 24, 2008
ခေတ်ပြောင်းချင်သူများသို့

ကျွန်တော့်ဆရာတစ်ယောက်ဖြစ်တဲ့ (ကွယ်လွန်သူ) ဆရာလင်းယုန်မောင်မောင် ရေးခဲ့တဲ့ အတ္ထုပ္ပုတ္တိစာအုပ်တွေထဲမှာ “ချေဂွေဗားရား“ အတ္ထုပ္ပုတ္တိဟာ လွန်ခဲ့တဲ့နှစ် ၃၀ကျော်က လူငယ်တွေရဲ့လက်စွဲစာအုပ်တစ်အုပ်လို့ပြောရလောက်အောင် စွမ်းပကားကြီးမားခဲ့တယ်။ အကြောင်းအရာကလည်းကောင်း၊ ဆရာလင်းယုန်မောင်မောင်ရဲ့ အရေးအသားကလည်း ကောင်းလေတော့အတိုင်းထက်အလွန်ကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ခဲ့သပေါ့။ သို့ပေမယ့် အခု ကျွန်တော်တို့နဲ့နီးစပ်တဲ့ လူငယ်တစ်ချို့ကို ကျွန်တော့်ဆီမှာရှိတဲ့ ချေဂွေဗားရားစာအုပ်ကို ပေးဖတ်ကြည့်တော့ ၁၀ ယောက်မှာ ၁ ယောက် စိတ်ဝင်စားတာမတွေ့ရဘူး။
မကြာသေးခင်ကတော့ လူငယ်တစ်ချို့ချေဂွေဗားရား ရုပ်ပုံကြီးနဲ့တီရှပ်တွေဝတ်ကြတာတွေ့လိုက်ရလို့ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ကျူးဘားတော်လှန်ရေးမှာ ကက်စထရိုနဲ့လက်တွဲခဲ့တဲ့ ပြောက်ကျားပါရဂူ ချေဂွေဗားရား၊ တော်လှန်ရေးသမားဖြစ်ချင်သူ လူငယ်တွေ အဖို့ စံပြဟီးရိုးဖြစ်ခဲ့တဲ့ ချေဂွေဗားရား၊ ဘိုလီးဗီးယားမှာ သူကျဆုံးခဲ့တာ နှစ် ၄၀ ပြည့်တော့မယ်။ ခုထိ သူ့ကိုမမေ့ကြသေးပါလားလို့ တွေးမိခဲ့။
ကျွန်တော်နေတဲ့လမ်းထဲက တူအရွယ်သားအရွယ်လူငယ်ကလေးတွေကို မေးကြည့်တော့မှ နဖူးကို လက်ဝါးနဲ့ ရိုက်မိတော့တယ်။ အဲဒီရုပ်ပုံဟာနာမည်တော့မသိဘူးတဲ့။အမေရိကန်အဆိုတော် တစ်ယောက်ပဲတဲ့ဗျာ။ “သေဟဲ့ နန္ဒိယ“ လို့ မပြောချင်တော့ဘူး။ ဆရာလင်းယုန်မောင်မောင်သာကြားရင် နှစ်ခါပြန်သေချင်သွားမယ်။
တော်သေးတာပေါ့။ ကျွန်တော့်ရဲ့စာအုပ်လည်း မထွက်ဖြစ်ခဲ့ပေလို့။ကျွန်တော်ကဆရာလင်းယုန်မောင်မောင်စာအုပ်ရဲ့ နောက်ဆက်တွဲအဖြစ် “ချေဂွေဗားရားပဲ့တင်သံ သို့မဟုတ် ပြောက်ကျားတစ္ဆေ“ ဆိုတဲ့ စာမူကြီးတစ်ခု ၁၉၇၈ လောက်က ရေးပြီးခဲ့တယ်။ ချေဂွေဗားရားကျဆုံးပြီး ၁၀ နှစ်အတွင်း သူ့ရဲ့ပဲ့တင်သံတွေကို စုဆောင်းပြီးရေးခဲ့တာပါ။ အမေရိကန်တက္ကသိုလ်တွေမှာ ချေဂွေဗားရားရုပ်ပုံတံဆိပ်နဲ့ တီရှပ်တွေဝတ်ကြတာ၊ ရင်ထိုးတွေထိုးကြတာ၊ သီရိလင်္ကာမှာ ချေဂွေဗားရားသူပုန်ဆိုပြီး သူပုန်ကြီးပေါ်ခဲ့တာ စသည်ဖြင့် အများကြီးပါတယ်။ဒါတင်မက ချေဂွေဗားရားရဲ့ ပြောက်ကျားစစ်ဗျူဟာကို မော်စီတုန်းရဲ့ပြောက်ကျားစစ်၊ ဗီယက်နမ်က ဗိုလ်ချုပ်ကြီးငုယင်ဇပ်ရဲ့ ပြောက်ကျားစစ်တို့နဲ့ နှိုင်းယှဉ်သုံးသပ်ချက်တွေလည်းပါတယ်။ ခုထိစာအုပ်ဖြစ်မလာသေးဘူး။ လက်နှိပ်စက်မူဘ၀မှာပဲ ရှိသေးတယ်။
အခုပြောချင်တာက အဲဒီကျွန်တော့်စာမူထဲမှာ ချေဂွေဗားရား ကျူးဘားကထွက်ခွာပြီးဘိုလီးဗီးယားနိုင်ငံ တောကြီးတောင်ကြီး တွေထဲခိုလှုံကာ တော်လှန်ရေးသွားလုပ်တော့ အစိုးရတပ်ကထိုးစစ်ဆင်ချိန်မှာ ပြေးကြ ပုန်းကြရတဲ့အကြောင်းတွေ ပါတယ်။ ချေဂွေဗားရားရဲ့ ဒိုင်ယာရီတစ်နေရာမှာ ဘယ်လိုပါသလဲဆိုတော့ သူတို့ပြေးရင်းလွှားရင်း တောခေါင်ခေါင် ကျေးရွာတစ်ရွာနားမှာ ဆိတ်ကျောင်းနေတဲ့ မိန်းမကြီးတစ်ချို့နဲ့တွေ့တယ်။ ချေဂွေဗားရားကသူတို့ဟာတော်လှန်ရေးသမားတွေ ဖြစ်တဲ့အကြောင်း၊ ခင်ဗျားတို့တွေအတွက် တိုက်ပွဲဝင် နေတာဖြစ်ကြောင်းပြောတယ်။ ကျေးတောသူမိန်းမကြီးတွေက ဘာမှနားမလည်ဘူး။ သူတို့
