ထိုတစ်ညကကိုကျော်ကွန့်တယောက်အမ်ပီသရီးလေးနားထောင်ရင်းဧည့်ခန်းဆက်တီမှာအိမ်ပျော်သွားလေသည်။
မလှထုံ လည်းချစ်ယောကျာင်္လေးဇိမ်ပျက်မစိုးလို့ အရင် အခန်းထဲသွားအိပ်နှင့်လေ၏။အတော်နေတော့ ဧည့်စရင်းစစ် လာ
ပီးအိမ်တံခါးခေါက်တော့ မလှထုံလည်းအိမ်ထောင်စု ယူ တံခါးဖွင့်လေ ရာ မြောက်ကြွ မြောက်ကြွ နှင့်
နံပါတ်ဒုတ်လား ရေ ပြွတ် လားမသိ ခါးကြားချိတ် ထားသော ကိုရွှေမီးသတ် တက်ချလာလေသည်။
ဧည့်ရှိလား မေးရာ မရှိဘူး လိုဖြေတော့ ဟိုဆက်တီပေါ်က ဘယ်သူလဲမေးပြန်တော့ကျမ ယောကျာင်္ပါလို့ ဖြေလေ ရာ
သကောင့်သား က ခင်ဗျားယောကျာင်္ က ခင်ဗျာနဲ့မအိပ်ဘူးလား ဟုမယုံသင်္ကာ နဲ့ ကွန့်ညွန့်ကာ မေးလာလေသည်။
မလှထုံ လည်း ဒေါသကထွက်လာပြီးနောက် ကျမ ယောက်ကျာင်္ ဘယ်နားအိပ်အိပ် ရှင်တို့အလုပ်လား ကိုယ်အိမ်ထဲအိပ်တာဘယ်နားအိပ်တယ်က အစတိုင်ရမှာလားဟု ကလော်တုတ် လိုက်လေသည်။
မင်းလူ၏ ဇာတ် ကောင်များကမေတ္တာဖြင့်သရုပ်ဆောင်သည်။
ညီစေနော်
Sunday, September 28, 2008
ဒီအပါတ် ထဲ က နေ့တချို့
၂၃ ရက်နေ့မှာ အဘဦးဝင်းတင်လွတ်လာတယ်။အန်တီစုသာလွတ်ရင်လွတ်မယ် အဘကို မလွတ်ဘူးလို့ အများကထင်ထားတယ်။စစ်အစိုးရအကြပ်အတည်းဆိုက်နေလို့လား ဘာအကြံအစီရှိလဲတစ်ခုခုပေါ့။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှာလူကြီးပိုင်းနဲလူငယ်ပိုင်းကြား ပိုပီး ကွဲလွဲစေချင်တာလား ? မထင်ဘာဘူး အဘ က နှစ်၂၀အထဲနေရတော့ ၈၉ က စိတ်အခြေအနေနဲ့ တက်ကြွ နေတာ တွေ့ရတယ်။လူကြီးလူငယ်ပေါင်းကူးပေးနိုင်တဲ့ အစွမ်းက ရှိပီးသား။
၂၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဗုံးပေါက်ကွဲမှု ကို လုထုက နားလည်ထားသည်မှာ မနက်ဖြန် ၂၆ ရက်နေ့ မနှစ်က သေနတ် နဲ့စပစ်တဲ့နေ့မို့မြို့ထဲလူတွေမစုမိအောင်မလာအောင် တမင်ဖောက်တာဟုပြောဆိုကြပါတယ်။ညနေစောင်းမှာမိုးနဲ့အတူမိုးကြိုးတွေပါပစ်သံကြားနေရပါတယ်။အဲဒီည ၁၀ နာ၇ီမှာ ရန်ကုန်မြို့ ကြီးစောစီစွာ အိပ်မောကျသွားခဲ့ ရပါတယ်။
၂၆ ရက်မှာတော့ မြို့ထဲမှာ လူသွားလူလာနည်းလို့ လိုင်းကားတွေ ပေါ်လူချောင်ချောင်ချိချိ တွေ့မြင်ရပါတယ်။ဘယ်ကစထွက်မလဲမျှော်ရင်ဘယ်သူမှမထွက်ဘဲနေ့တစ်နေ့ကုန်ဆုံးခဲ့တယ်။ထင်းထားသလောက်လုံခြံ ရေးချတာ မတွေ့ရဘာဘူး။
၂၇ ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးတနှစ်ပြည့်သောအခါသမယမှာရခိုင်ပြည်နယ်စစ်တွေမြို့တွင် သံဃာတော် ၁၅၀ ခန့်ကလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ရန်ကုန်မြို့အန်အယ်လ်ဒီဌာနချုပ်တွင်ပါတီထူထောင်သည့် အနှစ် ၂၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ထောက်လှမ်းရေး များစွာက ပေါ်ပေါ် ထင်ထင် သတင်းဓာတ်ပုံ ယူကြပါတယ်။ ရေတာရှည်လမ်းဟောင်း ထိပ် မှကျောက်ဆည်ဓမ္မာရုံ မှာလည်း အခမ်းအနားရှိတိုင်း စွမ်းအားရှင်, ကြံ ဖွတ် များစွာစတည်းချတဲ ဇရပ်တစ်ခုလိုပါဘဲ။ အာဇာနည် ကုန်းခြေ ရင်းမှာလည် လူသတ်လက်နက် အပြည့်နှင့်ရဲကားများကိုတွေ့ရပါတယ်။ အခြားနေရာအတော်များမှာလဲတွေ့ရပါတယ်။ညတွင်လည်းဝါရာလက်စ်များဖွင့်ပြီးသွားနေခဲ့တယ်။ ၂၈ရက်မှာတော့စစ်တွေသံဃာတော်စထားပြီဖြစ်သောကြောင့်ရန်ကုန်ရဲ့လမ်းစုံလမ်းခွသာမက ဘဲ ရဲကားများကိုတွေ့ရပါတယ်။
ညီစေနော်
၂၅ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ဗုံးပေါက်ကွဲမှု ကို လုထုက နားလည်ထားသည်မှာ မနက်ဖြန် ၂၆ ရက်နေ့ မနှစ်က သေနတ် နဲ့စပစ်တဲ့နေ့မို့မြို့ထဲလူတွေမစုမိအောင်မလာအောင် တမင်ဖောက်တာဟုပြောဆိုကြပါတယ်။ညနေစောင်းမှာမိုးနဲ့အတူမိုးကြိုးတွေပါပစ်သံကြားနေရပါတယ်။အဲဒီည ၁၀ နာ၇ီမှာ ရန်ကုန်မြို့ ကြီးစောစီစွာ အိပ်မောကျသွားခဲ့ ရပါတယ်။
၂၆ ရက်မှာတော့ မြို့ထဲမှာ လူသွားလူလာနည်းလို့ လိုင်းကားတွေ ပေါ်လူချောင်ချောင်ချိချိ တွေ့မြင်ရပါတယ်။ဘယ်ကစထွက်မလဲမျှော်ရင်ဘယ်သူမှမထွက်ဘဲနေ့တစ်နေ့ကုန်ဆုံးခဲ့တယ်။ထင်းထားသလောက်လုံခြံ ရေးချတာ မတွေ့ရဘာဘူး။
၂၇ ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးတနှစ်ပြည့်သောအခါသမယမှာရခိုင်ပြည်နယ်စစ်တွေမြို့တွင် သံဃာတော် ၁၅၀ ခန့်ကလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ရန်ကုန်မြို့အန်အယ်လ်ဒီဌာနချုပ်တွင်ပါတီထူထောင်သည့် အနှစ် ၂၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ထောက်လှမ်းရေး များစွာက ပေါ်ပေါ် ထင်ထင် သတင်းဓာတ်ပုံ ယူကြပါတယ်။ ရေတာရှည်လမ်းဟောင်း ထိပ် မှကျောက်ဆည်ဓမ္မာရုံ မှာလည်း အခမ်းအနားရှိတိုင်း စွမ်းအားရှင်, ကြံ ဖွတ် များစွာစတည်းချတဲ ဇရပ်တစ်ခုလိုပါဘဲ။ အာဇာနည် ကုန်းခြေ ရင်းမှာလည် လူသတ်လက်နက် အပြည့်နှင့်ရဲကားများကိုတွေ့ရပါတယ်။ အခြားနေရာအတော်များမှာလဲတွေ့ရပါတယ်။ညတွင်လည်းဝါရာလက်စ်များဖွင့်ပြီးသွားနေခဲ့တယ်။ ၂၈ရက်မှာတော့စစ်တွေသံဃာတော်စထားပြီဖြစ်သောကြောင့်ရန်ကုန်ရဲ့လမ်းစုံလမ်းခွသာမက ဘဲ ရဲကားများကိုတွေ့ရပါတယ်။
ညီစေနော်
Wednesday, September 24, 2008
ဟံသာဝတီ ဦးဝင်းတင်နဲ့ စကားတိုထွာ
ဟံသာဝတီ ဦးဝင်းတင်နဲ့ စကားတိုထွာ
မိုးမခ
စက်တင်ဘာ ၂၄၊ ၂၀၀၈
အကျဉ်းထောင်က ထွက်လာသူ ဦးဝင်းတင်ကို မိုးမခက ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီအကြောင်းလေးကို တင်ဆက်လိုက်ပါတယ်။
မိုးမခ - ဆရာဦးဝင်းတင်ပါလား ခင်ဗျာ
ဆရာဦးဝင်းတင် - အေးဗျ၊ ခင်ဗျားတို့ ဆန်ဖရန်စစ္စကိုမှာလို့ ပြောတယ်။ ဘာလုပ်နေလဲ။
မိုးမခ - ကျနော်တို့ လူငယ်တွေကော လူကြီးစာရေးဆရာတွေနဲ့ပါ မိုးမခဆိုတဲ့ အင်တာနက် စာနယ်ဇင်းလေး လုပ်နေတာပေါ့ ဆရာရယ်။ အားလုံးကိုယ်စား ကျနော်တို့က ဆရာ့ကို နှုတ်ဆက်တာပါ။
ဆရာဦးဝင်းတင် - ကောင်းတယ် ကောင်းတယ်။ ကျနော်ကလည်း နှုတ်ဆက်ပါတယ်လို့ ပြောပေးပါဗျာ။
မိုးမခ - ဟုတ်ကဲ့ပါဆရာ၊ ဆရာမိတ်ဆွေတွေကိုယ်စား ကျနော်တို့က နှုတ်ဆက်တာပါဆရာ။ ဆရာမောင်စွမ်းရည်၊ ဆရာ ဦးဝင်းဖေ၊ ကဗျာဆရာ အောင်ဝေး၊ အဆိုတော် မာမာအေးနဲ့ ပြည်ပရောက်နေတဲ့ လူငယ်စာနယ်ဇင်းသမားတွေ အားလုံးကိုယ်စား ကျနော်တို့ နှုတ်ဆက်တာပါဆရာ။
အေးဗျာ။ ကောင်းတယ် ကောင်းတယ်။ ခင်ဗျားတို့တွေ စာတွေ ရေးနေကြတာပေါ့။ ဟုတ်လား။ ကျနော့်မိတ်ဆွေတွေ အသံတော့ ရေဒီယိုက အမြဲလာနေတယ်လို့ ပြောကြတယ်။ စာတွေလည်း ဖတ်ရတဲ့အခါလည်း ဖတ်ရပါတယ်။ မနက်ကလည်း ခင်ဗျားတို့နဲ့ ပတ်သက်ပြီး ပြောဖြစ်ကြပါသေးတယ်။
ဟုတ်ကဲ့ပါဆရာ။ ပြည်ပမှာလည်း စာနယ်ဇင်းသမားတွေ အားလုံးက ဆရာလွတ်မြောက်လာလို့ ၀မ်းသာကြပါတယ် ဆရာ။ တတ်နိုင်သလောက်လဲ ကြိုးစားနေကြပါတယ် ဆရာ။
