Friday, August 22, 2008

ဂန်ဖလား ကြီး ရောက်လာပြန်ပြီ

ဒီအကြိမ် ဂန်ဖလားကြီး ရဲ့ ခရီးစဉ် မှာ ဘာတွေလုပ်မယ်၊ဘာတွေ ဖြစ်နိုင်တယ် ဆိုတဲ့ အကြောင်းကို မစဉ်းစားခင်မှာ မနှစ်က ပထမအကြိမ် လာတုန်းမှာ က ကျနော်ကြုံခဲ့တဲ့ အကြောင်းအရာလေးတွေကို ဝေမျှယင်း ကျနော်တို့ အားလုံးရဲ့ အနာဂတ်ကို စဉ်းစားနိုင်အောင် ပြောအုံးမယ်ဗျာ။

ဂန်ဖလားကြီး က ကျနော်တို့ရဲ့ ချစ်စရာ ဓလေ့တွေနဲ့ ထုံမွန်းထားတဲ့ မြန်မာနိုင်ငံကို နေ့လည်၁နာရီမှာ ရောက်မယ်ပေါ့ ၊ ဒီဂန်ဖလားကြီးက ပြီးခဲ့တဲ့ ရက်တွေက ပရိတ် ရွတ်၊ မေတ္တာ သုတ်ရွတ၊် မေတ္တာပို့ တဲ့ ရဟန်းသံဃာတော် ကို ပစ်သတ်ခဲ့တဲ့နေရာကို သွားကြည်မယ် ။ ဒါမှ မဟုတ်ယင် မြန်မာမြေပေါ်ကို ခြေချချခင်း ဟိုသတ္တဝါတွေအောင်းတဲ့ ဂူ၊ ကျက်ပြေးနေပြည်တော်ကို သွားမယ်ပေါ့၊၊ ဒီလို အရပ်စကားတွေက ပြန့်နေတာပေါ့ဗျာ၊၊

ရဟန်းတော်ရှင်မြတ်တွေနဲ့ ရဟန်းတော်တွေကို ရေချမ်းကပ်ဖို့လိုက်ပါစောက်ရှောက်နေတဲ့ ကျနော်တို့လူငယ်တွေက ဂန်ဖလားကြီးမလာခင် ၃ ရက်လောက်စပြီး မေတ္တာပို့ လမ်းလျှေက်တာတွေမလုပ်ပဲ ငြိမ်နေလိုက်ကြပါတယ်။ငြိမ်တယ်ဆိုရအောင်လဲရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ထားသကို။ ကဲဒီနေ့တော့ ဂန်ဖလားကြီးလာပြီ ဒီတော့ ကျနော်တို့ရဲ့ ရဟန်းတော် ကလည်း မေတ္တာ ပို့မယ်ပေါ့ ၊ ကိုယ်နိုင်ငံကိုရောက်လာတဲ့ ဂန်ဖလားကြီးလည်းကိုယ်တိုင် အေးအေးချမ်းချမ်းနေနိုင်ပေါ့၊၊UN ကလာတဲ့ကိုယ်စလှယ်ကြီးရှိတဲ့နေ့တော့ ရက်ရက်စက်စက် မလုပ်ရဲဘူလို့တစ်ထစ်ချယုံခဲ့မိသကို။ ဒီတော့ ကျနော် လူငယ်တွေကလည်း သံဃာတော်တွေကို စောင့်ရှောက်တဲ့ အနေနဲ့ လက်ချင်းချိတ်ပြီး လိုက်မယ်ပေါ့။ ဒါပေမဲ့ဗျာ ကျနော်လို့ လူငယ်တွေက တယောက်နဲ့တယောက် က လက်ချင်းချိတ်၊ ကျောချင်းကပ်ထားပေမဲ့ တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်းမယုံရဲ ဘူးပေါ့ဗျာ။ ဒါကတော့ ကျနော်နိုင်ငံကို စိုးမိုးခဲ့တဲ့ ထောက်လှမ်းရေးတွေပေးခဲ့ တဲ့ သင်းခန်းတွေကို တော်တော် ကျေညက်ထားတဲ့ သဘောလားလို့ တွေးမိတယ်။ လူတိုင်းက ကိုယ်ကလွဲယင် ကျန်တဲ့ ရဲဖော်က ထောက်လှမ်းရေးဖြစ်နိုင်တယ်ဆိုတဲ့ ကြောက်ရွံမှုတွေရဲ့ အကျိုးဆက်ပေါ့ဗျာ။သံဃာတော် ကတော့မကြွလာနိုင်တော့ဘူး။ကျောင်းတွေထဲဝင်စီးထားသကို ကိုရင်လောက်ဘဲကြွနိုင်တော့တယ်။

ကဲ ဗျာ ဂန်ဖလားအကြောင်းပဲ ဆက်ပြောပြမယ်ဗျာ။ သူကိုဗျာ ကျက်ပြေးကို ရန်ကုန်လေဆိပ်ကနေ တောက်လျှောက်ခေါ်သွားတာဗျ။ ဒါပေမဲ့ဗျာ ကိုယ့် ဆုံးဖြတ်ချက်အတိုင်း သွားမယ်ပေါ့၊လုပ်မယ်ပေါ့၊ ဒါနဲ့ နေ့လည် ၃နာရီကျော်တော့ ကျနော် တွေ ရဲ့ လူအုပ်ကြီးဟာ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ သရက်တောဘုန်းကြီးကျောင်းတိုက် ဒေါင့်လည်းရောက်ရော သနပ်သံတွေ တဖောင်းဖောင်း၊ တဒိုင်းဒိုင်းနဲ့ လက်မရွံတပ်သမား တွေက ရှေ့တည့်တည့်က နေ အပြေးလျှေက်လာကြပါတယ်၊၊ ဒီနေရာမှာ ဒီလက်မရွံ တွေရဲ့ အကြောင်းကို ဖြတ်ပြောပြရစေအုံးဗျာ။ သူတို့က ဗျာ ရှေ့မှာ လုံထိန်း တတန်း၊ နောက်က စစ်သားတွေက တတန်းပေါ့ဗျာ။ ရုပ်ရှင်မှာ တွေရ သလိုရှေ့ တန်းစစ်မြေပြင် မြင်ကွင်းအတိုင်းပဲပေါ့ဗျာ။