အတွက်တော်လှန်ရေးလုပ်နေတယ်ဆိုတာကိုလည်း ဘာတွေလာပြောနေမှန်း မသိဘူးတဲ့။သူတို့ရဲ့ဘ၀တွေ ဘယ်လောက်နိမ့်ကျနေတယ်၊ ဘာကြောင့်ဒီလိုဖြစ်နေရတာဆိုတာလည်းမသိဘူး။ သူတို့အတွက်အသက်စွန့်ပြီး တော်လှန်ရေးလုပ်နေပါတယ်ဆိုသူတွေကိုကြောက်လန့်
နေတယ်။ အေးအေးဆေးဆေး တို့ဘ၀နဲ့တို့ပဲ နေစမ်းပါရစေ။ နင်တို့လာလုပ်နေလို့ အစိုးရတပ်ကနှိပ်စက်ရင် တို့ပဲခံရတာဆိုတဲ့ စကားမျိုးတွေပြောတယ်။ ချေဂွေဗားရား အရမ်း စိတ်ပျက် သွားတယ်။ သူ့ဒိုင်ယာရီမှာတောင် ထည့်ရေးထားတဲ့အထိ စိတ်ပျက်သွားလေရဲ့။
အဲဒီအကြောင်းတွေကို ကျွန်တော်ဘာသာပြန်ခဲ့ဖူးတယ်။ အဲဒီကတည်းက ကျွန်တော်အများကြီးတွေးခဲ့ဖူးတယ်။ “ခေတ်ကြီးကို အတင်းပြောင်းမယ်“ လို့ ကြွေးကြော်ပြီး “ဆယ်သန်းဂျာနယ်“၊ “ဆယ်သန်းသတင်းစာ“ တို့ကိုထုတ်ဝေခဲ့တဲ့ ဆရာဦးအောင်မြင် (မြို့မမောင်) ဟာခေတ်ပြောင်းဖို့ဆိုရင် လူတွေကို အရင်ဆုံး မျက်စိဖွင့်နားဖွင့် ပေးရမယ်ဆိုတာ အသိစောခဲ့ ပါလားလို့ သဘောပေါက်ပြီး သတင်းစာဆရာကြီး ဆရာဦးအောင်မြင်ကို ဦးညွတ်မိပါတယ်။
မောင်ဝံသ
စံပယ်ဖြူမဂ္ဂဇင်း၊ အမှတ်(၂)၊ဧပြီ၊ ၂၀၀၇
Tuesday, July 22, 2008
သခင်ကိုယ်တော်မှိုင်း၊ (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ

( ၁ )
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အမျိုးသားကဗျာဆရာကြီးအဖြစ် စာပေမှစတင်သိသော်လည်း ငြိမ်းချမ်း ရေးပိသုကာ ဆရာကြီးအဖြစ်နှင့် ချစ်ကျွမ်းခင်မင်ရခြင်းဖြစ်ပေသည်။
ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ စသော စာအုပ်များကို ကျောင်းနေစဉ်က ဖတ်ခဲ့ရ၍ သွက်လက်သော ကာရန် ဖြင့် စကားရွှန်းရွှန်း၊ ဇ၀နဥာဏ်ရွှင်ရွှင် ရေးသားသည့် ဆရာကြီး၏ ဟန်တို့၌ စွဲငြိခဲ့၏။
မစ္စတာမောင်မှိုင်း မှာတော်ပုံ ၀တ္ထု၌ ကိုပေါ ညည်းပုံကို…
`တမယားသေလျှင် တမယားနေစမြဲပေမဲ့၊ စံလျားအခြေ နှစ်ပါးဂဟေမြဲမယ့်သူရဲ့၊ (အမယ်မင်း) မယားအ နေရဲရမလားတဲ့လို့၊ အလကား အမေကမဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ၊´ စသော လူ့ သဘာဝသရုပ်ကို လေးချိုးကြီးဖြင့် ခပ်ရွှင်ရွှင် ရေးသားခဲ့၏။
လူချင်း စတင်ဆုံတွေ့ဖူးသည်ကား စစ်မဖြစ်မှီခေတ် တက္ကသိုလ်သမဂ္ဂ၌ ၀ါဒဖြန့်ချိရေးမှူးအဖြစ်ဆောင်ရွက် ခဲ့စဉ်ကဖြစ်ပေ၏။ အမျိုးသားနေ့၌ ညဘက်တွင် တရားပွဲများချပေးရာ တက္ကသိုလ်သမဂ္ဂတွင် ဆရာကြီး ဟောပြောပြီးနောက် မြေနီကုန်းတွင် ဆက်စရာရှိသဖြင့် ကျွန်တော်ပင် လိုက်ပို့ပေးရ၏။
ဆရာကြီးမှာ ထုံးခြောက်ရောင် ခပ်ဖျော့ဖျော့ပုဝါကို လျော့တိလျော့ရဲ ရစ်ပတ်ထားသည်။ ဆရာကြီးသည် ဘယ်တော့မှ မပေါင်း၊ လက်နှင့် ကဗျာကရာ ရစ်ပတ်လိုက်သည်သာ ဖြစ်၏။
ငွေရောင်ကဲ့သို့ ဖြူဖွေးသော ဆံစများမှာ ထုံးခြောက်ရောင်ထက်မှ သွယ်ရရယ်ကျနေ၏။ နှုတ်ခမ်းမွေးဖြူဖြူ မှာဇရာ၏ အမှတ်အသားဖြစ်သော်လည်း ပြုံးကြည်ရွှင်ပြသော မျက်လုံးအကြည့်မှာ ခိုင်မာလေးနက်ခြင်း အရောင်ဖြင့် တောက်ပနေသည်။ စကားပြောလိုက်သောအခါ ခေတ်မှီသောသဘောများကို ကြားရလိမ့် မည်။ လူငယ်ကဲ့သို့ တက်ကြွပျိုလွင်ခြင်းကို တွေ့ရှိရလိမ့်မည်။
ကားပေါ်တွင် ဗဟန်းကောလိပ်ခေတ်ကို တတွတ်တွတ်ပြောပြရာ နားထောင်၍ကောင်းလှ၏။ ထိုအခါက ကျွန်တော်တို့မှာ မွေးစသာရှိသေး၏။ ဆရာကြီး၏ ရှေးဖြစ်ဟောင်းကို ပြန်ပြောနေသည်မှာ အားရစရာ ကောင်းလှသည်။
တချက်တချက် ကွမ်းသွေးထွေးလိုက်ပြီးနောက်စကားကိုဆက်ပြန်၏။
`ဒီတုန်းကဆိုတာ ဆရာ့စိတ်ထဲမှာ တခါထဲ လူမျိုးခြားအနှောင်အဖွဲ့ကလွတ်ပြီး ကိုယ့်မင်းကိုယ်ချင်း ဘ၀ကို သာ ရောက်တော့မလို စိတ်မာန်က တက်နေတုန်းပေါ့…´