ကောင်းတယ်ဗျာ၊ ၀မ်းသာပါတယ်။ ကျနော်လည်း အဲသည် စာတွေ ဘာတွေ ရှာဖွေပြီး ဖတ်ရအုံးမယ်။ ခုကော ဘာတွေ လုပ်နေကြသလဲ။
ကျနော်တို့ ဒီက မြန်မာမိသားစုတွေ အကူအညီနဲ့အတူ စာပေဟောပြောပွဲ တခု စီစဉ်နေတယ် ဆရာရယ်။ ဆရာမိတ်ဆွေတွေ အားလုံးကို ဖိတ်ပြီးတော့ပေါ့။ ပြီးတော့ ဆရာအတွက် ဦးဝင်းတင် စာနယ်ဇင်း ဆောင်းပါးများဆိုပြီး စာအုပ်လည်း ထုတ်ဖို့ လုပ်နေတယ်။
အော် ဟုတ်လား။ ပြောတယ်ဗျ။ ၀မ်းသာပါတယ်ဗျာ။
ဆရာ ထောင်က မထွက်ခင် လုပ်ဖို့ ဆရာရယ် … ဆရာက ထောင်ထဲက ထွက်တာ စောသွားတယ်။
အေးဗျာ။ ခင်ဗျားက ပြောတယ် ထောင်ထဲက ထွက်တာ စောတယ်လို့။ မစောဘူးဗျ။ မနက် ၆ နာရီလောက်ကတည်းက ကျူပ်ကို လာခေါ်နေတာ။ အထဲမှာ စကားပြောနေရတာနဲ့ ကိစ္စတွေ ရှင်းနေရတာနဲ့ ညနေစောင်းသွားတယ်။ ထောင်ထဲက ထွက်တာ မစောပါဘူးဗျ။
ဆရာမောင်စွမ်းရည်က အဲသည် စာအုပ်ကလေး စီစဉ်နေတာ အတော်ကြာပြီ ဆရာရဲ့။ ဒီမနက်က ဆရာမောင်စွမ်းရည်က သတင်းကြားကြားခြင်း ကျနော်တို့ဆီ ဖုံးဆက်တယ်။ ဆရာ့ကိုလည်း စကားပြောချင်ရှာတာ။ ဆေးရုံက ဆီးကျိတ်ခွဲပြီးခါစ ဆီးပိုက်တန်းလန်းကြီးနဲ့ ထ ခုန်မတတ် ၀မ်းသာနေတာ။
ဟုတ်လား။ ကျနော်လည်း ဆီးကျိတ်ရှိတယ်ဗျ။ ခုတော့ ဘာမှ မဖြစ်သေးဘူး။ ကောင်းနေသေးတယ်။ သူတို့ကို ကျန်းမာရေးတွေ ဂရုစိုက်ခိုင်းပါဗျာ။
ကျနော်တို့က ဆရာ့ကို ပြောရမှာပါဆရာရယ်။
နောက်ပြီး ကိုဝင်းဖေကြီးက ပန်းချီ ဆက်ရေးသေးရဲ့လား။
ရေးပါတယ် ဆရာ။ သူ အခု အလုပ်ကနားပြီးနောက်ပိုင်း ပန်းချီပဲ ဆွဲနေပါတယ်။ ရေဒီယိုတွေမှာလည်း စာရေးတယ်။
အေးဗျာ။ သူ့ကို ပန်းချီရေးစေချင်တယ်။ ပန်းချီရေးနေဖို့က အရေးကြီးတယ်ဗျ။
ပြောလိုက်မယ်ဆရာ။ သူ့ပုံတွေ ဓာတ်ပုံရိုက်ပြီး သိမ်းထားတာတွေ ရှိတယ်။ ပြမယ်ဆရာရယ် နောက်များကျမှ
ကိုအောင်ဝေးကတော့ ကဗျာတွေ ဆက်ရေးဖို့ ပြောလိုက်ပါဗျာ။ ကဗျာတွေ ဆက်ရေးပါလို့။
ဟုတ်ကဲ့ပါဆရာ။ ဆရာလည်း စာတွေ ရေးဦးမယ် မဟုတ်လားဆရာ။
ကောင်းတယ်ဗျာ။ ၀မ်းသာပါတယ်။
ဆရာ့ကို အားလုံးက မျှော်နေကြပါတယ် ဆရာ။ ကျနော်တို့ လူငယ်တွေကလည်း ဆရာပြောတာ ဆရာစဉ်းစားတာ ဆရာမြင်တာတွေကို နားစွင့်ပြီး စောင့်မျှော်နေကြတယ်။ တတ်နိုင်သလောက် စုစုစည်းစည်းနဲ့ ရပ်တည်ပြီး ဆရာ စကားတွေ အသံတွေကို မျှော်နေကြမယ်ပေါ့ ဆရာရယ်။
အေး အေး ။ ဒါပဲနော်။ နောက်မှ တွေ့ကြသေးတာပေါ့။
DVB interview 01
“ရွေးကောက်ပွဲလည်း ကျနော် လက်မခံနိုင်ဘူး”
ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက် (အပိုင်း၁)
ခင်မောင်စိုး DVB
စက်တင်ဘာ ၂၃၊ ၂၀၀၈
ဆရာ ထောင်ကလွတ်လာတဲ့ အနေအထားလေး သိချင်တယ်ဆရာ။ တချို့ ထောင်က လွတ်လာတဲ့ အခါမှာ ကန့်သတ်ချက်တွေ ပေးတယ်။ ဆရာတို့ကိုရော ဘယ်လိုကန့်သတ်ချက်တွေနဲ့ ပေးလိုက်သလဲ။ ဒါမှမဟုတ် လွတ်လွတ်လပ်လပ်ပဲ လွှတ်လိုက်တာလားဆရာ။
မဟုတ်ဘူးဗျ။ ဒီလိုရှိတယ်။ ကန့်သတ်ချက်ဆိုတာ ဒီလွှတ်ပုံလွှတ်နည်းတခုလုံးကိုက ကန့်သတ်ချက်ပဲ ဗျ။ နိုင်ငံသမားအတွက် ဆိုရင်တော့ ပိုပြီးတော့ ကန့်သတ်ချက်ပေါ့ဗျာ။ ကျန်တဲ့လူတွေတောင်မှ သူက ကန့်သတ်ချက်နဲ့ လွှတ်တာပေါ့။ ကျနော်ကတော့ တခုရှိတယ်၊ ဘယ်သူနဲ့မှလည်း တွေ့ရတာမဟုတ်ဘူး။ ဘယ်သူနဲ့မှလည်း စကားပြောရတာ မဟုတ်တဲ့အတွက် ဘာတွေလဲဆိုတာ မသိဘူး။ ဒါပေမယ့် ကျနော့်တယောက်အနေနဲ့ ပြောရရင်တော့ ကျနော် အခုလွတ်တဲ့ဟာကို လက်မခံဘူး။ ကျနော် ကန့်ကွက် ဆန္ဒပြပြီးတော့ ထွက်လာတာ။ အဲဒါကြောင့် ကျနော်က အခု အပြင်မှာ ရောက်တာတောင်မှ ကျနော် ထောင်ထဲက အဝတ်အစားပဲ ဝတ်လာတယ်။ ကျနော်ကပြောတယ် ‘ခင်ဗျားတို့ ကျုပ်ကို ဆွဲထုတ်မှပဲ ကျုပ် ထောင်က ထွက်သွားမယ်။’ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့ ဒီလွှတ်ပုံလွှတ်နည်းနဲ့ လက်မခံဘူး။ ဒါ ကောင်းတဲ့ လက္ခဏာလည်း မဟုတ်ဘူး။ ဘာမှလည်း အကောင်းဖြစ်စရာ မရှိဘူး။
ဟုတ်ကဲ့ဆရာ။ အဲဒီ လွှတ်ပုံလွှတ်နည်းလေးကို ကျနော်တို့ကို နည်းနည်းရှင်းပြပေးပါဆရာ။
လွှတ်ပုံလွှတ်နည်းက ဒီလိုဗျာ။ မနက်တုန်းက ၆ နာရီခွဲလောက်မှာ ကျနော့်ကို လာပြောတယ်။ ‘ခင်ဗျားကို လွတ်ပေးမယ်၊ ပစ္စည်းတွေသိမ်းပါ’တဲ့။ အဲဒီတော့ ကျနော်က ပြောတယ်။ ကျနော်က နဂိုကတည်းက မှန်းပြီးသား။ မှန်းပြီးသားဆိုတာ ကျနော်က အခုလို ဖိုးအိုဝမ်းနဲ့ လွှတ်မယ်လို့တော့ ကျနော် မထင်ဘူးပေါ့ဗျာ။ ‘ဖိုးအိုဝမ်း’ဆိုတာ ကျနော် လွန်ခဲ့တဲ့နှစ်လပိုင်းတုန်းက ကျနော် ဆေးရုံတက်နေတုန်း ကျနော့်ကိုလာပြီးတော့ လက်မှတ်ထိုးခိုင်းတယ်ဗျာ၊ ‘ဖိုးအိုဝမ်း’နဲ့။ ကျနော် အဲဒီတုန်းက ငြင်းခဲ့တယ်။ ‘လွှတ်စရာမလိုဘူး။ ကျုပ် လက်မှတ်လည်း မထိုးဘူး။ ဘယ်တော့မှလည်း မထိုးဘူး။ တသက်လုံးမထိုးဘူး’လို့။ ဒါ ဟိုတုန်းကဖြစ်ခဲ့တာ။
အခု ဒီနေ့လည်း ‘ဖိုးအိုဝမ်း’တော့ မလာတော့ဘူး။ လာမယ့်လာရင် မစ္စတာဂမ်ဘာရီနဲ့ သူတို့ပြောတဲ့အထဲမှာ ပါတဲ့ ‘အသက်ကြီးတဲ့လူတွေ၊ ကျန်းမာရေးချို့တဲ့တဲ့လူ၊ အသက်ကြီးတဲ့လူ လွှတ်မယ်လို့ - ကျနော်က ဒါကို အိုနာကျိုးကန်းစီမံချက် ဆိုပြီးတော့ ကျနော်က သုံးတယ်ဗျာ။ အဲဒီတော့ ကျနော် အိုနာကျိုးကန်း စီမံချက်ထဲ ကျနော်မပါနိုင်ဘူးဗျာ။ ကျနော့်ဟာကျနော် လျှို့ဝှက်တဲ့ ရထားတဲ့ ဘောပင်နဲ့ဘာနဲ့ စာရေးတာပေါ့ဗျာ။ ကျနော်က ရေးတယ်။ ရေးပြီးတော့ အဲဒီထဲမှာ ဘာပါလဲဆိုတော့ တစ်က ကျနော်တို့က ကျနော်တို့ရဲ့ တောင်းဆိုချက်က ‘စု-လွှတ်-တွေ့’ပဲ။ ‘ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားကို လွှတ်ရေး၊ လွှတ်တော်ခေါ်ယူရေး၊ နောက်တခုက တွေ့ဆုံဆွေးနွေးရေး လုပ်ရေး။ ဒီဟာက သုံးခု။ နောက်တခါ အဲဒီထဲမှာလည်း နိုင်ငံရေး အကျဉ်းသားများလွတ်ရေးနဲ့ ပတ်သက်လို့က ကျနော်က နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွတ်ပါ။ ချွင်းချက်မရှိ လွတ်ပါ။ နောက်တခုက နိုင်ငံရေး အကျဉ်းသားတွေကို ၁ဝ(က) တပ်တာကို ကျနော်လက်မခံဘူး။ နောက်တခုက အနိမ့်ဆုံးအားဖြင့် ကျနော့်လိုပေါ့ဗျာ။ ရိုးရိုးအကျဉ်းသားလိုပဲ ထား။ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ဆိုရင်လည်း ကျနော့်လို နှစ်ပြည့်နေတဲ့လူနဲ့ ပတ်သက်ပြီးတော့ ချက်ချင်းလွတ်ပါ ဆိုတဲ့ဟာ။ ဒါက ကျနော့်ရဲ့ သဘောထားပဲ။
နောက်၊ ကျနော်ရဲ့ သူတို့ကို ပြန်ပြီးတော့ အကြောင်းပြန်ချက်ကတော့ ကျနော်ဟာ ‘အိုနာ ကျိုးကန်းစီမံကိန်း’ထဲမှာ မပါနိုင်ဘူး။ ကျနော်က ကျန်းမာရေးလည်း ကောင်းတုန်းပဲရှိတယ်။ ကောင်းရုံတင် မဟုတ်ဘူး။ ကျနော့်ကိုယ်ကျနော် ကောင်းတယ်လို့ပဲ ထင်တယ်။ ကျနော် ဆက်ပြီး လုပ်စရာရှိတာတွေ လုပ်မယ်။ နောက်တခုက ကျနော်ဟာ အခု ‘ဖိုးအိုဝမ်း’နဲ့ပတ်သက်လို့ လက်မှတ်မထိုးဘူးဆိုတာ ကျနော် ၉ဝ ခုနှစ်ကတည်းက စပြီးတော့ ငြင်းခဲ့တယ်။ ၉၅ မှာ တခါ ကျနော် ငြင်းခဲ့တယ်။ ၉၈ မှာလည်း ကျနော် ငြင်းထားတဲ့ဟာရှိတယ်။ ကျနော် လက်မခံနိုင်ဘူး။ ဒါ ကျနော်ပြောခဲ့တယ်။
