Friday, June 27, 2008

မရှိသင့်သောနေရာ၌ ရှိနေသော……

ယခုတစ်ကြိမ် ကျွန်တော်သည် မွန်တို့ ဋ္ဌာနီ ရာမညမြေ သို့ ရောက်ရှိခဲ့ပြန်ရာ………
ရောက်ပြီဆိုသည်နှင့် မျိုးဆက်သစ်တို့ ပညာရည် နို့ စို့ ရာ မော်လမြိုင် တက္ကသိုလ် ဘက်သို့  လည် ရောက်ဖြစ်အောင် ရောက်ခဲ့ရ ပါသည်။ တက္ကသိုလ် အနီး ၀န်းကျင်တွင် အဆောင်များ၊
ထမင်းဆိုင်များ၊ လ္ဘက်ရည်ဆိုင်များကို ထုံးစံအတိုင်းတွေ့ ရပါသည်။ ဒီတစ်ခေါက် ထူးထူးခြားခြား တွေ့ မိတော့ ……ဖွင်ခါစ အင်တာနက် ဆိုင်နှစ်ဆိုင်။ ကျွန်တော် အလွန်ပင်ဝမ်းသာပိတိ ဖြစ်ရပါသည်။
အင်တာနက်အသုံးပြု သောဆိုင်တစ်ဆိုင်၏ အကျိုးပြုပုံ ကား အလွန်တရာ ထိရောက်ပေစွ။ ပညာရှာဖွေနေသော ကျောင်းသားများကို အလွန်တရာ ကျယ်ပြောလှသော၊ အသိပညာ အဖြာဖြာ ၊ အလွှာ…အလွှာ.. အစုံကို ယူနိုင်လျင် ယူနိုင်သလောက်ပေး စွမ်းနိုင်သော ကမ္ဘာသစ်သို့ ခေါ် ဆောင်မြှင့် တင်ပေးပေလိမ့်။ အိမ်နီးခြင်း နိုင်ငံ
တစ်နိုင်ငံ သို့ ပင် သွားရောက်နိုင် ရန်ခက်ခဲ သော ကျွန်တော်တို့ နိုင်ငံသားများကို
နိုင်ငံတကာ သူငယ်ချင်းများ ရရှိစေနိုင်သော နေရာ ၊ နိုင်ငံ တကာ အနှံခေါ်ဆောင်ပေး
သော နေရာ လေးတစ်ခုမှာ အင်တာနက် ဆက်သွယ်ရေး မှသာ ရရှိနိုင်ပါတော့သည်… မဟုတ်ပေလား။ကွန်ပျူတာ တစ်လုံးဝယ်ယူ သုံးစွဲနိုင်ရန်ပင် ခက်ခဲလှသော ကျွန်တော်တို့ 
နိုင်ငံသားများအတွတ် ငွေ ငါးရာ၊တစ်ထောင်လောက်နှင့် အင်တာနက် ဆက်သွယ်ရေး ကို
သုံးစွဲခွင့် ရရှိသည်မှာ တော့ ဘယ်သို့ ….ဘယ်သူ့ ကို ကျေးဇူးတင်ရမည်နည်း။အခွင့် အရေးပြည့် နိုင်ငံတကာ နှင့် နှိုင်းယှဉ်ပြီး ကျေးဇူးတင်လှပါသည်။ (အခြား အခွင့်အရေးများ မပါရှိ)