ကျွန်တော်က ၁၉၂၀ သပိတ်အရေးတော်ပုံမှ ပေါက်ဖွားလူးလွန့်လာသော အမျိုးသားကောလိပ်ကြီးကို စိတ်ကူးနှင့် မှန်းကြည့်နေခဲ့ရ၏။ အမ်-အေ မောင်ကြီးတို့ အကြောင်းရောက်ကာ အမျိုးသားကောလိပ်ကြီး ပျက်ရပုံကို ပြေပြနေပြန်၏။
`ဒို့လွတ်လပ်ရေးဟာ မင်းတို့လူငယ် ကျောင်းသားတွေ လက်ထဲမှာရှိတယ်။ မောင်အောင်ဆန်းဟာလဲ လူ တော်ကလေးကွဲ့´ ဟုကျွန်တော်တို့ဘက်သို့ လှည့်ကာ ပြောနေသည်။
မော်တော်ကားသည် မြေနီကုန်း အ၀ိုင်းကြီးကို ပတ်လိုက်လေပြီ။
ဓာတ်မီးတိုင်မှ အလင်းရောင်များကြောင့် ဆရာကြီး၏ မျက်နှာမှာလင်းနေသည်။ ဆရာကြီး၏ မျက်လုံးတို့မှာ အသက်အရွယ်ကြောင့် မီးခိုးရောင်ရှိသော်လည်း အကြည့်၌ကား ထက်မြက်လျက်ပင်ရှိသေး၏။ ပင်နီအပေါ် ဖုံး အဖြူထက်မှ ကွမ်းရိုးစင်း ပန်းရောင်နုလုံချည် စသော ဗမာဆန်သောအသွေးမှာ ဆရာကြီး၏ဟန်ပန်နှင့် ပဏ္ဏာရနေ၏။ ယခုခေတ်တွင် နိုင်ငံခြားအငွေ့အသက်မပါ၊ ဗမာဆန်ဆန် အမျိုးသားကြီးတဦးကို ပြပါဆို လျှင် ဆရာကြီးကို ပြရပေမည်။
စကားပြောရာ၌ လက်ညှိုးကိုထောင်ကာ ခေါင်းကိုငဲ့လျက် ဖြေးညင်းညင်သာစွာ ပြောသည်။ အသံမှာ သိမ် မွေ့သည်။ လူငယ်များကို ရင်းနှီးချစ်ခင်စွာဆက်ဆံသည်။ ဟာသရွှင်ရွှင်နှင့် ဝေဖန်ပြောလေ့ရှိသည်။ ဆရာ ကြီးပြောလျှင် ကျွန်တော်တို့မှာ အမြဲ ရယ်မောကာ နေကြရသည်။
သူ၏ လေးချိုးကဗျာကဲ့သို့ အမြီးအမောက် မတည့်သော လူနေမှုစနစ်၊ မမှန်ကန်သော လူ့သဘာဝတို့ကို ဟာသဖြင့် ပြက်ရယ် ပြုတတ်သည်။
မြေနီကုန်း တရားပွဲလုပ်နေရာ၌ ကားသည်ရပ်လိုက်သည်။ လက်ဦးပြောသူများကား ပြောလျက်ပင်ရှိသည်။ ထိုညတွင် ဆရာကြီးသည် တရား(၃) ပွဲ (၃) နေရာ၌ ဟောရမည်ဖြစ်သည်။
ဆရာကြီးသည် ကားပေါ်မှဆင်းပြီး `အေး အေး ကြိုးစားကြကွယ်။ မကြာခင် လွတ်လပ်ရမှာပေါ့´ ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်နှင့် နှုတ်ဆက်ကာ ထွက်သွားသည်။
ဓာတ်ခွက်မှ ဒေါမာန်ပါပါနှင့်ပြောနေသော အမျိုးသားနေ့လူထုတရားပွဲ ပရိသတ်ကြီးထဲသို့ တိုးဝင်သွား သော ဆရာကြီးကို လှမ်းမြင် လိုက်ရသည်။
ထုံးခြောက်ရောင် လျော့ရဲရဲ ပ၀ါ၊ ပင်နီ၊ ပန်းနုနှင့် အ.. ကွမ်းရိုးစင်း၊ နှုတ်ခမ်းမွေးဖြူဖြူ၊ ကိုယ်နေ မတ်မတ် ဖိုင့်ဖိုင့်၊ ဤသဏ္ဌာန်မှာ ပဌမဦးဆုံး တွေ့ဖူးသော ဆရာကြီး၏ ရုပ်သွင်ဖြစ်ပေသည်။
ကျွန်တော့မှာ လူထုကြီးထဲသို့ တိုးဝင်သွားသော ဆရာကြီးအား အမျိုးသား လွတ်လပ်ရေး၏ အမှတ်တံဆိပ် အဖြစ် ရင်တွင်း၌ စွဲလမ်း မှတ်သား ထားခဲ့ပေသည်။
( ၂ )
ဂျပန်ခေတ်၌ ရွှေတောင်ကြားတွင် ဆရာကြီးနှင့် နီးကပ်စွာ တွေ့ဆုံရပြန်သည်။
ထိုအခါက ဆရာကြီးမှာ ရွှေတောင်ကြားလမ်းနှင့် ချင်းချောင်းရိပ်သာ လမ်းဒေါင့်ရှိ ကုန်းမြင့်ပေါ်ထက် ထင်း ရူးပင်များနှင့်တိုက်ဝယ် နေထိုင်လျက်ရှိသည်။ ကျွန်တော်မှာ တအိမ်ကြားရှိ ဗိုလ်ဇေယျနှင့်အတူ နေခိုက်ဖြစ် သည်။ ဆရာကြီးထံသို့ ဒို့ဗမာအစည်းအရုံးဥက္ကဋ္ဌ သခင်တင်မောင် (ယခု ကွယ်လွန်ပြီ) နှင့် သွားတတ်ကြ သည်။ သခင်တင်မောင်မှာ ကျွန်တော့်ကို မကြာခဏ လာခေါ်လေ့ရှိသည်။
ဆရာကြီးမှာ အမျိုးသားနေ့တရားပွဲတုန်းက ရုပ်သွင်ကဲ့သို့ပင် ခပ်ရွှင်ရွှင်အမူအယာနှင့်။ ပင်နီရှပ်အင်္ကျီအဖြူ ခံပေါ်မှအနက်ကွက် ပလေကပ်လုံချည်နှင့် တွေ့ရတတ်သည်။ ပင်နီရှပ်မှာ ရင်ခွဲဖြစ်၍ လုံချည်အပြင် ထုတ် ၀တ်ထားသည်။ လမ်းလျှောက်သည့်အခါ လက်တဘက်က လုံချည်ကိုခပ်ဆတ်ဆတ် ကြွ၍ကြွ၍ သွားလေ့ ရှိသည်။