အဲဒါနဲ့ ပတ်သက်လို့ နောက်ဆုံးပတ်ကျတော့ သူတိုက ‘မထွက်လို့ မရဘူး၊ ထွက်ရမယ်’ ဆိုတော့ ကျနော်က ပြောတယ်။ ‘မထွက်လို့မရဘူး။ ထွက်မယ်ဆိုရင်” ဒါ၊ အဆင့်ဆင့်နော်၊ လူကြီးတွေလာတာ၊ ထားပါတော့၊ ရှည်နေမယ်၊ ညွှန်မှူးတွေလာတယ်၊ ဒု-ချုပ်တွေလာတယ်။ ညွှန်ချုပ်တွေလာတယ်။ လာပြီးတော့ ပြောကြတယ်။ ကျနော့်ဘက်က မထွက်နိုင်ဘူး။ မထွက်နိုင်တဲ့အတွက် ‘ခင်ဗျား လုပ်ချင်တယ်ဆိုလို့ရှိရင် ကျူပ်ကို ဆွဲထုတ်မှပဲ ရမယ်’ ဆိုတော့ သူက ဆွဲတော့ ထုတ်လို့ မရဘူး။ ‘ကျနော်တို့ မထုတ်ပါဘူး တဲ့။ ဒါပေမယ့်လို့ အန်ကယ် ဒီမှာ နေမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့တွေ ထောင်ထဲရောက်တော့မယ်။ ကျနော်တို့ကလည်း တားလို့မရဘူး။ အမိန့်က ထွက်ပဲ။’ အဲဒီတော့ ကျနော်က ပြောတယ်။ ‘ဒီနေ့ ထွက်တဲ့သတင်းထဲမှာ ပါတဲ့ ၉,ဝဝ၂ ယောက်ထဲမှာ ကျနော့်နာမည်ပါတာ ကျနော် လက်မခံနိုင်ဘူး။ ကျနော်ကတော့ မထွက်နိုင်ဘူး။ ကျနော်က ဒီတိုင်းပဲ နေမယ်။ အဲဒီတော့ ခင်ဗျားတို့ကနေပြီးတော့ ကျနော့်ကို အတင်းနှင်မယ်ဆိုရင် ကျနော် ထောင်ကအဝတ်အစားနဲ့ပဲ ထွက်မယ်။ ထောင်ကလုံချည်၊ ထောင်ကအင်္ကျီနဲ့ပဲ ကျနော်ထွက်မယ်။ ကျန်တဲ့ ကျုပ် ပစ္စည်းလည်း ကျနော် လှည့်မကြည့်ဘူး။ ကျနော် ဘာပစ္စည်းဘာညာဆိုတာလည်း မသိဘူး။ ခင်ဗျားတို့ ထည့်ချင်တာထည့် မထည့်ချင်တာလည်း မီးရှို့ပစ်ပစ်၊ ဘာလုပ်လုပ်’ ဆိုတဲ့အခါကျတော့ အဲဒါနဲ့ စကားများနေလိုက်တာ မနက် ၆ နာရီခွဲကဟာ အခု ညနေ ၄ နာရီထိုးမှ ပြီးတယ်။”
၎ နာရီထိုးကျတော့ သူတို့က ဘယ်လိုသဘောတူသွားလဲဆရာ။
“သူတို့က ဘယ်လို သဘောတူလဲဆိုတာ သူတို့က မလွတ်လို့မရဘူး။ ရှင်းရှင်းပြောရရင် ထောင်က ဆွဲ ထုတ်တယ်ပေါ့ဗျာ။”
အခု သတင်းစာထဲမှာတော့ မေတ္တာစေတနာတွေနဲ့ လွတ်လိုက်တယ်။ ဒီ good moral behaviour ဆိုပြီးတော့ သုံးကြတာပေါ့ ဆရာရယ်။ အကျင့်စာရိတ္တကောင်းမွန်တယ်၊ ရိုးသားလို့၊ အလုပ်óကိးစားလို့ လွှတ်လိုက်တယ်ဆိုတော့ အဲဒီလွတ်လိုက်တဲ့ဟာကို ဆရာက သဘောမတူဘူးပေါ့နော် - အဲလိုထုတ် ပြန်ချက်ကို။
“သဘောမတူဘူး။ ဘာလို့လဲဆိုတော့ ကျနော်က ကျနော့်ကိုယ်ကျနော် အမွှမ်းတင်ပြောတာ မဟုတ် ပါဘူး။ ခင်ဗျား - ဥပမာ ဆိုပါတော့၊ စေတနာကောင်းရှိတယ်၊ စိတ်ကောင်းသဘောကောင်းရှိတယ်၊ စည်းကမ်းရှိတယ် ဘာညာ ဆိုတာကတော့ ကျနော် ဟုတ်တယ်ဗျာ။ အဲဒါက သူတို့ပြောမှလည်း မဟုတ်ဘူး ကျနော်က ဟုတ်တာပဲ။ သို့သော် သူတို့ လွှတ်ပုံလွှတ်နည်း ကျနော်လက်မခံနိုင်ဘူး။
ကျနော့်ရဲ့ တောင်းဆိုချက်ကိုက နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ရေး၊ ‘စု-လွှတ်-တွေ့’ဆိုတာ ခင်ဗျားတို့ ကြားဖူးမှာပဲ။ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွတ်ရေးပဲ။ ဒါပဲ။ ဒါမှတပါး ကျနော်တို့ လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒါတွေက မတရားဖမ်းထားတဲ့ဟာတွေ အများကြီးရှိတယ်။ ထောင်ထဲမှာ အခုထက်ထိ ရှိသေးတယ်။ အခုပဲ ဇာဂနာတို့ဘာတို့ အထဲမှာရောက်နေပြန်ပြီဗျာ။ ကျန်တဲ့ မင်းကိုနိုင် တို့ ဘာတို့ ရုံးတင်နေပြီဗျာ။ အများကြီးဗျာ။ မင်းကိုနိုင်တို့ဘာတို့ဆိုရင် လက်ထိပ်ခတ်မခံဘူးတို့ဘာတို့တောင်မှ ဖြစ်နေပြီ။ အလားတူပဲ နိုင်ငံရေး လူသိမများတဲ့လူတွေပဲ၊ နိုင်ငံရေးလုပ်နေတဲ့ လူငယ်တွေဘာတွေ အများကြီး ထောင်ထဲမှာ ရောက်နေတယ်ဗျ။ အဲဒီလိုအချိန်မျိုးမှာ နိုင်ငံရေးအကျဉ်းသားများ လွတ်ရေးကို စနစ်တကျ စဉ်းစားတာ မဟုတ်ဘဲနဲ့ ဒီလို ရောရောင်ပေါရောင်နဲ့ ဟိုလူဒီလူနဲ့ ရောကြိတ်ပြီးတော့ ဒီလို နိုင်ငံရေးအကျဉ်းသားဆိုတဲ့ လက်မှတ်ထိုးတဲ့လူတို့ဘာတို့ သုံးလေးယောက်နဲ့ ကျန်တဲ့လူ ၁ဝဝ နဲ့ ဒီလို လုပ်တာမျိုး ကျနော် လက်မခံနိုင်ဘူး။ ဒါပဲဗျ။”
အခုတော့ ဆရာကို ထောင်ကနေပြီးတော့ နှင်လွှတ်လိုက်တဲ့သဘောပေါ့နော် ဆရာ။
“ဆွဲထုတ်တဲ့သဘောပဲ။”
နှင်ထုတ်လိုက်တယ်ဆိုတော့ ဆရာက ကိုယ့်ကိုယ်ကို ထောင်ထဲမှာပဲ ကျနေဆဲလို့ပဲ ခံယူမလားဆရာ။
“ဟုတ်တယ်။ ဒီလိုပဲ ခံယူတယ်။ သူတို့ကိုလည်း ပြောပြီးပြီ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ကျနော့်ကို ထောင်ကအဝတ်အစားနဲ့ ပတ်သက်ပြီးတော့ ထောင်အဝတ်အစားတွေ ပါလာတဲ့အတွက် အရေးယူ မယ်ဆိုရင် ပြန်ဖမ်းဖို့ လွယ်လွယ်လေးရယ်။ ကျနော်အိမ်က အခု ကျနော်နေမယ့်အိမ်က ထောင်ရဲ့ တလမ်းကျော်ပဲရှိတယ်။ ထောင်ဂိတ်နဲ့က တလမ်းကျော်ပဲ။ လမ်းမကြီးတခုကို ကျော်လိုက်တာနဲ့တပြိုင်နက် ရောက်လာတာပဲ။
နောက်တခုက ကျနော် နေတာစားတာနဲ့ ပတ်သက်လို့ ကျနော်က ခင်ဗျားမေးခွန်းနဲ့ပဲ ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ကျနော်ကတော့ ဗမာပြည်ကြီးဟာ ဒီနေ့ တပြည်လုံးထောင်ကျနေတယ်လို့ ကျနော်က ယူဆတယ်။ ဒါ အခုမှ သုံးတဲ့စကားမဟုတ်ဘူး။ ဟိုး လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်ကတည်းက ဒီလိုပြောလာကြတာ။ တိုင်းပြည်မှာ လူတွေ ထောင်ကျနေတယ်။ လွတ်လပ်စွာပြောခွင့်မရဘူး။ လွတ်လပ်စွာ ဆိုခွင့် မရဘူး။ လွတ်လပ်စွာရေးသားခွင့် မရဘူး။
အခု ဒီမှာ ခင်ဗျားနဲ့ ကျနော်နဲ့ ပြောနေတဲ့ ဘာညာဆိုတာတွေက ရှင်းရှင်းပြောရရင် အစိုးရကနေပြီးတော့ လွတ်လပ်ခွင့်ပေးထားလို့ ကျနော်တို့ ပြောနေရတာ မဟုတ်ဘူး၊ တက်ကနော်လော်ဂျီ ပြောင်းလာတဲ့၊ အခု ခင်ဗျားတို့ခေတ်မှာ မိုဘိုင်းဖုန်းဘာညာဆိုတာတွေ၊ ဒီပေါ်မှာတည်ပြီးတော့ ကျနော်တို့ ပြောလို့ရနေကြတာ။ အဲဒီတော့ တိုင်းပြည်က ဘာလွတ်လပ်စရာရှိလဲ။ ခင်ဗျား စာရေးလို့ရမလား။ ခင်ဗျား လွတ်လပ်စွာ ဘာပြောလို့ရမလဲ။ ဘာမှလုပ်လို့မရဘူး။ အဲဒီတော့ တပြည်လုံး ထောင်ကျနေတာ။ ဒီလို ထောင်ကျနေတော့ ကျနော်က ထောင်ထဲမှာနေတုန်းကလည်း ထောင်ထဲမှာနေသလို နေတာပဲ။ အခုလည်း ကျနော်အပြင်မှာနေတဲ့အခါ ထောင်ထဲမှာနေသလိုပဲ ကျနော်နေမှာပဲ။ သို့သော် တခုတော့ရှိတယ်။ ထောင်ထဲမှာနေသလို နေတယ်ဆိုတာက ထောင်ကိုက ကျနေတဲ့အတွက် ထောင်ထဲမှာ နေသလိုပဲ နေရမှာပဲ။ ဒါပေမယ့် ကျနော် ဒီအပြင်မှာ ရောက်လာတဲ့အခါကျတော့ ကျနော် ထောင်ကျနေတာ မဟုတ်တဲ့အတွက် ထောင်ထဲမှာနေသလိုထက်တော့ ပိုပြီးတော့ ကျနော် ကျယ်အောင်တော့နေမှာပဲ။”
အဲဒီတော့ ဆရာ အခုလိုနေရင်းနဲ့ပဲ ဆရာက ‘စု-လွှတ်-တွေ့’ဆိုတဲ့မူကို ဆက်လက်ကိုင်စွဲမှာပေါ့နော် ဆရာ။