အင်တာနက် အသုံးဆိုင်များကို လွန်လာသည့် အခါတွင်မူ မူယစ်သေစာရောင်း စားသောက်ဆိုင်များ ကိုတွေ့ လာရသည်။ ဆိုင်အချို့ တွင် အရက် ဌဲ့ပေးသော မိန်းမငယ်လေးများကို ပင်တွေ့ လာရသည်။ ဘယ်သို့ ဖြစ်ရပါသနည်း။ ငွေ နှစ်ထောင်(၂၀၀၀) ခန့် ပေးလျင်ရည်းစားတစ်ယောက် ထက်ပင်ပိုသော ပြုစု ယု ယမှု့မျိုးစုံကို ရနိုင်သည် ဟုပင် ဆိုကြလေ၏။ အတွင်းလမ်းများ တွင် အနှိပ်ခန်းများ ရှိသည်ဆိုပြန်၏။ အနှိပ်ဆရာများ ကား ကျွမ်းကျင် သူများတော့ မဟုတ်တဲ့ဗျာ။ ဘယ်သူတွေများ နှိပ်ပေး ကြသနည်း။ ကျွန်တော် စပ်စုကြည့်သည်။ မိန်းမငယ်လေးများ မပေါ် တစ်ဝက် ပေါ်တစ်ဝက် နှင့် ….မီးရောင် ခပ်မှိန်မှိန် အခန်းလေးထဲမှာလို့  ဆိုဘဲဗျ။ သြော်….ဒီနေရာတော့ နိုင်ငံတကာ အမှီလိုက်နေပါ့လားနော်။ ဘယ်သို့ နည်း။ ဗိုလ်ချုပ် အောင်ဆန်း မိန့် ခွန်း အချို့ ကို ကြားယောင်မိလာသည်။
ကျွန်တော် သီချင်းဆိုတာ ၀ါသနာပါသည်။ ကိုယ့်ဘာသာ ပါးစပ်တီးလုံးနှင့်
ဆိုလျင်လည်း ဆိုသည်။ တီးလုံးမပါ…စာသားချည်ဘဲ ဆိုချင်ဆိုသည်။ သူငယ်ချင်းများက
ကျွန်တော့် အဆိုပါရမီ ကြီးလှပုံကို မြှောက်ပေးသဖြင့် ကျွန်တော် ယခု ခေတ်ခေါ် ကာရာအိုကေ သွားဆိုမိခဲ့ပါသည်။ သူငယ်ချင်း အားလုံးဝိုင်းပြီးရွေးပေးတော့ …နဂါးနီ။ကျွန်တော်လည်း ကြိုက်ပါသည်။ "ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ …ဘေးရန်ကာဆီမည်။"အစချီပြီး ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် ပျော်ပျော်ပါးပါး မကြာခဏ သွားဆိုခဲ့ကြသည်။နောက်တော့ အဲ့သီချင်းဆိုလျင် ဈေးပို ယူသည်။ မိနစ်ပိုကြာသဖြင့် လို့ လည်းပြောသည်။ အဆိုများသဖြင့်လည်း ဖြစ်နိုင်ပါသည်။ အဲ့နောက်ပိုင်းကျွန်တော်တို့ မသွားဖြစ်ကြတော့။
ကျွန်တော့် ၏ မော်လမြိုင်ခရီးတွင်လည်း ကျွန်တော် နဂါးနီ ဆိုချင်လာသည်။ တီးလုံးနှင့် ဆိုရလျင် ကောင်းပေလိမ့်။ ကျွန်တော် …ကာရာအိုကေ ရှိလားမေးမိသည်။ ရှိပါသည်။ တစ်နာရီကို ရှစ်ထောင်တဲ့ဗျာ။ ဘယ်သို့ နည်း ….။တစ်ခုခုတော့ ရောနှောနေပေပြီ။ ကျွန်တော် ပါးနပ်စွာသိလိုက်သည်။