လဘက်ကို တွင်တွင်စားသည်။ နှမ်းဆီဖြင့် ရွှဲနေသောလဘက်ခွက်ကို တိုးပေးကာ `စားကွ´ ဟု ကျွန်တော် တို့ဘက်သို့ လှည့်ပြောလေ့ရှိသည်။
လဘက်ခွက်ထဲရှိ ဆီထဲ၌ကား ပုဇွန်ခြောက်နှင့် ကြက်သွန်ကြော်တို့မှာ နန်းချင်းဖြစ်ပေ၏။ ဧည့်သည်များ ကား ဥဒဟို ၀င်ထွက်သွားလာလျက် ရှိကြသည်။ အများအားဖြင့် တပည့်တပန်းများ ဖြစ်ကုန်သော သခင် များ ဖြစ်ပေကြသည်။
ဆရာကြီးသည် နိုင်ငံရေးနှင့်ပတ်သက်၍ ပြောဆိုသည့်အခါ ဘယ်သူ့ကိုမှမညှာ။ ရှင်းရှင်းဘွင်းဘွင်းပင် ပြောသည်။ စောစောပိုင်းကပင် ဂျပန်ဆန့်ကျင်ရေးသမားဖြစ်ကာ သခင်အောင်ဆန်းတို့အား `မင်းတို့ပင့် လာတဲ့ဘုရား နှင်ချလို့မရဘူးလား´ဟု ပြောင်ပြောလေသည်။ တနေ့လုံး နိုင်ငံရေးစကား ပြောလေသည်။
နိုင်ငံရေးစကား ပြောလျှင် မောပန်းသည်မရှိ။ ထမင်းစား လာခေါ်မှ ထစားသည်။
တခါတရံ ဂျပန်သတင်းစာ ဆရာများ ပေါက်လာတတ်၏။ ထိုအခါမျိုးတွင် သခင်တင်မောင်က စကားပြန် လုပ်ရ၏။
ဂျပန်များရှေ့တွင်ပင် ဗမာများသည် ရာဇ၀င်အစဉ်အလာအရ ဘယ်သူ့ကျွန်အဖြစ်မှမခံဘဲ နေလာခဲ့ပုံများကို အခြေခံကာ အမျိုးသားဇာတိမာန်ကို ဖေါ်လေ့ရှိ၏။ ဂျပန်များကား လေးလေးစားစားပင် နားထောင်နေကြရ ၏။
ဆရာကြီးသည် ဗုံးရန်ကိုလည်း အမှုမထားတတ်။
တည၊ သခင်တင်မောင်က အတင်းဆွဲထားသဖြင့် ဆရာကြီး၏ အိမ်တွင် အိပ်ရပေသည်။ လေယျာဉ်ပျံလာ၍ အောက်ထပ်သို့ ဆင်းကာ ခြံထောင့်ရှိ ဗုံးကျင်းထဲ ပြေးဆင်းကြ၏။ ဆရာကြီးမှာ ဘယ်သူခေါ်၍မှ မရဘဲ စိတ်ပုတီးကိုင်ကာ လသာသာ၌ ခြံထဲရှိ လမ်းကလေးတွင် လမ်းလျှောက် မပျက်၊ ပုတီးစိပ် မပျက်….။
ဗုံးကား တဝေါဝေါ ကြဲချလျက်ရှိရာ သမီးဖြစ်သူ ဆရာယော(ဇေယျ)၏ ဇနီးက
`ဖေဖေ.. လူရိပ်မြင်မယ်။ ဖေဖေက ကိစ္စမရှိဘူး။ ဂျပန်တွေက တမျိုးထင်နေအုံးမယ်။ အိမ်ထဲဝင်နေပါ´ ဟု စိုးရိမ်ကြီးစွာလှမ်းပြောလိုက်မှ `ဟင်´ ဟုတချက်ဆိုကာ မှောင်ရိပ်ရှိသောတံခါးဝ၌ အသာ ကပ်လိုက်လေ သည်။
ကျွန်တော်နှင့် သခင်တင်မောင်မှာ ဥသြ အရှည်ဆွဲလိုက်မှ ဗုံးကျင်းထဲမှထွက်လာကြသည်။ ဆရာကြီးကား သူ့အခန်းထဲ၌ အေးဆေးစွာပင်ထိုင်နေကာ `အင်း … ဘယ်နေရာတွေများ ချပြန်ပလဲမသိဘူး။ သတ္တ၀ါတွေ သေကြကျေကြအုံးတော့မှာပဲ။ စစ်ကြီးပြီးမှ ဖြစ်မယ်ဟေ့´ဟု တည်ငြိမ်စွာ ပြောနေလေသည်။
( ၃ )
သည့်နောက်၌ကား ဆရာကြီးနှင့် တော်တော်ကြာ မဆုံတွေ့ဘဲ နေခဲ့ကြသည်။ အမှန်အားဖြင့် ဆရာကြီးမှာ ကျွန်တော့ကို ဖြတ်ကနဲ ဖြတ်ကနဲုသာတွေ့လိုက်ရ၍ မှတ်မှတ်ရရ ရှိချင်မှလည်းရှိပေမည်။ နိုင်ငံရေးသမား များနှင့်သာ အတူတွေ့သည်ဖြစ်၍ နိုင်ငံရေး နယ်ပယ်ထဲကဟုသာ သာမန်မှတ်ထင်မည်ဖြစ်၏။ စာအ ကြောင်း ပေအကြောင်းလည်း တခါမျှ မယ်မယ်ရရ မဆွေးနွေးဖူးဖြစ်။
၁၉၅၀ ခုက၊ ကျွန်တော် စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်စဉ်က စာဆိုတော်နေ့ လူထုအစည်းအဝေး၌ ဆရာ ကြီးနှင့် စကားပြောလိုက်ရပြီး နောက် တရုတ်ပြည်သွားကြတော့မှ လက်ပွန်းတတီးနေခွင့်ရကာ ခင်မင် ရင်းနှီးလာလေ၏။
ထိုအခါကား သခင်ကိုယ်တော်မှိုင်းမှာ ငြိမ်းချမ်းရေးပိသုကာဆရာကြီး ဖြစ်နေပေပြီ။
လေးကန်ဖင့်နွဲခြင်း မရှိ။ လူငယ်များထက်ပင် ဖျတ်လတ်တက်ကြွနေသည်ကို အံ့သြစွာတွေ့ရ၏။ တရုတ် ပြည်တွင် လည်စရာကြည့်စရာ အစီအစဉ်များရှိရာ ဘယ်အစီအစဉ်မှ မလိုက်ဟူ၍ ချန်နေရစ်သည်မရှိ။ `ဆရာကြီး ပန်းနေမယ်။ နေချင် နေရစ်ခဲ့ပါလား´ ဟု အလိုက်တသိ ပြောသည့်အခါ လက်ကာလိုက်ကာ `လိုက် တာပေါ့။ ကိစ္စမရှိပါဘူး။ ဆရာလိုက်နိုင်ပါတယ်´ ဟုပြောကာ ပန်းရောင်ပ၀ါကို အသာခွေပတ်လိုက် သည်။