“ဒီတိုင်းပဲကိုင်တယ်။ ဒီဟာပဲ ကျနော်တို့လုပ်တယ်။”
အဲဒီတော့ အခုလက်ရှိ ကျနော်တို့ဖြစ်နေတာက ဥပမာ၊ ကုလသမဂ္ဂ မစ္စတာဂမ်ဘာရီတို့ လာတယ်။ နောက် သူတို့က ၂ဝ၁ဝ ရွေးကောက်ပွဲကို လူအားလုံး ပါဝင်အောင် လုပ်ပါ ဆိုပြီး အစိုးရကို ပြောနေတဲ့ အပေါ်မှာကော ဆရာ ဘယ်လိုမြင်သလဲ။
“ဒီဟာတွေနဲ့ပတ်သက်လို့ ကျနော် သိပ်ပြီးတော့ ကျနော် ထင်မြင်ချက် ဝေဖန်ချက် ပေးနိုင်လောက်အောင် ကျနော် သိပ် အသေးစိတ်မသိဘူးဗျာ။ သို့သော် ကျနော်ပြောနိုင်တာတခုကတော့ သာမန်အားဖြင့် ကျနော့်ရဲ့ တဦးချင်းသဘောထားနော်၊ ဘာလို့လဲ ဆိုတော့ ကျနော်က အဖွဲ့အစည်းတွေနဲ့ ဘယ်လိုရှိတယ်ဆိုတာကတော့ ကျနော်မသိဘူး။
ကျနော့်ရဲ့ သဘောထားကတော့ တစ်က ကျနော်က ဒီ ပြီးခဲ့တဲ့ ‘အန်စီ’ (အမျိုးသားညီလာခံ)ကို ကျနော် လက်မခံဘူး။ ဘာဖြစ်လို့ လက်မခံလဲ ဆိုတဲ့အခါကျတော့ NC Concept (အမျိုးသားညီလာခံအယူအဆ၊ အမြင်သဘောထား)ကို လက်ခံတယ်၊ ကျနော်တို့ ၁၉၈၉ ခုနှစ်တုန်းက ဒေါ်စုကိုယ်တိုင် ပင်လုံကျောက်တိုင်ကို သွားတယ်၊ ကိုမိုးသူကနေပြီးတော့ ဒေါ်စုကိုယ်စား ဖတ်တယ်။ အဲဒီထဲမှာ ကျနော်တို့စာတမ်းထဲမှာ ဘာပါလဲဆိုတော့ သူတို့က ‘အန်စီ’ခေါ်မယ်ဆိုတဲ့ဟာ။ ရွေးကောက်ပွဲပြီးသွားရင် လွှတ်တော် ဘယ်သူနိုင်နိုင် - ဒါ အန်အယ်လ်ဒီမဟုတ်ဘူးနော်၊ အန်အယ်လ်ဒီက ရွေးကောက်ပွဲ ဝင်မယ် မဝင်မယ်တောင် မပြတ်သေးတဲ့အချိန် - နိုင်ငံရေး ပါတီကနေပြီးတော့ ‘အန်စီ’ တခုခေါ်မယ်လို့ ပြောတယ်။ အခုသူတို့က ခေါ်တယ်။ သူတို့ကခေါ်တဲ့ပုံစံနဲ့ ကျနော်တို့ခေါ်တဲ့ပုံစံနဲ့ မတူဘူး။ ကျနော်တို့က ပြည်သူရဲ့ ‘မန်းဒိတ်’ (အများ ထောက်ခံမှုအရ ရရှိသော လုပ်ပိုင် ခွင့်၊ အာဏာ) ကို တခါတည်း ရှိတဲ့လွှတ်တော်ကနေ ကွပ်ကဲပြီးတော့ လွှတ်တော်ရဲ့ ကြီးကြပ်မှုနဲ့ လွှတ်တော်ရဲ့ ကမကထပြုချက်နဲ့ ခေါ်မယ့် ‘အန်စီ’။ အခုဟာက စစ် ကောင်စီကနေပြီးတော့ ချပေး တဲ့ဟာ။ အောက်ကနေ လိုက်ပြောတဲ့ ‘အန်စီ’။ ဒါကြောင့် ကျနော်တို့ သဘောမတူဘူး။
ကောင်းပြီ - အဲဒီ ‘အန်စီ’ကနေ ချပေးလိုက်တဲ့ ကွန်စတီကျူးရှင်း (ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ) နဲ့ ပတ်သက်လို့ ကွန်စတီကျူးရှင်းကို ကျနော်တို့ လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့ဟာ ကျနော် အသေးစိတ်တွေ မပြောပါဘူး။ ကျနော်လည်း တချို့ဟာတွေ မသိသေးဘူးဗျာ။ ဘာလို့လဲဆိုတော့ ကျနော်လည်း အကုန်လုံး အပြည့်အစုံ မဖတ်ရဘူး။ သတင်းစာရတယ် ဆိုပေမယ့် ကျနော် လွန်ခဲ့တဲ့ တနှစ် နှစ်နှစ်ကစပြီး သတင်းစာရတယ်။ ရတာကလည်း ရတဲ့အခါ ရ၊ ကျော်တဲ့ရက် ကျော် ဆိုတဲ့အခါကျတော့ ကျနော် အသေးစိတ်မသိဘူး။
သို့သော် ကျနော်သိသလောက် ပြောရမယ်ဆိုလို့ရှိရင်တော့ အခြေခံအားဖြင့် ဒီကွန်စတီကျူးရှင်းကို ကျနော်တို့ လက်မခံနိုင်တဲ့အကြောင်းက ဘာလဲဆိုတော့ နံပါတ် ၆ လို့ ပြောတဲ့ ‘တပ်မတော် သည် အမျိုးသားနိုင်ငံရေးရဲ့ ဦးဆောင်မှုကဏ္ဍကနေပြီးတော့ ပါဝင်ရမယ်’ ဆိုတာ - ကျနော်က အဲဒါ လက်မခံနိုင်ဘူး။ ဘာလို့ လက်မခံနိုင်ဘူးဆိုတာ တပ်မတော်နဲ့ပတ်သက်လို့ ဘာမှမပြောလိုဘူး။ တပ်မတော်က ပုဂ္ဂိုလ်များကို ကျနော်က လေးစားတယ်။ ကျနော်တို့ အဖွဲ့အစည်းမှာ သည်ပင်လျှင် တပ်မတော်က ထွက်လာတဲ့ပုဂ္ဂိုလ်များက ခေါင်းဆောင်နေတာပဲ။ ဦးအောင်ရွှေဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဦးလွင်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ဦးတင်ဦးဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ကျန်တဲ့ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ကျနော်တို့ ဒီပုဂ္ဂိုလ်များကို လေးလေး စားစားနဲ့၊ အားကိုးတကြီးနဲ့ ကျနော်တို့ ခေါင်းဆောင်တင်ထားတာပဲ။
ဥပမာ၊ အခုရှိနေတဲ့ တပ်မတော်ထဲကနေ ထွက်လာမယ့်လူတွေ၊ ဒီလူတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှ ချိုးနှိမ်စရာ၊ ဒီလူတွေကို နှိပ်ကွပ်စရာ၊ ဒီလူတွေကို ပစ်ပယ်စရာ ဘာမှမရှိဘူး။ ဒီလူတွေနဲ့ ကျနော်တို့ တွဲလုပ်နိုင်ပါတယ်။ သို့သော် နိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍကနေ ပါမယ်ဆိုတဲ့ အမှတ် ၆ ရဲ့ ဆိုလိုချက်မျိုး။ အဲဒါ ဘာမှာ သွားပြလဲဆိုတော့ လွှတ်တော်ထဲမှာ သုံးပုံတပုံပါမယ်ဆိုတာမျိုး။ အဲဒါမျိုးကျတော့ ကျနော်တို့ လက်မခံနိုင်ဘူး။
ထွက်လာရင် လာပါ။ ဥပမာဆိုပါစို့၊ ဗိုလ်ချူပ်မှူးကြီးသန်းရွှေပဲ ထွက်လာမလား။ ဗိုလ်ချုပ်မှူးကြီးမောင်အေးပဲ ထွက်လာမလား၊ ဗိုလ်ချုပ်ကြီးရွှေမန်းပဲ ထွက်လာမလား၊ လာခဲ့ပါ။ ကျနော်တို့ထဲမှာ ဝင်လုပ်ကြမလား။ သို့မဟုတ် ကျနော်တို့နဲ့မဆိုင်တဲ့ အခြားသော ဒီမိုကရေစီအဖွဲ့အစည်းများမှာ လုပ်မလား။
အားလုံးကို ကျနော်တို့ ကြိုပါတယ်။ ကျနော်တို့ထဲမှာ ဝင်လုပ်လို့ ကျနော်တို့ထဲမှာ အယူအဆကောင်းတွေ၊ လုပ်ငန်းကောင်းတွေကို ရှိတဲ့အတွက် ခေါင်းဆောင်တင်ရမယ်ဆိုရင်လည်း ကျနော်တို့ ဝန်မလေးပါဘူး။ တက်လုပ်ပေါ့။ အားလုံးက၊ အများက သဘောတူရင် ကျနော်တို့ထဲမှာ ခေါင်းဆောင်လုပ်ဖို့လည်း ဝန်မလေးပါဘူး။
ဦးအောင်ရွှေ ခေါင်းဆောင်လုပ်နေလည်း ကျနော်တို့ ထောက်ခံတာပဲ။ ဘာလို့လဲဆိုတော့ အများက လက်ခံထားတယ်ဆိုရင် လုပ်ပါ။ ဥပမာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျနော်တို့ဆီ ထွက်လာပြီးတော့ အန်အယ်ဒီမှာ လာလုပ်မယ်ဆိုလည်း လုပ်ပါ။ လက်ခံတာမခံတာက ကျနော်တို့ ပြောလို့မရဘူးလေ။ ကျနော်တယောက်တည်း မဲပေးလို့ရတဲ့ကိစ္စမှ မဟုတ်ဘဲကို။
သို့သော် တပ်မတော်ကို ကျနော်တို့ လူပုဂ္ဂိုလ်အရ ဘာမှ ပစ်ပယ်ခြင်း၊ ကန့်ကွက်ခြင်းလုပ်တာ မဟုတ်ပေမယ့်လို့ တပ်မတော်က အာဏာကို ခွဲဝေတဲ့ဟာမျိုး၊ လွှတ်တော်ကိုဝင်ပြီးတော့ ပြည်သူ့ရဲ့ဆန္ဒ အထက်ကနေပြီးတော့၊ ပြည်သူ့ရဲ့သဘောထား အထက်ကနေပြီးတော့ နေတဲ့ဟာမျိုး ကျနော်တို့ လက်မခံနိုင်ဘူး။
အဲဒါကြောင့် ကျန်နေတဲ့ဟာတွေ ဘေးချိတ်ထား။ အသေးစိတ်လေးတွေ ကျနော် မပြောနိုင်သေးဘူး။ ကျနော် မသိတာတွေလည်း ပါတယ်။ ကျနော်ကိုယ်တိုင် နားမလည်တာတွေ ပါတယ်။ ကျနော်ကိုယ်တိုင် အဆက်အစပ် မရတာတွေ ပါတယ်။ ကျနော့်ကို ရှင်းပြရမယ့်ဟာတွေ ရှိတယ်။ သို့သော် ဒီနံပါတ် ၆ ကိုတော့ ကျနော် လက်မခံနိုင်ဘူး။