နေပါစေတော့ လေ…ကိုယ့်ဘာသာဘဲ စာသားချည် ညည်းတော့မည်။ ဘယ်နေရာ အရော လွတ်မည်နည်။ နိုင်ငံတော် တိုးတတ်ဖွံ့ ဖြိုးမှု့ရဲ့ ရလာဒ်တွေပါ။ ကျွန်တော် သက်ပြင်းချမိရင်…နဂါးနီ စာသားကိုသာ ညည်းနေမိခဲ့ပါသည်။
အစောပိုင်းက အင်တာနက် ဆိုင်များကို တွေ့ ရသဖြင့် ကြည်နူးမိသော စြိတ်ကလေးများ လွင့်ပါးကုန်တော့သည်။ နဂါးနီလည်း မတတ်နိုင် ခဲ့ချေ။ အင်တာနက်ဆိုင်အရေ အတွတ်… နှင့် အရေအတွတ် ကွာခြားလှချည့် ရဲ့ ။
အပြန်ခရီးတွင် အဝေးပြေး ကားဝင်းအတွင်း …လူမြင်ကွင်းတွင်ပင်မိန်းမငယ်လေးများနှင့် ပြည့်နေသော ဘီယာဆိုင်တွင် မြင်ကွင်းများမှာမောင်နှင့်နှမ….သားအမိချင်း အတူ မတော်လို့ မှ မြင်မကောင်းလောက်အောင်၊
မကြည်ရဲလောက်အောင် …..မြင်ကွင်းများကို ကိုယ်တွေ့ တွေ့ မြင်ခဲ့ရရာ…။
ကျွန်တော်တို့ နိုင်ငံ ၏ ယဉ်ကျေးမှု့ ဓလေ့ ထုံးစံနှင့် မကိုက်ညီလှသော
မြင်ကွင်းများကို ရင်နာနာ မြင်တွေ့ နေရပေပြီ။ သယံဇာတ ပေါကြွယ်လှတဲ့
နိုင်ငံမှာ မှီတင်းနေထိုင်တယ်လို့ ကျွန်တော် ဂုဏ်ယူတဲ့ အမိနိုင်ငံမြေပေါ်မှ
ပြည်သူများ …….ဆင်ရဲတွင်းနက်နေပြီလော။ ခေတ်ကာလ ရောဂါဆိုးကို
မထေ့ပြုံးနှင့် သေမထူး နေမထူး ဇတ်သွားအတိုင်း ဘ၀ တေးသွားကို ကနေကြပြီလော။
နောက်ဆက်တွဲ စဉ်းစားမိသည်ကား……ရင်ထိတ်သွားမိသည်။ အို…အဘယ့်သို့ မှား နေသနည်း။ မူးရစ်သေစာ …ကာမရောင်းစားတဲ့ ဋ္ဌာနတွေက တက္ကသိုလ် နယ်နိမိတ် အနီးနားမှာ ပါတကား။ ဘယ်သို့ …ဘယ်သူမို့ ရက်ရက်စက်စက် လုပ်ခွင့်ရသနည်း။တတ်ခေတ်လူငယ်လေးတွေ ပညာရည်နို့ စို့ရာ ….အတု မြင်…အတတ်သင်..။ဘယ်သူ့ လက်ချက်နည်း။ ဘယ်သို သော အကြောင်းကြောင့် နေရာမှား နေယူ နေရပါသနည်း။ထိုထို ကိစ္စများ….ဖြစ်ရပ်များ အားလုံး၏ တရာခံကား…..ခေတ်လော၊ စနစ်လော….အတွေးတွေ မျိုးစုံ ဖိစီးရင်း……..သက်ပြင်းတွေ အခါခါချရင်း….
နဂါးနီသီချင်းကို တွဲ့ လေးစွာ ညည်းနေမိခဲ့ရင်း မွန်တို့ ဋ္ဌာနီမှ ပြန်ခဲ့တော့သည်။