ဟန်ချောင်၌ ဥယျာဉ်ကြီးတခုသို့ သွားလည်ရာ တောင်ပေါ်သို့တက်သည့်နေရာ တနေရာရှိ၏။ တချို့ မိန်းမ ကိုယ်စားလှယ်တော်များမှာ တောင်အောက်ရှိ သစ်ပင်အောက်၌ အပန်းဖြေရင်း နေရစ်ခဲ့ကြ၏။ ဆရာကြီးမှာ မမောမပန်း တက်လိုက်သွား၍ တရုတ်ရဲဘော်များမှာ အံ့သြနေကြရသည်။
`လိုက်တာပေါ့ကွ´ဟု အစီအစဉ်တိုင်းကို လွယ်လွယ်ကူကူပင် လက်ခံသည်။ ကျွန်တော်တို့မှာ အသက် (၇၆) နှစ် အရွယ်နှင့် သည်လောက် ဖျတ်လတ်ပျိုလွင် နေခြင်းရှိသည်ကို အံ့သြနေကြရသည်။
ခရီးလမ်း တလျှောက်လုံးလည်း ဆရာကြီးကြောင့် စိုပြေနေခဲ့သည်။
ကောလုံမှ ဟောင်ကောင်ဘက်သို့အကူး ကူးတို့ဆိပ်တွင် ကူးတို့ကြေးထုတ်ပေးသည်ကို မြင်ရသောအခါ `ဂိတ်ကြေးလားကွ´ ဟု ဆရာကြီးကပြော၍ ကျွန်တော်တို့မှာ မရယ်ဘဲမနေနိုင်ကြ။ မော်စီတုန်း၏ ဧည့်ခံပွဲ တွင်လည်း လက်၌ပတ်ထားသော ပုတီးကိုကဗျာကရာဖြုတ်ကာ အိတ်ထဲထည့်ပြီး `သခင်နုနဲ့ မှားနေပါအုံး မယ်ကွာ´ ဟု ပြောရာ ကျနော်တို့မှာ ရယ်မောနေရပေ၏။
ဆရာကြီးသည် ကွမ်းနှင့်လဘက်ကိုကား ကြိုက်သည်။ တရုတ်ပြည်သွားသောအခါ ကွမ်းရွက်များ ယူသွား သည်။ တရုတ်သံရုံးမှ ဂရုတစိုက် ထည့်ပေးလိုက်သည်။ သို့သော် (၁၀) ရက်ခန့်အကြာ ပီကင်းကအထွက် ထိအောင်ကားမခံတော့။ နွမ်းခြောက်ကုန်ပေပြီ။ ဆရာကြီးမှာ ညည်းညူသည်မရှိဘဲ ကွမ်းသီးကိုဝါး၍နေ၏။
စကားပြောလျှင် ကွမ်းစားမပျက် ပြောလေ့ရှိ၏။
အစားအသောက်၌ ဇီစာမကြောင်။ အအေးကို မခံနိုင်မရှိ။ မြောက်ပိုင်း မုကဒင်ဘက်သို့ ရောက်ရာ အတော် အေးနေ၍ `ဆရာကြီး အေးသလား´ ဟုမေးလျှင် `မအေးပါဘူး´ ဟု ဖြေလေ့ရှိ၏။
သခင်ဘဦးက ဆရာကြီးအတွက်စိုးရိမ်၍ အခန်းပြင်သို့မထွက်ဘဲနေစေရာ သခင်ဘဦးကွယ်ရာတွင် `သခင် ဘဦးလုပ်တာနဲ့ ဆရာ့မလဲ လူမမာကြီးကျနေတာဘဲ ဆရာဘာမှ မဖြစ်ပါဘူး´ ဟု ကျွန်တော်တို့အားပြော၏။ တကယ်လည်း ဆရာကြီးမှာ ဘာမှမဖြစ်။
စိတ်ဓာတ်ကလည်း ထက်သန်လှ၏။
ပီကင်းတွင် ရောက်ရှိနေသော ဗမာကိုယ်စားလှယ်တော်များထဲတွင် ဆရာကြီး မှာအသက်အကြီးဆုံးဖြစ်၍ အားလုံးက ဆရာကြီးကို ကိုင်းရှိုင်းလေးစားကြသည်။ အံ့လည်း အံ့သြကြသည်။ လူကြီးချင်းဖြစ်သော ဘူလ် ဂေးရီးယားမှ အသက် (၆၀) ခန့် ဆံပင်ဖြူဖြူနှင့် ကဗျာဆရာကြီးနှင့်ကား အလွမ်းသင့်နေ၏။ နှစ်ယောက် သားတွေ့လျှင် ဖက်လဲတကင်း နေကြ၏။
ဆရာကြီးမှာ အသက်အရွယ် ကြီးပြီဆို၍ ထူထူထဲထဲ မဟုတ်။ စူးရှ၏။ သိမြင်တတ်၏။ အင်မတန်လည်း ပါးသည်။
တခါက ကျွန်တော့်အား နိုင်ငံရေးသမား ပုဂ္ဂိုလ်နှစ်ဦးနှင့် ပတ်သက်၍
`ဟေ့ တာရာ၊ သူတို့က ဆရာ့ကို အာဏာရရင်ပေါ့လေ၊ သမတမြှောက်ရမယ် ဘာမယ်နဲ့ လာပြောတယ်ကွ။ ဆရာ့ကို အထင်သေးတာ။ ဆရာက ဘာလာဘ်လာဘ၊ ဘာရာထူး ဋ္ဌာနန္တရမှမျှော်ကိုးပြီး ခုလိုနိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ ဒို့ဗမာပြည်ကြီး ကောင်းစားတာ မြင်ချင်တဲ့ စေတနာနဲ့ သွားလာလုပ်ကိုင်နေတာ။ ရာထူးနဲ့မျှားလို့ ရတယ်များ အောင်းမေ့နေသလားမသိဘူး´ ဟု ကွမ်းဝါးရင်းက ရယ်ကာပြောနေ၏။ ကျွန် တော်က `ဆရာကြီးကိုကြည်ညိုတဲ့ စေတနာနဲ့လည်း ပြောတာပါဆရာကြီးရယ်´ ဟု ပြန်ပြောသောအခါ `ဆရာက ဒီလောက် မအပါဘူး။ လူထုက တင်မြှောက်မှ ရတာ´ဟု ပြောနေ၏။