ဒီနံပါတ် ၆ ကို လက်မခံနိုင်တဲ့အတွက် ဒီကွန်စတီကျူးရှင်းကို လက်မခံနိုင်ဘူး။ ‘အန်စီ’ကို လက်မခံနိုင်ဘူး။ ကွန်စတီကျူးရှင်းကို လက်မခံနိုင်ဘူး။ ကောင်းပြီ၊ အဲဒီထဲကနေထွက်လာမယ့် ရွေးကောက်ပွဲကိုရော ဆိုတော့ ရွေးကောက်ပွဲလည်း ကျနော် လက်မခံနိုင်ဘူး။ ဒါပဲ ကျနော် ထပ်ပြောရမယ်။ ဘာလို့ ရွေးကောက်ပွဲကို လက်မခံလဲဆိုတော့ ရွေးကောက်ပွဲဆိုတာကလည်း ဘယ်ကနေ ထွက်လာမယ့်ဟာလဲ ဆိုတော့ ဒီ ကွန်စတီကျူးရှင်းထဲကနေ ချိုးဖဲ့ပြီးတော့၊ ဟိုစည်းကမ်း၊ ဒီစည်းကမ်းဆိုတဲ့ ဟာတွေနဲ့ လုပ်ပြီးတော့၊ ရွေးကောက်ပွဲဥပဒေဆိုတာတွေ ဆွဲပြီးတော့ ဒါနဲ့လုပ်မှာ။ ခင်ဗျားတို့ ဖတ်ကြည့်ရင်တော့ သိမှာပဲ။ ကျနော် အသေးစိတ်တွေ မသိတဲ့အတွက် ကျနော် မပြောချင်ဘူး။ သို့သော် ဘာမှ ကျေနပ်ဖွယ်တော့ မရှိဘူးလို့ ကျနော်က အဲလိုပဲ ထင်ပါတယ်။”
RFA interview 01
သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် နိုင်ငံရေး အကျဉ်းသား အချို့ ပြန်လွတ်ပြီ
RFA 2008-09-23
မြန်မာနိုင်ငံအနှံ့ ထောင်အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၉ဝဝ၂ ဦးကို မြန်မာ စစ်အစိုးရက ပြန်လွှတ်ရာမှာ သတင်းစာဆရာကြီး ဦးဝင်းတင်အပါအဝင် နှစ်ရှည် နိုင်ငံရေး အကျဉ်းသား အနည်းငယ် ပါဝင်ပါတယ်။ အခုလို အကျဉ်းသားတွေကို ပြန်လွှတ်တာဟာ လူမှုရေး စာနာထောက်ထားမှုအပြင် ဒေသအကျိုးနဲ့ ၂ဝ၁ဝ ပြည့်နှစ်မှာ ကျင်းပမဲ့ တရားမျှတဲ့ ရွေးကောက်ပွဲမှာ ပါဝင် ထမ်းရွက်ဖို့ ရည်ရွယ်တယ်လို့ စစ်အစိုးရ အာဘော် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒီလိုပြန်လွှတ်တဲ့ အကျဉ်းသားတွေထဲမှာ နှစ်ရှည် နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် သတင်းစာဆရာကြီး ဦးဝင်းတင်လည်း ပါဝင်ပါတယ်။ အကျဉ်းထောင်က လွတ်လာလာချင်း ထောင်ဝတ်စုံနဲ့ပဲ ရှိနေသေးတဲ့ ဆရာကြီး ဦးဝင်းတင်က သူ့အနေနဲ့ ဒီမိုကရေစီရတဲ့အထိ နိုင်ငံရေးကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ RFAကို ပြောပါတယ်။
ဦးဝင်းတင်။ ။ 'ကျွန်တော်ကတော့ နိုင်ငံရေးသမားပဲဗျ၊ နိုင်ငံရေး ဆက်လုပ်ရမှာပေါ့။ NLDရဲ့ လက်ရှိအခြေအနေ၊ ရပ်တည်ချက်ရော၊ ဘာရောညာရော ကျွန်တော် သဘောကျနေတယ်။ အဲဒီတော့၊ ကျွန်တော် NLDနဲ့ပဲ လုပ်မှာပဲ၊ ကျွန်တော်တို့ လုပ်မှာကတော့ နိုင်ငံရေး နည်းနဲ့ လုပ်မှာပဲ။ သို့သော် အဲဒီထဲကနေ နိုင်ငံရေးလုပ်တဲ့ဟာက ဒါ အကြမ်းဖက်မှုကို အားပေးတယ်တို့၊ မပေးတယ်တို့ စွဲချက်တွေကတော့ အမျိုးမျိုး ဖြစ်နိုင်တာ။
'ကျွန်တော်ပြောချင်တာကတော့ ကျွန်တော် နိုင်ငံရေးပဲ ဆက်လုပ်မယ်၊ ကျရာနေရာက လုပ်မယ်။ ပေးရာ တာဝန်ကလုပ်မယ်။ '
ထောင်ထဲမှာ ၁၉ နှစ်ကြာ အကျဉ်းကျခံခဲ့ရတဲ့ ဦးဝင်းတင်က လက်ရှိ စစ်အစိုးရရဲ့ အမျိုးသား ညီလာခံနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်းအခုလို ပြောပါတယ်။
ဦးဝင်းတင်။ ။ 'ဒါပေမဲ့ ဘာပဲ ပြောပြော၊ အမျိုးသား ညီလာခံဆိုတဲ့ concept (အယူအဆ) ကို ကျွန်တော်တို့ မပစ်ပယ်ပါဘူး။ NLDကနေ ဆုံးဖြတ်ထားတဲ့ အယူအဆတခုပဲ။ နောက် အမျိုးသားညီလာခံကနေပြီးတော့ constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ)တခု ရေးဆွဲမယ်ဆိုတာနဲ့ ပတ်သက်တဲ့ အယူအဆကိုလည်း ကျွန်တော်တို့ ဘာမှ မဆန့်ကျင်ဘူး။ ဘာမှ မကန့်ကွက်ဖူး။ ဒါ ကျွန်တော်တို့ တင်ထားတဲ့ဟာပဲ။ တခုပဲ ရှိတာက ဒီအမျိုးသားညီလာခံမှာ ဒီ constitutionကို ဘယ်သူတွေကနေ လုပ်သလဲ။ ဘယ်သူတွေက ချပေးသလဲ။ '
ဒီကနေ့မှာ ထောင်အသီးသီးက လွှတ်ခဲ့တဲ့ အကျဉ်းသားစာရင်းမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား ၆ ဦးပါဝင်ပါတယ်။ ဆရာကြီးဦးဝင်းတင်အပြင် လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဒေါက်တာ မေဝင်းမြင့်၊ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေနဲ့ ဦးအောင်စိုးမြင့်၊ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ယူခဲ့တဲ့ ဦးဝင်းထိန်တို့ ပါဝင်တယ်လို့ သူတို့ မိသားစုတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း တွေဆီက တဆင့်သိရပါတယ်။
အလားတူပဲ ကလေးမြို့ အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ သပိတ်ကျင်း လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းလည်း ပြန်လွတ်လာတယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် မဇ္ဈိမသတင်းဌာနက ဖော်ပြထားပါတယ်။
BBC interview 01
“အင်န်အယ်လ်ဒီရဲ့ ရပ်တည်ချက် ကောင်းတယ်၊ မှန်တယ်”
၁၉ နှစ်ကျော် အကျဉ်းကျခဲ့သူ ဦးဝင်းတင် နှင့် ဆက်သွယ်မေးမြန်းခြင်း
ဘီဘီစီ (မြန်မာဌာန)
စက်တင်ဘာ ၂၄၊ ၂၀၀၈
ဦးဝင်းတင် - ကျနော်အခုလွတ်လာတယ် နော်၊ အခုလွတ်တယ်ဆိုတာ ၄ နာရီလောက်က လွတ်တယ်ပေါ့ဗျာ။ အိမ်ကိုရောက်လာတယ်။ ထောင်ကို ဆန္ဒပြပြီးတော့ မကျေနပ်ကြောင်းကို ပြောပြီးတော့ ကျနော် လွတ်လာခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့ လွတ်လာတာလဲဆိုတော့ သူတို့က ကျနော့်ကို လွှတ်တာဟာ ဒီနေ့လွှတ်တဲ့ဟာက ၄၀၁ နဲ့ လွှတ်တယ်ဆိုပြီးတော့ လာပြောတယ်။ ၄၀၁ ဆိုတာက လက်မှတ်ထိုးရတယ်ဗျာ ဟုတ်လား။ လက်မှတ် ထိုးရမယ်။ နောက်ပြီးတော့ နိုင်ငံရေးတို့ အစိုးရဆန့်ကျင်ရေးတို့ ဘာတို့ မလုပ်ပါဘူး၊ လုပ်ရင် ထောင်ကျခံပါ့မယ် ဆိုတဲ့ဟာကို ပြောတယ်။ ကျနော် ဒါကို လက်မခံဘူးလို့ ပြောတယ်။ ကျနော် ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ထောင်အ၀တ်အစားပဲ ကျနော်ဝတ်မယ်၊ ဘာမှ မ၀တ်နိုင်ဘူး။ ကျနော် ကန့်ကွက်ဆန္ဒပြတဲ့ပုံသဏ္ဌာန်နဲ့ ထွက်လာခြင်းကို သူတို့ လက်ခံပါတယ်။ သို့သော် သူတို့ အိမ်တော့ပြန်ပို့ပါရစေ၊ ထောင်ကတော့ ထွက်ပါ ... ... ။
ဘီဘီစီ- အခုနောက်ဆုံး သူတို့ဘယ်ပုံစံနဲ့ ပြန်လွှတ်လိုက်လဲခင်ဗျ။
ဦးဝင်းတင် - လက်မှတ်လည်းမထိုးဘူး။ ကျနော့် ဘက်က လက်လည်းမခံဘူး။ ခင်ဗျားတို့ ပြောတာလည်း ကျနော်ကြားတယ်လို့ မယူဆဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်ကို အစည်းဝေးခန်းထဲကို ခေါ်လာပြီးတော့ သူက ဖတ်ပြသေးတယ်၊ အဲဒီ ၄၀၁ ကို။ ကျနော်ပြောတယ် လက်မခံဘူး ... ...။
အိမ်တိုင်ယာရောက်လာပို့တာပေါ့ အခု။
အိမ်တိုင်ယာရောက်လာပို့တယ်။ ကျနော် ကန့်ကွက် ဆန္ဒပြတဲ့ အနေနဲ့ ထောင်အ၀တ်အစားနဲ့ ကျနော် ထွက်လာတယ်။ ကျနော် အခုဝတ်ထားတာ ခင်ဗျားနဲ့ စကားပြောနေတဲ့အချိန် ၀တ်ထားတာ ထောင်အ၀တ်အစားပဲ ၀တ်တယ်။
လောလောဆယ် ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လို ရှိပါသလဲခင်ဗျ။
ကျန်းမာရေးအခြေအနေက ကောင်းတယ်ခင်ဗျ။
ဦးဝင်းတင်အနေနဲ့ ဘာတွေ ဆက်လုပ်မယ်၊ ဘယ်လိုပုံစံနဲ့ လုပ်မယ် ဆိုတာကိုရော ဆုံးဖြတ်ချက် ချထားပြီးပြီလားခင်ဗျ။