ညီစေနော်

Thursday, June 26, 2008

အို…..ပြည်သူတို့ . ဆိုကြလော သစ္စာ

အမိ မြန်ပြည် အမှောင်တွင်းမှာလှ
အလင်းပျောက်ရကြာရှည်
ဒို့ ပြည်သူ အများရယ်က
ဘုရားတရားသံဃာနယ်သို့ 
ဆယ်ဖြာရှိခိုးကိုးကွယ်နေ
စာနာမှု့ မေတ္တာ ဂရုတွေနဲ့ 
သံဃာထုကိုတော်
ဘုရားရှင် အတိတ် ကထားခဲ့တာရှိ
မိန့် ကြားဘိ ၀ိနည်းတော်
ကံဆောင်မှု့ပေါ်
မတော်မတရား အားတွေနဲ့ 
မိစ္ဆာများစော်ကားသနော်
သံဃာတော်သွေး …မြေမှာခ
ဝဋ် ကြွေးရှိက ကြေစေသား
မေတ္တာပွားသီးခံ
နည်း အမှန် သက်သေများ
အောင်ခြင်းရှစ်ပါး အရှိသား
ကိုယ်တော်တို့ သိက္ခာ
ယုံကြည်စွာဖြည့်စည်းပွား
၂၂၇ သွယ် တော်အပါး
အများ မိစ္ဆာတွေ မဆင်မခြင် ပြုတဲ့
အမှု့မှန် သ၍ပျက်သုန်း
ကျဆုံးမည်ပြည်တလွှား
တရားကို နတ်စောင့်ပါသတဲ့
ငဲ့ကြည့်မည့်ဒို့ ပြည်သူများ
ခွန်အားပါပါယ္ခု အခါညှိလို့ 
သစ္စာပြုကြပါစို့ လား။
မိစ္ဆာမင်းများကျဆုံးပါစေ
မိစ္ဆာဝါဒ ကျဆုံးပါစေ
ဓမ္မရောင်ခြည် နေလ
ကဲ့သို့ လင်းကြည်ပါစေသား။

ခမ်းလုံ (စမ်းချောင်း)

Tuesday, June 24, 2008

ရွှေည၀ါဆရာတော် ကြီးဧ၊် ဦးတည်ရည်ရွှယ်ချက်

ဆရာတော်နှင့် တပည့်သံဃာများ ၊ တပည့် ဒါယကာများ၊ ဒါယကာမများ တညီတညွတ်တည်းသွားရောက် ကြကာ ကယ်ဆယ်ရေး အမျိုးမျိုး ထောက်ပံ့ရေးမျိုးစုံတိုကို ကိုယ်ထိလက်ရောက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမည်။ ချောင်းရိုး ၊ မြောင်းရိုး ၊မြစ်ရိုးတစ်လျှောက် ၊ရွာရိုးကိုးပေါက် အရောက်သွာမည်။
စွမ်းနိုင်သလောက်ကယ်တင်မည်၊စာစရာ၊ ၀တ်စရာ၊ နေစရာ အမိုးအကာ၊ကျန်းမာရေးဆေးဝါးအမျိုမျိုး သယ်ပိုးယူဆောင်သွားမည်၊ ပေးမည်၊ လှူမည်၊ ကယ်တင်ထောက်ပံ့ မည်။ ကျေးရွာများမှာ သောက်ရေကန်များ မသန့်မရှင်းဖြစ်နေသည် တို့ကိုရေစုပ် စက်ကြီးများဖြင့် စုပ်ထုတ်ကာ သောက်သုံးနိုင်အောင်ဆောင်ရွက်ပေးမည်။ စသည်....စသည်..........

ဒုက္ခရောက်နေကြသူ အများစု (၉၅) ရာခိုင်နှူန်းဟာဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ထိုဗုဒ္ဓဘာသာဝင်များသည်အချိန်မီ သွားရောက်ကယ်တင် နှစ်သိမ့် ဖေးမ ကူညီမှူများ မရခဲ့ကြသည့်အတွက်ကြောင့် အခြားဘာသာဝင်များလက်သို့အလွယ်တကူကူးပြောင်းသွားနိုင်ကြောင်းအထောက်အထားများ ခိုင်ခိုင်လုံလုံ
တွေ့ရှိနေရကြောင်း (အချို့လည်းအခြားဘာသာဝင်တို့ဧ။်ကယ်တင်မှူနောက်ဘာသာတရားပါကူးပြောင်း၍ပါသွားကြပြီဖြစ်ကြောင်း
သတင်းစကားများကြားသိရပါသည်) ၊ ဤသို့သောအခြင်းအရာအကြောင်းများကို ကြားသိရသည့်အတွက် ရွှေည၀ါဆရာတော်နှင့်တပည့်အပေါင်းတို့သည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ဘာသာရေးကိုးကွယ်မှု ကယ်ဆယ်ရေးကဏ္ဍများကိုပါအရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