အမှန်အားဖြင့် ဆရာကြီးမှာ နိုင်ငံချစ်စိတ်သက်သက်နှင့် ရိုးသားဖြူစင်စွာ သွားလာလုပ်ကိုင်နေခြင်း ဖြစ်၏။ ထို့ကြောင့်လည်း တတိုင်းပြည်လုံးက ကြည်ညို ချစ်ခင်ကြပေသည်။
( ၄ )
ငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ်ကား မြင့်မြတ်လေသည်။ လူအများ၏ ကောင်းကျိုးချမ်းသာမှုကို ရှေ့ရှုသည်။ ယနေ့ ဖြစ်ပျက်နေသော ပြည်တွင်းစစ်ကို ရပ်စဲစေချင်သော ဆန္ဒရှိသည်။ တဘက်နှင့်တဘက် အတိုက်အခိုက် ရပ်ကာ အမျိုးသား အချင်းချင်း စည်းလုံးစွာ ရှိကြဖို့ စေတနာမှာ ပြင်းပြသည်။
`ဆရာ့ သဘောကတော့ အားလုံး ညီညီညွတ်ညွတ်ဖြစ်တာသာ မြင်ချင်တာပါပဲကွာ။ တယောက်နဲ့ တ ယောက် သီးညီးခံပြီးစေ့စပ်ရင်တော့ အောင်မြင်မှာပဲလို့ ဆရာယုံကြည်နေတာပဲ´ဟု ဆရာကြီးသည် မနှစ် တနှစ်ကတည်းက ပြောနေခဲ့၏။
ဆရာကြီးစေတနာကို ကျွန်တော်တို့ အကြွင်းမဲ့လည်း ယုံကြည်လေးစားသည်။ ထို့ကြောင့်လည်း ၁၉၅၂ ခု၊ မေလကကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးညီလာခံကြီး၌ နိုင်ငံလုံးဆိုင်ရာကော်မတီကို ရွေးသော အခါ ဥက္ကဋ္ဌအဖြစ် ဆရာကြီးကို တင်မြှောက်ရန် မရရအောင် တိုက်တွန်းကြိုးပမ်းခဲ့ကြ၏။
အသက်အရွယ်ကြီးပြီ၊ ဘာပြီစသည်ဖြင့် တချို့ကစဉ်းစားကြရာ၌ `ဒီနေရာဟာ ဆရာကြီးနဲ့ အသင့်လျော် ဆုံးပဲ။ ဘယ်ပါတီ သံယောဇဉ်မှလည်းမရှိ။ တပြည်လုံးက ကြည်ညိုတဲ့ပုဂ္ဂိုလ်၊ စေတနာကလည်း အင်မတန် မှဖြူစင်တယ်´ဟု ဆရာကြီးကိုပင် အားလုံး၏သဘောတူချက်ဖြင့် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြလေသည်။
ယနေ့ပြည်တွင်းစစ်ကြီး၌ တဘက်နှင့်တဘက် တိုက်ခိုက်နေသူများမှာ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂများ၌ အတူလုပ်လာခဲ့ကြသော ရဲဘော်ရဲဘက်များဖြစ်၍ ဆရာကြီး၏ တပည့်တပန်းများ ဖြစ်ကြ သည်။
ဤတပည့်များ ညီညွတ်စည်းလုံးစွာ ရှိစေချင်သောစေတနာနှင့် တပြည်လုံးလူအများ အေးချမ်းစွာ ဖြစ်စေ ချင်သော အာသီသတို့ ဖြင့်ထားရှိသော ငြိမ်းချမ်းရေး သဘောထားမှာ ဆရာကြီး၏ ပြည်တွင်းညီညွတ်ရေး ယုံကြည်ချက်ပင် ဖြစ်သည်။
`ချိုးတို့၊ ခါတို့၊ ဇရက်တို့ဆိုတဲ့ ကျေးငှက် ကလေးများတောင် သူ့အသိုက်နဲ့သူ အေးချမ်းစွာနေချင်ကြတယ်။ အခြားတိရိစ္ဆာန်များက ကျူးကျော်တာကို မခံချင်ကြဘူး။ လူသားတွေမှာ ဘယ်မှာပြောစရာ ရှိပါ့မလဲ။ နယ်ချဲ့ခြင်းကို ဆရာတို့က မကြိုက်ဘူး´ဟု ပီကင်းမြို့ အပြည်ပြည်မှ ပြည်သူ့ကိုယ်စားလှယ်များ၏ ထမင်း စားပွဲ၌ ပြောကြားသောအခါ ကျွန်တော်တို့စားပွဲရှိ ဟန်ဂေရီမှစာရေးဆရာများမှာ ဆရာကြီး၏ ကမ္ဘာ့ ငြိမ်းချမ်းရေး စကားရပ်များကို နှစ်သက်အားရခြင်း ဖြစ်ရသည်။
ကျွန်တော်နှင့် အေးအေးဆေးဆေး ကြုံတိုင်း `ဟေ့ တာရာရ … အာဏာ လက်ရှိသူတွေရော၊ တောထဲက လူတွေရောဟာ ဆရာ့တပည့်တွေပဲကွ။ သန်းထွန်းဆိုတာ အင်မတန် အလုပ်လုပ်တဲ့အကောင်။ သခင်နုဆို တာလဲ ပုတီးနဲ့နေတာပဲ။ အားလုံး တလုံးတစည်းထဲရှိရင် တို့ပြည်ဟာ သိပ်ကောင်းမှာပဲ´ ဟုပြောလေ့ရှိ သည်။
အာရှငြိမ်းချမ်းရေး ညီလာခံကိစ္စနှင့် ပီကင်းရောက်သည့်အခါ သံအမတ်ဦးလှမောင်ကိုသာ တမေးထဲမေးနေ သည်။ `လှမောင်ဟာ ဆရာ့တပည့်ပဲကွ´ ဟု တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုလှမောင်အား ခင်မင်ရင်းစွဲ ရှိလေသည်။
`ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကြိုက်ရမယ်ကွ။ အားလုံးပါဝင်နိုင်ရမယ်´ ပြောလေသည်။ ဆရာကြီး၏ ကျယ် ပြန့်စွာထားရှိသည့် ငြိမ်းချမ်းရေး သဘောထားမှာ မှန်ကန်လှပေသည်။