ကျနော်က လုပ်မယ်ဆိုတာတော့ ဆုံးဖြတ်ချက်ချတယ်။ ဘယ်ပုံစံနဲ့ လုပ်မယ်ဆိုတာကတော့ ကျနော် မသိဘူးခင်ဗျ၊ မသိဘူးဆိုတာက ဘာဖြစ်လို့လဲဆိုတော့ အပြင်မှာ ဘယ်လိုပုံစံနဲ့ ရှိနေမှန်း၊ ဘယ်လို ရှိနေမှန်း ကျနော်မသိဘူး၊ ကျနော်နဲ့ အင်န်အယ်လ်ဒီနဲ့လည်း ဘာအဆက်အသွယ်မှ ဒီအတောအတွင်းမှာ နှစ်ပေါင်းများစွာ အတွင်းမှာ မရှိခဲ့ဘူး။ ကျနော်ပြောနိုင်တာ တခုကတော့ အင်န်အယ်လ်ဒီ လုပ်နေတာဟာ ဒီနောက်ပိုင်းမှာ အထူးသဖြင့် အခုအပိုင်းမှာ ရပ်တည်ချက်ဟာ ကောင်းတယ်၊ မှန်တယ်၊ ဟုတ်လား။ နောက်ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေတယ်လို့ ယူဆတဲ့အတွက် ကျနော် အင်န်အယ်လ်ဒီနဲ့တွဲလုပ်ဖို့ အင်န်အယ်လ်ဒီကနေ တာဝန်ပေးရင် အင်န်အယ်လ်ဒီက ခိုင်းရင်လည်း ကျနော်လုပ်ဖို့ အဆင်သင့်ပဲ ကျနော် ရှိတယ်လို့ ကျနော်က ဒီလိုပဲ ယူဆတယ်။
အခု အပြင်ကနိုင်ငံရေးအခြေအနေတွေ အားလုံးကိုရော ထောင်တွင်းမှာ ကြားရ သိရတာ ရှိပါသလားခင်ဗျ။
မရှိဘူးခင်ဗျ။ ကျနော် တယောက်တည်းနေရတာ နှစ်ပေါင်း ၂၀ က တယောက်တည်းပဲ ထားတာပဲခင်ဗျ။ ကျနော် နိုင်ငံရေးသမားတွေနဲ့ မနေရဘူး၊ ကျနော် တယောက်တည်းပဲ ပိတ်ထားတာ။ အဲတော့ ကျနော်ဘာမှ နိုင်ငံရေးဆွေးနွေးခြင်းတို့ ပြောဆိုခြင်းတို့ မရှိဘူး ခင်ဗျ။ ကျနော် ထောင်နဲ့ ပတ်သက်ပြီးတော့ ဟိုး ညွှန်ချုပ်တွေ သို့မဟုတ်ရင်လည်း သူ့ထက်ကြီးတဲ့ ဒီ အစိုးရနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို ပုဂ္ဂိုလ်မျိုးကစပြီးတော့ ကျနော်တို့ဒီမှာ ထောင်ဝါဒါ အထိ ဘာမှ အာဃာတ သော်လည်းကောင်း၊ စိတ်ထဲမှာ မကျေလည်တာတို့ မကြည်လင်တာတို့ မကျေနပ်တာတို့ မကောင်းတာတို့ မြင်တာတို့ မရှိဘူး။ ဘာမှမရှိဘူး။ ကျနော်တို့မကြိုက်တာကတော့ စစ်အာဏာ ယန္တယားကြီး၊ စစ်အာဏာယန္တယားကြီး။ တိုင်းပြည်ကို နှိပ်စက်နေတာ စစ်အာဏာယန္တယားကြီး။ ဒီမိုကရေစီ အတုအယောင်တွေ ပေးပြီးတော့ လူတွေကို လှည့်နေတာတွေ။ တိုင်းပြည်မှာ အမျိုးစုံ ငွေတွေ၊ ကော်ရက်ရှင် (corruption)တွေနဲ့ အမျိုးစုံဝင်ပြီးတော့ ပျက်စီးနေတာတွေ။ တိုင်းပြည်မှာ လူတွေ ဥပမာဆိုပါတော့ ခုနပြောတဲ့ ထမင်း မ၀တာတို့ ဟင်းမ၀တာတို့ စာမသင်ရတာတို့ လူတွေ ဘ၀တွေပျက်နေရတာ ဒါတွေအကုန်လုံးဟာ စစ်အာဏာယန္တယားကြီး ရှိနေလို့။ ကျနော် စစ်အာဏာရှင်တို့ ဘာတို့ မပြောပါဘူး၊ စစ်အာဏာယန္တယားကို ဖျက်သိမ်းပါ၊ ဖျက်သိမ်းပြီးတော့ တိုင်းပြည်မှာ ဒီမိုကရေစီ ပြည့်စုံနိုင်သမျှ ပြည့်စုံတဲ့ ဒီမိုကရေစီ၊ စစ်မှန်နိုင်သမျှ စစ်မှန်တဲ့ ဒီမိုကရေစီ အဲဒါကို ပေးအောင်လုပ်ပါလို့ ကျနော်ပြောချင်ပါတယ်ဗျာ။ ဆက်လုပ်စရာလေး ကျနော်လုပ်ပါ့မယ်၊ လုပ်တဲ့နေရာမှာ ကျနော့်ကို ၀ိုင်းပြီးတော့ ကူကြပါ။ ကျနော့်ကို ဆုံးမကြပါ။ ကျနော့်ကို ဝေဖန်ကြပါ။ ကျနော့်ကို အကြံပေးကြပါ။ လက်တွဲနိုင်တဲ့သူတွေ တွဲကြပါလို့ ကျနော်ပြောချင်ပါတယ်။ ဒါပါပဲဗျာ။
(မူရင်း - ဘီဘီစီ၊ မြန်မာဌာန၊ စက်တင်ဘာ ၂၃၊ ၂၀၀၈)
VOA interview 01
သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံ
ဦးအောင်လွင်ဦး၊ ဗွီအိုအေ မြန်မာဌာန
စက်တင်ဘာ ၂၃၊ ၂၀၀၈
မြန်မာစစ်အစိုးရက အာဏာပိုင်တွေက ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို နိုင်ငံတ၀ှမ်းမှာရှိတဲ့ထောင်တွေကနေ လွှတ်ပေးရာမှာ အသက် ၇၈နှစ်အရွယ် ထင်ရှားတဲ့ သတင်းစာဆရာကြီးဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား တချို့လည်း ပါဝင်ခဲ့ပါတယ်။
မြန်မာစစ်အစိုးရ အာဏာပိုင်တွေကတော့ တည်ဆဲဥပဒေအရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို နိုင်ငံတော်သစ် ထူထောင်ရာမှာ အကျိုးပြုမယ့် နိုင်ငံသားတွေ ဖြစ်လာစေဖို့ရည်ရွယ်ပြီး အကျဉ်းသား စုစုပေါင်း ၉,၀၀၂ ယောက်ကို အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာလို့ ဆိုပါတယ်။
ဒါပေမယ့် ဒီလိုပုံစံမျိုးနဲ့ လွှတ်ပေးတာမျိုးကို လက်မခံ ဆန့်ကျင်တဲ့ကြားကပဲ သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဒီကနေ့ ရန်ကုန် အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီး မိတ်ဆွေတယောက်အိမ်မှာရောက်နေတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဝင်းတင်က အခုလိုစပြောပါတယ်။
"ကျနော် ၀မ်းလည်းမနည်းဘူး၊ ပီတိလည်းမဖြစ်ဘူး၊ ၀မ်းလည်းမသာဘူး။ ကျနော်လုပ်စရာရှိတာလုပ်ဖို့ ထွက်လာတာ။ ထွက်တဲ့အခါမှာလည်း ကန့်ကွက်ဆန္ဒပြပြီးထွက်လာတာ။ ဘာဖြစ်လို့လဲဆိုတော့ အခု ၄၀၁ နဲ့လွှတ်တဲ့ လူ ၉,၀၀၂ ယောက်ထဲမှာကျနော့်ကိုထည့်ပြီးလွှတ်တာ ကျနော် လက်မခံဘူး။ ဒါနဲ့ပတ်သက်လို့ ကျနော် လုံးဝလက်မခံဘူး။ လက်မှတ်ထိုးခြင်းသော်လည်းကောင်း၊ ဒါ အခုမှမဟုတ်ဘူး၊ ၉၀ ခုနှစ်ကတည်းက လက်မခံတဲ့ အလုပ်ပဲ။
"တလျှောက်လုံး ကျနော် ဒါတွေကို လက်မခံတဲ့အတွက် ကျနော့်ကို ခင်ဗျားတို့ထောင်ထဲကနေ ဆွဲထုတ်၊ ကျနော်ကတော့ မထွက်ဘူး။ အဲတော့ ခင်ဗျား ဒီလို မထွက်ဘဲတော့ နေလို့မရဘူးတဲ့၊ ထွက်ရမယ်ထင်တယ်တဲ့။ မထွက်ရင် ကျနော်လည်းပြုတ်မယ်တဲ့၊ ဒု-ချုပ်က။ ကျနော့်ကို ညွှန်ချုပ်ရော၊ ဒု-ချုပ်ရော၊ ထောင်မှူးတွေရောအကြိမ်ကြိမ်လာပြီး ဆွေးနွေးတယ်။ အဲတော့ ကျနော်က ခင်ဗျားတို့ လုပ်ချင်တာလုပ်၊ကျနော်ကတော့ ထောင်အ၀တ်အစားနဲ့ပဲ ကန့်ကွက်ဆန္ဒပြတဲ့အနေနဲ့ ထွက်မယ်။ဆိုတော့ ဒီထောင်အ၀တ်အစားက အစိုးရပစ္စည်းဖြစ်နေတယ်တဲ့။ အစိုးရပစ္စည်းဖြစ်နေတယ်ဆိုရင် ခင်ဗျားတို့ ဆွဲချွတ်ယူလိုက်ကြ၊ ကျနော် ကိုယ်တုံးလုံးကျွတ်ပဲ ထွက်သွားမယ်ဆိုတော့ အဲလိုတော့ မလုပ်ပါနဲ့ဆိုပြီး နောက်ဆုံးပိတ်လည်းကျရော ထွက်လာတယ်။
"အခု ကျနော် ဘာပစ္စည်းတွေ ပါတယ်၊ မပါဘူး ကျနော်မသိဘူး။ သူများဆီက ငှားဖတ်တဲ့ စာအုပ်ကအစ၊ အပြင်ကနေပေးတဲ့ စာအုပ်ကအစ ဘာမှကို လှည့်မကြည့်ဘူး။ကျနော့်ပစ္စည်း ဒါဟုတ်တယ်၊ ကျနော်မပြောဘူး။ အခန်းအပြင်ထွက်ပြီး ကျနော်ထိုင်နေတယ်။ ပြီးတော့ သူတို့လုပ်ပြီး ကျနော့်ကို ပို့တာပဲ။ အခုဝတ်ထားတာ အင်္ကျီအပြာ၊လုံချည်အပြာ၊ ထောင်အ၀တ်အစားနဲ့နေတာ။
"အဲတော့ ကျနော့်မှာ ၀မ်းသာခြင်းသော်လည်းကောင်း၊ ၀မ်းနည်းခြင်းသော်လည်းကောင်း မရှိဘူး။ ကျနော်က ဒီလူတွေအပေါ်မှာ စိတ်ဆိုးခြင်း၊ အာဃာတထားခြင်းလည်း မရှိဘူး။ တခုပဲရှိတာ၊ ကျနော် ဒီဟာနဲ့ပတ်သက်လို့တော့ ကျနော့်မှာ ဆန္ဒပြတဲ့သဘော၊ ကန့်ကွက်တဲ့သဘော အဲဒါတော့ ခံစားချက်အနေနဲ့ ရှိတယ်လို့ ကျနော်ပြောချင်ပါတယ်။"
နောက်တခုက ဆရာ အရင်တခေါက်တုန်းကလည်း လွတ်တော့မလို၊ လွတ်တော့မလိုဖြစ်ပြီးတော့ ထောင်ဘူးဝရောက်မှ ပြန်သွင်းသွားတယ်ဆိုတာ ဒီလိုအခြေအနေမျိုးကြုံခဲ့ရလို့ပဲလား ဆရာ။