ရွှေည၀ါဆရာတော်သည့့် 

ရောက်လေရာရာ အရပ်ဒေသ ကျေးရွာများမှာ သရဏဂုံတင်ပေးမည်။ သပိတ်သွတ် ၊ရေစက်ချ အမျှဝေပေးမည်။

ခိုကိုးရာမဲ့များအားလုံးကို ( အမျိုးသား / အမျိုးသမီးများ ၊ ကလေးများအားလုံးကို ) ခေါ်ဆောင်လာမည်။
ဘ၀အနာဂတ်များကို စနစ်တကျ ပုံဖော်၍ ကယ်တင်ဆောင်ရွက်ပေးမည်။
ကဲ့  ဘယ်သူပါမလဲ ၊ ဘယ်သူလာမလဲ ၊ ဘယ်သူလက်တွဲမလဲ ။
အမျိုးဘာသာ သာသနာအတွက် ကိုယ်ကျိုးမငဲ့ကွက်ဘဲ ဘယ်သူထမ်းရွက်နိုင်မလဲ ၊
ကိုယ့်ကိုကိုယ်ပြန်မေး၊ တကယ့်အရးကို လက်မနှေးစေဘဲ ဒို့အတူလက်တွဲ ဆင်နွှဲကာ ဆောင်ရွက်ကြစို့ ။


ရွှေည၀ါဆရာတော်

“တူညီမျှကာ…..ကူညီကြပါ”

“တူညီမျှကာ…..ကူညီကြပါ”


နာဂစ်ရေ

ရွာအဖြစ်တွေကို

ရှာလစ်ဖွေလို့ ပြောပါရစေ။

နှစ်ရက် မေလ

ရတတ်ပွေရ

မျက်ရည်နဲ့ စခဲ့ကြပြီ။

ကောင်းကင်မှာ လေနီကြမ်း

မြေပြင်မှာ ဒီရေလွှမ်း

ပြည်သူတွေ ဘ၀ မျက်ရည်လမ်း

ကျိုးပဲ့သစ်ပင်

မိုးထဲဖြစ်အင်

ကျွဲ၊နွား၊ ၀က်သေ

တဲများပျက်နေ။

ချောင်းရေထုမှာ

အလောင်းတွေစုပါ

သောင်းမြေထု ပမာ။

စာသင်ကျောင်းတွေ

ရွာအပြင် ချောင်းရေမှာ မြောခဲ့ပြီ။

နာဂစ်ရေ

မင်းလာတာက တစ်ညပါ

ပြည်သူတွေမှာ ဘ၀နာ

အနိဋ္ဌာရဲ့ စာမျက်နှာ။

စားစရာလဲ မရှိ

ခါးဗလာ နိတ္တိ

သွားစရာလဲ မသိ။

သားလဲမရှိ အားနဲ့ ချိ

သမီး ၊ ဇနီး လဲ မရှိ ခရီးလဲ မသိ။

အဖေလဲ သေဘေး

အမေလဲ အနေဝေး

ကြေကွဲနေတဲ့ ကလေးတွေ။

ဆွေးရတတ် ဖြေမရ

သွေးပျက်နေကြ

ကလေးငယ်တွေ ဘ၀။

နေရန်လဲ မရှိ

ရေ၊ ဆန်လဲ မရှိ

သေရန်ပဲ ရှိ။

သင်္ခါရ

ယှဉ်လာမရ

ရင်နာရပြီလေ။

တူ၊သား အရင်းပမာ

လူသားချင်းစာနာ

“တူညီမျှကာ…..ကူညီကြပါ”

ကျော်ဇေယျ(ပညာရေး)

ဘိုကလေး