ဆရာကြီးနှင့် ကျွန်တော်တို့မှာ တသဘောတည်း ဖြစ်ကြသည်။
အစည်းအဝေး သဘာပတိလုပ်စရာ၊ တရားဟောစရာ စသော အသင်းအဖွဲ့ရေးရာနှင့်ပါတ်သက်၍ ငြင်းဆန် သည်မရှိ။ သွားခေါ်လျင် ခေါင်းပေါင်းကလေး အသာရစ်ကာ လိုက်ပါလာ၏။ အများအကျိုးဟုဆိုလျင် ပင် ပန်းသည်မရှိ။ ဘယ်တော့မှ မညည်းညူ။
အာရှနှင့်ပစိဖိတ် ငြိမ်းချမ်းရေးညီလာခံကြီးအတွက် ဒုတိယအကြိမ်ပီကင်းသို့ သွားရမည်ရှိသောအခါ ရှော ရှောရှူရှူပင် ထလိုက်လာခဲ့၏။
နမော်နမဲ့ နေသည်မဟုတ်။ အခြေအနေကို အမြဲတမ်း လေ့လာအကဲခတ်လေ့ရှိသည်။ ဆရာကြီး မသိဟူ၍ ထင်ထား၍မဖြစ်။ ပါးလည်းပါး၍ သိတတ်မြင်တတ်သည်။ မကြာခဏ ကျွန်တော့်ကိုခေါ်ကာ မေးမြန်းတိုင် ပင်လေ့ရှိသည်။
`ဆရာ့စေတနာက အားလုံးကောင်းဖို့၊ အေးချမ်းဖို့လုပ်နေတာ။ ကမ္ဘာကြီး ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒအမြဲရှိ တယ်။ တပါတီ၊ တဖွဲ့ကောင်းစားဖို့၊ ဘယ်သူတွေဝန်ကြီးဖြစ်ဖို့ လုပ်နေတာမဟုတ်ဘူး တာရာရ´ဟု ကွမ်းဝါး ရင်း ပိုးခန်းဆီးပါးကလေးအကြား မြင်ရသောနောက်တွင် တရိပ်ရိပ် ဖြတ်သန်းကျန်ရစ်ခဲ့သည့် တရုတ်ပြည် ဂန္ဓာရတောရွာ ကျေးလက်များကို ငေးကာပြောတတ်လေသည်။
ဆရာကြီးသည် မည်သူ၏ သြဇာမှမခံဘဲ ကင်းကင်းရှင်းရှင်း၊ ရိုးရိုးသန့်သန့်ဆောင်ရွက်သော နိုင်ငံရေးကို လုပ်သည်။ ကျွန်တော့်ကိုလည်း `ဟေ့ ...တာရာ ကျွန်ဝယ်ရာ အဆစ်မပါစေနဲ့ ´ဟု သတိပေးလေ့ရှိ၏။
ဆရာကြီးမှာ ဘယ်အဖွဲ့စည်းမှာဖြစ်ဖြစ် ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းကို အမြဲလိုလားသည်။
ဆရာကြီးသည် ဤ ဖြူစင်သန့်ရှင်းသော စေတနာကြောင့်ပင် အေးသည့်ရာသီတွင် တိုင်းတပါးရပ်ခြားသို့ သွားခြင်း၊ အစည်းအဝေး များ၊ တရားပွဲများသို့ စိတ်အားထက်သန်စွာ တက်ခြင်းဖြစ်ပေ၏။
ဆရာကြီး၏ အမူအယာမှာ အိုမင်းရင့်ရော်ခြင်း၊ နွမ်းနယ်ခြင်းတို့ မရှိဘဲ လန်းလန်းရွှင်ရွှင်၊ ဖျတ်လတ်မြန် ဆန်နေသည်မှာ သူ၏ ပြင်းပြသော စိတ်မာန်ကြောင့် ဖြစ်ပေသည်။
( ၅ )
ပီကင်းရောက်သည့်ညက ဧည့်ခံပွဲတခုရှိရာ ဆရာကြီးသည် ပင်နီရင်ဖုံး၊ ရွှေဖလားရောင်တွင် ပန်းဖျော့သွေး အစင်းကြီးများဖြင့် စင်းထားသော တောင်ရှည်ပုဆိုးနှင့် ၀တ်ထားသည်ကို မြင်ရရာ မြင့်မားထွားခိုင်သော ကိုယ်ဟန် အသွေးအမွေးနှင့် ကြည့်ကောင်းနေသည်။ ဗမာပြီပြီ ခံ့ခံ့ညားညားနှင့် ကြက်သရေရှိသော ရုပ်သွင်ဖြစ်သည်။
ကျွန်တော်နှင့် သခင်လွင်က `ဆရာကြီးက ဖိုးစိန်ကြီးကြနေတာပဲ´ဟု ပြောလိုက်သောအခါ ဆရာကြီးသည် ခါးပုံစကို သိမ်းရင်း `အေး…အေး´ ဟု ရယ်မောနေသည်။ ရယ်ပုံမှာ စိတ်ကြည်လန်းစရာ ကောင်းနေသည်။
အသားအရောင်မှာ ၀ါညံ့ညံ့၊ ဖြူဖွေးသော ငွေရောင်နှုတ်ခမ်းမွေးမှာ အသက်အရွယ်ကို ပြသည်မှန်သော် လည်း ရင့်ကျက်ကြည်လင်သော ဣနြေ္ဒကို လေးနက်အောင် ဖြည့်စွမ်းလျက်ရှိပေသည်။ ပညာရှိ က၀ိတို့၏ ဟန်ပန်ပေါ်နေ၏။
ငြိမ်းချမ်းရေး လုပ်ငန်းကြီးကို အစိုးရ၏ အတိုက်အခံသဘော ဘယ်တော့မှ မထားရှိခဲ့ပေ။
ချီလီကဗျာဆရာကြီး နီရူဒါဇနီးမောင်နှံဆိုလျှင် ဆရာကြီးကို များစွာလေးစားကြသည်။ နိုင်ငံခြား ကိုယ်စား လှယ်များမှာ ဆရာကြီး၏ တည်ငြိမ်ကြည်လင်သော ရုပ်သွင်ကိုကြည့်ကာ ချစ်ခင်လေးမြတ်ခြင်း ရှိကြသည်။ ကဗျာဆရာကြီးဟု ပြောပြသောအခါ `ဆရာကြီး၏ ကဗျာတပုဒ်လောက် ရွတ်ပြပါ´ ဟု တောင်းပန်တတ် ကြသည်။