"အဲဒီဟာကတော့ အခုလိုမဟုတ်ဘူးခင်ဗျ။ အဲဒါကြတော့ ကျနော်က ဘာမှမပြောဘူး။အဲဒီအချိန်တုန်းက ကျနော် မကန့်ကွက်ဘဲ သူတို့လာခေါ်တဲ့အတိုင်း လိုက်သွားတယ်။လိုက်သွားတဲ့အကြောင်းက ကျနော်က အနှစ် ၂၀ ကျတာ။ အနှစ် ၂၀ ကျရင် ထောင်ရဲ့ထုံးစံ လျှော့ရက်ရှိတယ်၊ ချုပ်ရက်ရှိတယ်၊ ကျခံတဲ့ရက်တွေရှိတယ်။ အဲဒါတွေလုပ်ရင်၎ နှစ်ကျော်ကျော် ရတယ်။ အဲတော့ ထောင်အနှစ် ၂၀ သမားက ၁၆ နှစ်လောက်ဆိုလွတ်တယ်ဆိုတော့ ကျနော်ကလည်း ကျနော့်ကို ၁၆ နှစ်ပြည့်လို့ လွှတ်တယ်ထင်လို့ဒီတိုင်းလိုက်သွားတယ်။
"ဒါပေမယ့် ဟိုရောက်တဲ့အခါကျတော့ ညွန်ချုပ်က ပထမ မိန့်ခွန်းပြောတယ်။ ကျနော်တယောက်တည်းကို နာမည်ထုတ်ပြောတယ်။ ဦးဝင်းတင်ရဲ့စာတွေ ဖတ်ဖူးတယ်၊ဘာညာ ထည့်ပြောတယ်။ ပြီးတော့ ၀န်ကြီးလာလိမ့်မယ်၊ လူ ၁၀ ယောက် နေခဲ့ပါဆိုပြီးယောက်ျား ၈ ယောက်၊ အမျိုးသမီး ၂ ယောက် ထားခဲ့တယ်။ ပြီးတော့ ထမင်းကျွေးတယ်။ ပြီးလည်းပြီးရော ကျနော့်ကို ခဏလိုက်ခဲ့ပါဦးလို့ ခေါ်သွားပြီး အဆောင်ပြန်ပို့လိုက်တယ်။
"အဲဒီအချိန်တုန်းကတော့ ကျနော်က ကန့်ကွက်ဖို့တို့ ဘာတို့ မရှိဘူးလေ။ ကျနော့်ကိုလွတ်တဲ့ရက်နဲ့ ပုံသဏ္ဌာန်အတိုင်း ၁၆ နှစ်ပြည့်တဲ့အတွက် လွတ်တဲ့ရောက်တော့ရောက်နေပြီ။ အဲဒါက ၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ဗျ။ ကျနော်ဝင်တာက ၃ ရက်နေ့ဆိုတော့ စုစုပေါင်း ၁၆ နှစ်နဲ့ သုံးလေးရက်လောက် ပိုတယ်ဆိုတော့ အဲဒါကြောင့်ကျနော် လိုက်သွားတာ။ ဟိုကျတော့ သူတို့ကလည်း မလွှတ်ဘဲနဲ့ ပြန်ထည့်လိုက်တယ်။
"အခု ဒီအပတ်ကျတော့ ကျနော့်ကိုလွှတ်မယ်ဆိုရင် လွှတ်ကိုလွှတ်ရတော့မှာ။ မလွှတ်လို့ကို မရဘူး။ ကျနော်ကမေးတယ်၊ ခင်ဗျားတို့ ဘယ်သူက ဖမ်းတာလဲ၊ အစိုးရအဖွဲ့လား၊၀န်ကြီးလား၊ ဒီလူတွေမှာ တာဝန်ရှိတယ်၊ ဘယ်သူက တာဝန်ယူမှာလဲ။ ခင်ဗျားတို့တွေကျနော့်ကို မတရားချုပ်ထားတာ။ ကျနော် တရားစွဲမယ်ဆို စွဲလို့ရတယ်။ ဒါပဲဗျ။ အဲဒါကိုကျနော်ကန့်ကွက်တာ။"
သူတို့က ဒီနေ့သတင်းစာမှာ အကျဉ်းသား ၉,၀၀၂ ဦးကိုလွှတ်မယ်တဲ့၊ ပြစ်ဒဏ်ကျခံနေရာက လွတ်ငြိမ်းသက်သာခွင့်ပေးတာဆိုပြီး ပြောပါတယ်။ ဆရာတို့ကျတော့ ဒါလွတ်ငြိမ်းသက်သာခွင့်လို့ ပြောနိုင်ပါ့မလား။
"အဲဒါကြောင့် လွတ်ငြိမ်းသက်သာခွင့်ဆိုတာကို ကျနော်က လက်မခံဘူး။ ကျနော်တလျှောက်လုံးကိုင်စွဲလာတာ တစ်၊ ဒေါ်စုအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပါ။ နှစ်၊ ကျနော်တို့ခံစားခွင့်အရ လက်မှတ်ထိုးတာတို့ ဘာတို့ လုံးဝမလုပ်နိုင်ဘူး။ နိုင်ငံရေးအကျဉ်းသားပဲ၊ ခင်ဗျားတို့ ထည့်ချင်သလောက်ထည့်ထား။ အဲဒီအတွက်ဒီနေ့ သတင်းစာထဲမှာပါတဲ့ စကားလုံးက လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘူးဗျ။ထောင်ကျခံခြင်းမှ ရပ်စဲလိုက်တယ်ဆိုတဲ့ဟာ။
"သူတို့ကတောင် ပြောတယ်၊ အန်ကယ် အဲဒါတွေ သိပ်ပြောမနေပါနဲ့တဲ့။ အန်ကယ်ထောင်က မထွက်ဘူးသာပြောနေတယ်။ ဒါ ရပ်စဲသွားရင် ထောင်က ထွက်သွားတာနဲ့အတူတူပဲပေါ့တဲ့။ အဲတော့ ကျနော်က မဟုတ်ဘူးဗျလို့၊ ထောင်ကထွက်သွားတဲ့အတွက်ရပ်စဲတယ်ဆိုတာကို ကျနော်လက်မခံဘူး။ ကျနော်က ခင်ဗျားတို့ ရပ်စဲပေးမှကိုထောင်ကထွက်မယ်၊ အဲဒါပဲ။ မတူဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အဆိုအရတော့ထောင်ကလွှတ်ပေးတယ်ဆို ထွက်၊ ဘူးရှေ့ကနေထွက်သွား။ အဲဒါဆိုရင် ထောင်ကျခံခြင်း ရပ်စဲသွားတာပေါ့။ ကျနော်က လက်မခံဘူး။ ခင်ဗျားတို့ ရပ်စဲရမယ်။ ရပ်စဲမှသာလျှင် ကျနော် ထောင်ကထွက်နိုင်မယ်။
"အဲဒါကို ကန့်ကွက်တဲ့၊ ဆန္ဒပြတဲ့အနေနဲ့၊ ကျနော် ထောင်ဘူးဝထဲမှာ စတွေ့တဲ့သတင်းထောက်ကိုလည်း ပြောခဲ့တယ်။ ကျနော် များများပြောစရာမရှိဘူး၊ ကျနော်မကျေနပ်ဘူး။ အဲတော့ ကန့်ကွက် ဆန္ဒပြတဲ့အနေနဲ့ ဒီအ၀တ်အစားနဲ့ ထွက်လာတယ်လို့ ပြောခဲ့တယ်။ ဒါပဲဗျ။"
အခုတော့ ဆရာ ပြန်လွတ်လာပြီဆိုတော့ ရှေ့လျှောက် ဘာတွေလုပ်ဖို့ စဉ်းစားထားလဲဆရာ။
"ရှေ့လျှောက်ကတော့ လုပ်မှာပဲဗျ။ လုပ်ရမှာပဲ။ ဒီမိုကရေစီအတွက် လုပ်ရမှာပဲ။ဘယ်လောက်လုပ်နိုင်မယ်၊ ဘယ်လောက်လုပ်တတ်သလဲ၊ ဘယ်လောက်လုပ်ဖို့ အစွမ်းအစရှိသလဲ၊ ဒါ ကျနော် မသိဘူး၊ ပြောလို့မရဘူး။ ကျနော်တယောက်တည်း ပြောလို့ရတဲ့ကိစ္စလည်း မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ တယောက်တည်းလုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ အဖွဲ့အစည်းနဲ့၊ ဖြစ်နိုင်ရင် အစုနဲ့ အပေါင်းနဲ့ ဒီလိုလုပ်ရတဲ့ဟာ။
"အဲတော့ ကျနော် ဘယ်လောက်လုပ်နိုင်မယ်ဆိုတာ ကျနော်မသိဘူး။ ကျနော့်ကျန်းမာရေးအခြေအနေ ဘာညာလည်း ကျနော်မသိဘူး။ သို့သော် ကျနော် ဒါတွေအကုန်လုံးကို မေ့ထားလိုက်ပြီး ပြောချင်တာတခုကတော့ ကျနော်လုပ်စရာရှိတာတွေဆက်လုပ်သွားဦးမယ်။ အဲလို လုပ်စရာရှိတာတွေ ဆက်လုပ်တဲ့နေရာမှာ ကျနော့်ကိုဝိုင်းပြီးကူကြပါ၊ ကျနော်နဲ့ လက်တွဲကြပါ၊ ကျနော့်ကို ဆုံးမကြပါ၊ ကျနော့်ကို ဝေဖန်ကြပါ၊ကျနော့်ကို လမ်းညွန်ကြပါ၊ ဒါပဲ ကျနော်ပြောချင်တယ်။
"အဲလို တွဲလုပ်မယ့်လူတွေဟာ အန်န်အယ်လ်ဒီလို အဖွဲ့အစည်းဖြစ်မလား၊ ဒါ ကျနော်မသိဘူး။ အလားတူပဲ ရဲဘော်တွေ၊ မိတ်ဆွေတွေနဲ့ အပေါင်းအစုဖြစ်မလား၊ ဒါလည်းကျနော် မသိဘူး။ သို့သော် ကျနော်ကတော့ လုပ်မယ်လို့ ဆုံးဖြတ်ပြီးပါပြီ။ လုပ်မှာပဲ၊ဘယ်လောက်လုပ်မလဲ၊ ဘယ်လိုလုပ်မလဲ။ ဒါတွေကတော့ တဖြည်းဖြည်း ပေါ်လာမှာပေါ့။
"ဘာဖြစ်လို့လဲဆိုတော့ ကျနော် တယောက်တည်းနေရတာ နှစ်ပေါင်း ၂၀ ရှိနေပြီ။စာဖတ်ရတာလည်း လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ကမှ စာဖတ်ရတာ။ ဟိုတုန်းက ဘာစာမှကိုမဖတ်ရဘူးဗျ။ ကျနော် ဒီလိုပဲ၊ မြေနီခဲလေးဘာလေးတွေ့ရင် နံရံမှာရေး၊ စာကျက်၊သတင်းစာအစုတ်လေးတွေရရင် အဲဒါတွေဖတ်၊ အဲဒီလို ဆယ့်လေးငါးခြောက်နှစ် နေခဲ့ရတာ။ အခု ကျနော် သတင်းစာတွေ ဘာတွေ ဖတ်ရတာ နှစ်နှစ် သုံးနှစ်လောက်ပဲရှိသေးတယ်။ အဲဒါတောင် အစိုးရသတင်းစာပဲ ဖတ်ရတာ။ နောက်ပိုင်းမှာမှ ဂျာနယ်တွေဘာတွေ သွင်းပြီး ဖတ်ရတာ။"
သတင်းစာဆရာကြီး ဦးဝင်းတင်ကို ကိုအောင်လွင်ဦး ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကတည်းက အာဏာပိုင်တွေရဲ့ ဖမ်းဆီးပြီး နှစ်ရှည်ထောင်ချတာကိုခံထားရတဲ့ ဦးဝင်းတင် လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
မိုးမခစီစဉ်သော ဘလော့မှ စုစည်းမှူ့အားတင်ပြသည်။
ညီစေနော်
Tuesday, September 23, 2008
အဘဦးဝင်းတင်

အဘ ပြောစကားများ
အဘ အပြင် ရောက်ရင် စာတွေတော့ ရေးနိုင်ပါ့မလား။
စာရေးဖို့ ဆိုတာ စာပေစိစစ်ရေးက ခွင့်မပြုရင် စာရေးလို့မရဘူးဗျ။
ဒီမိုကရေစီ ရှိတယ်လို့ ပြောလို့မရဘူး
ထောင်အကျီ အပြာ လုံချည် အပြာ နဲ့ ကန့်ကွက်တဲ့အနေနဲ့ ဒါဝတ်ပြီးထွက်လာတယ်။
ခင်ဗျား တို့ လုပ်တဲ့ ဟာလုံးဝလက်မခံဘူး။ခံဝန် ပုံစံ၊ အိုနာ ကျိုးကန်း စီမံချက်ပုံစံနဲ့ လွတ်ပေးတာကိုလက်မခံဘူး
၄၀၁ ကို ဖတ်ပြတယ် ခင်ဗျာ တို့ပြောတာ ကိုကြားတယ်လို့လည်းမယူဆဘူး။လက်လဲမခံဘူး လက်မှတ်လဲမထိုးဘူး။
ထိုးခဲ့ စရာလဲမလိုဘူး၊ နှစ်ပေါင်း၂၀ ဒါကိုဆန့်ကျင်လာတယ်၊အဲဒါဘဲ။
လုပ်လက်စအလုပ်ကလေးတွေ ဆက်လုပ်ကြရအောင်လို့ပြောချင်ပါတယ်၊ မပြီးသေးတာလေးတော့ဆက်ပီးလုပ်ရမယ်၊
ဒီမိုကရေစီ ပါဘဲခင်ဗျာ ဒီမိုကရေစီရဘို့ ကြိုးစားနေတယ် မရသေးဘူး အတုအယောင် မျိုးစုံပါနေတာ
အတုအယောင်တွေလက်မခံနိုင်ဘူး။စီးပွားရေးလုပ်ဖို့ရာလည်းဘာမှမရှိဘူး ကျန်တဲ့ဟာ ကိုယ်ရေးကိုယ်တာ ဘာမှမရှိဘူး၊
ထမင်းစားဖို့ရာ တစ်နပ်ဆိုတော်ဘီ လုံလောက်ပြီး၊ လုပ်လို့ရတာသည် ဒီမိုကရေစီ အတွက်ဆို လုပ်လို့ရတာ ကျွန်တော်လုပ်မည်။
ညီစေနော်
Saturday, September 20, 2008
ဆေးမသောက်ခင်အစာစား
အခုဖြစ်တဲ့ တုတ်ကွေးကဘာတုတ်ကွေးမျိုလဲမသိပါ ရက်၂၀ ရှိဘီ ပျောက်လိုက်ကောင်းလိုက် မနေ့ကတော့ ဖျားတာမှလှူပ်တောင်မလှူပ်နိုင်ဘူးဆေးမီတိုလေးနဲ့ မဖြစ်တော့ တဲ့ သကာလမှာ ဆေးခန်းသို့ မြန်းရချေဘီ။ဆေးတစ်လုံးထိုးပီး သောက်ဆေးတွေ ပေးလိုက် ပါတယ်။ဆရာကဆေးမသောက်ခင်အစာစား စားပီမှစားပါ ဆန်ပြုတ်, မြူစွမ် လောက်ဘဲစားပါဦးတဲ့။
မြူစွမ် ထုပ်လေးဝယ်ပီး ပြုတ်မယ်လုပ်တော့ေ၇ွှမီးက ပျက်နေချေ ဘီး။ နာဂစ် အလွန် ဆူဆူပူပူ လုပ်မည့်မြို့နယ်တွေ အရင်ပေးလို့
မီးလေး ပုံမှန်ရနေရာက နေ ဝေးလှတဲ့နေရာတွေ မှာ ကိုယ်အားကိုယ်ကိုးစနစ်နဲ့ မီးတွေပြန်ရသလားမသိ အရင်လို မီးက ဇာတ်လမ်းစလာချေ ပြီ ဗိုလ်ချုပ်ကြီးတွေ အချိန်နဲ အမျှ အလုပ်လုပ်တော့လေ။ ဂတ် အိုးလဲ မတက်နိုင် တော့ မီးသွေး နဲ့ တယ်မယ်ပေါ့ဗျာ။
မီးသွေး တောင်းထဲကြည့်တော့ မီးသွေး မရှိ တော့ ကဲ ဈေးသွားဝယ်မယ် ဗျာ။ ဈေးထဲမှာ ခြေထောက်သာ ဗွက်ပေတယ် မီးသွေး ကတော့မရ အဖမ်းအဆီး ရှိလို့တဲ့။ခုတစ်မျိုးတော်ကြာတစ်မျိုး ဥပဒေတွေ နဲ အော် ထင်းအစားထိုးလောင်စာဆိုတာလဲ လောက်လောက် ငှငှရောင်းချနိုင်တာမဟုတ်။ဂတ်ဆိုတာလဲ လူတိုင်းအတွက်မလွယ်လှ လျှပ်စစ်မီးကမရှိ ဘာနဲ့ ဒီမြူစွမ်တယ်ရပါ့မလဲ။တီဗီ သတင်စာထဲမှာတော့ နေတိုင်လိုလို ဓာတ်အား ဘယ်လောက် ဆိုတာ က မပါမပြီး ....ဟူးးးးးးးးးးးးးးး အဲဒါနဲ့ မနက်ဆေး က
မနက် ၁၀နာရီခွဲမှ လမ်းထိပ် က ဆိုင်ဖွင့်မှာစားရတော့တယ်။
ညီစေနော်
မြူစွမ် ထုပ်လေးဝယ်ပီး ပြုတ်မယ်လုပ်တော့ေ၇ွှမီးက ပျက်နေချေ ဘီး။ နာဂစ် အလွန် ဆူဆူပူပူ လုပ်မည့်မြို့နယ်တွေ အရင်ပေးလို့
မီးလေး ပုံမှန်ရနေရာက နေ ဝေးလှတဲ့နေရာတွေ မှာ ကိုယ်အားကိုယ်ကိုးစနစ်နဲ့ မီးတွေပြန်ရသလားမသိ အရင်လို မီးက ဇာတ်လမ်းစလာချေ ပြီ ဗိုလ်ချုပ်ကြီးတွေ အချိန်နဲ အမျှ အလုပ်လုပ်တော့လေ။ ဂတ် အိုးလဲ မတက်နိုင် တော့ မီးသွေး နဲ့ တယ်မယ်ပေါ့ဗျာ။
မီးသွေး တောင်းထဲကြည့်တော့ မီးသွေး မရှိ တော့ ကဲ ဈေးသွားဝယ်မယ် ဗျာ။ ဈေးထဲမှာ ခြေထောက်သာ ဗွက်ပေတယ် မီးသွေး ကတော့မရ အဖမ်းအဆီး ရှိလို့တဲ့။ခုတစ်မျိုးတော်ကြာတစ်မျိုး ဥပဒေတွေ နဲ အော် ထင်းအစားထိုးလောင်စာဆိုတာလဲ လောက်လောက် ငှငှရောင်းချနိုင်တာမဟုတ်။ဂတ်ဆိုတာလဲ လူတိုင်းအတွက်မလွယ်လှ လျှပ်စစ်မီးကမရှိ ဘာနဲ့ ဒီမြူစွမ်တယ်ရပါ့မလဲ။တီဗီ သတင်စာထဲမှာတော့ နေတိုင်လိုလို ဓာတ်အား ဘယ်လောက် ဆိုတာ က မပါမပြီး ....ဟူးးးးးးးးးးးးးးး အဲဒါနဲ့ မနက်ဆေး က
မနက် ၁၀နာရီခွဲမှ လမ်းထိပ် က ဆိုင်ဖွင့်မှာစားရတော့တယ်။
ညီစေနော်
ကျီးလန့်စာစား ဘဝ
ဒီအစိုးရကတော့ ကိုယ်မွေးတဲ့ခွေး အစာဝအောင်မကျွေးတော့ ခွေးရှင်တွေလို ဘဲ ပြည်သူလူထုကိုဒုက္ခ ပေးနေတော့တာဘဲ။
ညစဉ် ညတိုင်း ရက်ကွက်တွေမှာ ဧည့်စာရင် စစ်ပြပီး ၁ ယောက် ၅၀၀၀ ဒဏ်တပ် လုပ်စားကုန်ပြီ။ညဆို လူသွားလူလာကမရှိသလောက်ဖြစ်သွာဘီ။တက်စီ နဲ့သွား ၄ , ၅ နေရာ စစ်ခံနေရတော့ ဘယ်သူကထွက်တော့မလဲ။လမ်းလျှောက်လဲမရဘူး စစ်တာဘဲ။ဆိုက်ကားသမားများတော့ ရယက ရုံးမတိုင်ရဘူး ရဲစခန်း ၁လ ၂၀၀၀ ပေးတိုင်ရသတဲ့။ဆိုက်ကားသမားမေးတော့ မနင်းရဘူးလူမရှိလို့ ပြောလေရဲ စီမံချက်လ မို့လို့ဆွဲတာတော့ဆွဲမှာဘဲတဲ့။ အလုပ်မဖြစ်တာတောင် ဒင်းတို့ဘက်ပါပါ ပြောပေးနိုင်သေးတယ်။ဒင်းတို့တွေဒုက္ခ ပေးတာ မရှိဆင်းရဲတဲ့သူ ပိုထိတယ်ဆိုတာ ကိုနားလယ်အောင်သင်ပေးရဦးမည့်အနေအထားရှိနေသေးတယ်။ငွေ၅၀၀၀ဆိုတာမရှိသူအတွက်အတော်ခက်တာနော်။ဘောပွဲလေး
ကြည့်ချင်တာတောင်ထွက်မကြည့်ရဲဘူးဗျာ ပါသွားရင် တမံသလင်းပေါ် မအိပ်နိုင်လို့။
ညဆိုလဲ တရုံးရုံးနဲ့ နေဆိုလဲ ကားတွေဆယ်စီး လောက်တန်းစီပြီးအင်အားပြနေလိုက် ကြတာ သူတိုကပြောတဲ့ ကျီးလန့်စာစား ဘ၀ ဆိုတာ တို့ ပြည်သူတွေဘ၀အစစ်ပါဘဲ။ဒါတွေလုပ်လို့ပြသနာတွေမ၇ှင်းနိုင်ပါဘူး။လူတွေရင်မှာ ကျည်ဆံ ကြောက်ပေမဲ့စိတ်ထဲကနာကြည့်မှူ့ တွေပိုများလာမှာသေချာဘဲ။ရှေးခေတ်ကလို တုတ်တုတ်ချင်ဓားဓားချင်ဆိုရင်တော့ ဒီလိုလုပ်လို့ မရရေးချမရ။
ညီစေနော်
ညစဉ် ညတိုင်း ရက်ကွက်တွေမှာ ဧည့်စာရင် စစ်ပြပီး ၁ ယောက် ၅၀၀၀ ဒဏ်တပ် လုပ်စားကုန်ပြီ။ညဆို လူသွားလူလာကမရှိသလောက်ဖြစ်သွာဘီ။တက်စီ နဲ့သွား ၄ , ၅ နေရာ စစ်ခံနေရတော့ ဘယ်သူကထွက်တော့မလဲ။လမ်းလျှောက်လဲမရဘူး စစ်တာဘဲ။ဆိုက်ကားသမားများတော့ ရယက ရုံးမတိုင်ရဘူး ရဲစခန်း ၁လ ၂၀၀၀ ပေးတိုင်ရသတဲ့။ဆိုက်ကားသမားမေးတော့ မနင်းရဘူးလူမရှိလို့ ပြောလေရဲ စီမံချက်လ မို့လို့ဆွဲတာတော့ဆွဲမှာဘဲတဲ့။ အလုပ်မဖြစ်တာတောင် ဒင်းတို့ဘက်ပါပါ ပြောပေးနိုင်သေးတယ်။ဒင်းတို့တွေဒုက္ခ ပေးတာ မရှိဆင်းရဲတဲ့သူ ပိုထိတယ်ဆိုတာ ကိုနားလယ်အောင်သင်ပေးရဦးမည့်အနေအထားရှိနေသေးတယ်။ငွေ၅၀၀၀ဆိုတာမရှိသူအတွက်အတော်ခက်တာနော်။ဘောပွဲလေး
ကြည့်ချင်တာတောင်ထွက်မကြည့်ရဲဘူးဗျာ ပါသွားရင် တမံသလင်းပေါ် မအိပ်နိုင်လို့။
ညဆိုလဲ တရုံးရုံးနဲ့ နေဆိုလဲ ကားတွေဆယ်စီး လောက်တန်းစီပြီးအင်အားပြနေလိုက် ကြတာ သူတိုကပြောတဲ့ ကျီးလန့်စာစား ဘ၀ ဆိုတာ တို့ ပြည်သူတွေဘ၀အစစ်ပါဘဲ။ဒါတွေလုပ်လို့ပြသနာတွေမ၇ှင်းနိုင်ပါဘူး။လူတွေရင်မှာ ကျည်ဆံ ကြောက်ပေမဲ့စိတ်ထဲကနာကြည့်မှူ့ တွေပိုများလာမှာသေချာဘဲ။ရှေးခေတ်ကလို တုတ်တုတ်ချင်ဓားဓားချင်ဆိုရင်တော့ ဒီလိုလုပ်လို့ မရရေးချမရ။
ညီစေနော်
Subscribe to:
Posts (Atom)