ဆရာကြီးနှင့် ခရီးသွားရသည်မှာ လူကြီးတဦးနှင့် သွားရသည်နှင့်မတူ ရွယ်တူလူငယ်များနှင့် သွားရသလို ပျော်စရာကောင်းသည်။
ဆရာကြီး၏ ဟာသကြောင့် ရယ်မောကာပင် နေရလေ၏။
နိုင်ငံရေး အတွေ့အကြုံများသူဖြစ်၍ ၀ံသာနုခေတ်မှ ဖဆပလခေတ်အထိ အဖြစ်အပျက် ဇာတ်ကြောင်း များကို ပြောပြသည်ကို နားထောင်ရသည်မှာ အသိအမြင် တိုးပွားမှတ်သားလောက်ပါပေ၏။ အအိပ်အနေ၌ ဇီစာမကြောင်။ ပူသည်၊ အေးသည် ဘယ်တော့မှမညည်း။ လူငယ်များရှေ့ကပင် ဖျတ်လတ်စွာသွားလာနိုင် ၏။
မျက်စိမှာ အရွယ်နှင့်စာသော် မမှုန်သေးသည်ကို တွေ့ရသည်။ စာရေးရာ၌ တွေဝေဖင့်နှေးခြင်းမရှိ။ တောက် လျှောက် ဖြူးဖြောင့်စွာ ရေးချသွားနိုင်သည်။ လေးချိုးကို တခါတည်း စပ်သွားနိုင်သည်။
တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်းမှ သ၀ဏ်လွှာကို ကျွန်တော့်ရှေ့၌ပင် ရေးချသည်။ ဧည့်ခံစားပွဲကလေး တွင် ရေးချသည်။ ရှင်မဟာ သီလ၀ံသ၏ `က၀ိမဏ္ဌပါလ´ ကျမ်းမှ အကိုးအကားပင် ထည့်သွင်းသွားသည်။
ခေါင်းရင်းဘက်စားပွဲမှ ကော်ပီစာအုပ်နှင့်ကူးထားသော `မူ´ တခုကိုယူလာကာ စာရွက်များကို ကြာကြာ မလှန်ရဘဲ သုံးလိုသည့် အပိုဒ်ကိုတွေ့သဖြင့် `တာရာရေ…ဖတ်စမ်း´ဟု ကျွန်တော့်လက်သို့ ကမ်းသည်။
ကျနော်က ( မျက်စိမှုန်လှသူဖြစ်၍ ) သေးသော စာလုံးများကို မနည်းကြည့်ယူရ၏။
`တရုတ်ပြည်တွင်၊ သုံးမည်လွှမ့်ကျော်၊ လောင်းရှင်တော်လျှင်၊ မဟောသဓာ…လား ဘာလဲမသိဘူး ဆရာ ကြီး၊ ဖတ်လို့ မရဘူး၊ သဓာတော့ မဟုတ်ဘူး´
ဆရာကြီးက မျက်မှန်မပါ၊ စာအုပ်ကို အနားယူကြည့်ကာ `မဟော်မည်သာ´ ဟု ဖတ်နေလေသည်။
ထို့နောက် ဆရာကြီးက ပုဂံခေတ် ဒိသာပါမောက္ခဆရာတော် တရုတ်ပြည်သို့ သံတမန်ကိစ္စနှင့်သွားပုံကို ရှေးကဗျာ၊လင်္ကာ ဂန္ထ၀င်များမှ ထုတ်နှုတ်ကာ ပြောနေသည်။
`တပြည်နဲ့တပြည်ဟာ ကူးလူးဆက်ဆံခြင်း ရှိရမယ်ကွ။ ဒါမှ ယဉ်ကျေးမှုရင်းနှီးမှုရှိမှာ။ ရင်းနှီးမှုရှိမှ မုန်းစိတ် ဘာစိတ်မရှိဘဲနီးစပ်ပြီး တပြည်နဲ့တပြည် စစ်ဖြစ်နိုင်ဖို့ဆိုတာ ဝေးမှာပဲ´
ပြောရင်း သ၀ဏ်လွှာကို ရေးနေသည်။ လက်သန်း၊ လက်သူကြွယ်များကို စာရွက်နှင့်ထိရှပ်ကာ ရှေးမူရာနှင့် ကာရန်သွားကိုဟပ်နေသည်။
`နဘေတွေ ပါလား ဆရာကြီး´
ဆရာကြီးက ရေးနေလျက်က `နဘေဆိုတာ စာပေါ့တာပေါ့ကွ´
သ၀ဏ်လွှာရေးပြီးလျှင် ရောက်တတ်ရာရာ စကားစမြည်ပြောရင်းက ၁၉၅၃ - ခုနှစ်တွင် အလင်္ကာကျော်စွာ ဘွဲ့ထူးများပေးသည့်အကြောင်း ရောက်သွားရာ `ပုလွေမှုတ်တဲ့ လူတွေတောင် အလင်္ကာကျော်စွာ ရကုန်ကြ ပြီကွ´ ဟု ကွမ်းသွေးများနှင့် ရယ်မော ပြောနေသည်။
ဆရာကြီးသည် ကွမ်းဝါးနေပြန်သည်။ ကျွန်တာ့်အား ငြိမ်းချမ်းရေး အခြေအနေများကို မေးမြန်း၍ပြောပြ နေရ၏။ အသက် (၈၀) သို့ ချဉ်းကပ်နေပြီ ဖြစ်သော်လည်း ဆရာကြီးသည် ငြိမ်းချမ်းရေးကိစ္စ၌ စိတ်ပျက် အားလျော့သည် ဟူ၍ မရှိဘဲ စိတ်အားထက်သန်လျက် ရှိပေသသည်။
`အေး… ပြည်တွင်းမှာ အေးချမ်းအောင် လုပ်ကြရမှာပဲကွ´
ကျွန်တော့်မှာငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ် တိုး၍ ခင်မင်လာပေသည်။ ။
ဒဂုန်တာရာ
မတ်လ၊ ၁၉၅၅
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၄) နှစ်မြောက် အောက်မေ့ဖွယ်
ဒဂုန်တာရာ ရေးသော သခင်ကိုယ်တော်မှိုင်း၊ (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ ကို နေ့သစ် မှကူးယူဖော်ပြသည်။
Subscribe to:
Posts (Atom)