ကျနော် တို့ အားလုံးက ဒီလက်မရွံတွေရဲ့ အကြောင်းက နောကျေနေတော့ ထိပ်တိုက်၊ မျက်နှာချင်းကို မဆိုင်ချင်တဲ့ အတွက် သူတို့ က ဘယ်ဘက်က လာယင် ကျနော်တို့က ညာဘက်က သွားပေါ့ ဗျာ။အရင်ကတော့တစ်မျိုးခုတော့ ဆန္ဒပြတဲ့နေရာလိုက် ဆော်တာဘဲ။ ကျနော်တို့ က ကျနော်တို့ ရည်ရွယ်ချက် ရည်မှန်းချက်အတိုင် ဆန္ဒပြတဲ့ရက်တွေရှည်ချင်တယ်၊ ရှည်အောင်လည်းအချိန်ဆွဲထားချင်တယ်ပေါ့ဗျာ။ ကျနော်တို့ချစ်တဲ့ နိုင်ငံကို အေးချမ်းစေချင်လို့ ရက်ရှည်ရှည် ဆွဲချင်တဲ့ သဘောပေါ့ဗျာ။ ဒါပေမဲ့စစ်တစ်ပွဲရဲ့ ရိက္ခာက စကားပြောလာတယ် မြန်မာပြည်ရဲ့စီပွားရေစနစ်ကြောင့်ပေါဗျာ။လက်မရွံတွေအကြောင်းဆက်ပြောရယင် မျက်နှာချင်းဆိုင်လည်းတွေ့ရော မရပ်မနားပစ်ပါလေရော့သတည်းပေါ့ဗျာ။ ဒါနဲ့ ကျနော်အားလုံးလည်း နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ကျည်လွတ်ရာကိုပြေးရတာပေါ့။ ဒါပေမဲ့ ကျနော်တို့အားလုံးက နောက်ဆုတ်ပြီးအပြီး ပြေးတာတော့မဟုတ်ဘူးဗျာ၊ ရှေ့က ပစ်တော့ ဘေးဘက်ကိုပြေး၊ နောက် ပစ်တဲ့ လက်မရွံတွေရဲ့ နောက် က ၊ ဘေးကနေ နေ အောင်ဟစ် ကြ၊ နောက် အပ်တို့တောင်မပါတဲ့ ကျေနော် တို့ကို ရက်ရက်စက်စက်ပစ်ရဲတဲ့ သူတို့ရဲ့ သတ်ရဲတဲ့ သတ္တိကို ချီးမြှောက်တဲ့ အနေနဲ့လည်း လက်ခုပ်တီးတယ်ပေါ့ဗျာ။ ဒါပေမဲ့ဗျာ ဒီလက်မရွံတွေကရှက်ရမှန်းမသိကြတာကတော့အံသြစရာပဲပေါ့နော။စပိန်ကနွားရိုင်းလွတ်တာတော့ ဗမာက ပျင်းတယ်ဗျာ။သေနတ်တွေ တစ်ဒိုင်ဒိုင်းကြားမှာ လှောင်ရဲတဲ့သတ္တိ နဲသလား?။

နောက်ဗျာ ကျနော်တို့ရဲ့ နောက်ထပ် ကိုယ်ကို အကာကွယ်ပေးမယ်လို့ထင်တားတဲ့ လူတွေအကြောင်းကိုပြောပြအုံးမယ်ဗျာ ရှက်ရှက်နဲ့ပေါ့။ ကျနော်တို့ဗျ နိုင်ငံတကာ အဖွဲ့ ICRC ကိုဖုန်းခေါ် ပေါ့ဗျာ။ ဒါပေမဲ့ ဖုန်းဖိုးသာကုန်သွားရော ဘယ်သူမှ လာမကူနိုင်ပါဘူးဗျာ။

ကျနော်တို့ က အာဏာရှင် ဆိုတဲ့ အဓိပ္ပါယ်ကို တခဏမေ့သွားတာဗျ။ ကျနော်တို့နိုင်ငံကို အုပ်ချုပ်နေတာက အာဏာရှင်မှ စစ်အာဏာရှင်လေ၊ မလုပ်ရဲတာ မရှိ၊ မလုပ်ရက်တာမ ရှိ။ ဘယ်သူကိုမ ဂရုမစိုက်ဘူး။ UN က ဟန်ပြ လူတွေလွတ်နေတာ ကို တော့ စိတ်ကူးထဲတောင်ရောင်လို့မထည့်ပေါ့။ ဒီတော့ ကျနော်တို့အားလုံးသိရမှာက အာဏာရှင်ဆိုတာနဲ့ ကိုယ်လိုချင်တဲ့အရာကို ကိုယ်ဘာသာကိုယ် မရ ရအောင်ယူနိုင်ဖို့က ကျနော်တို့ရဲ့တာဝန်ပေါ့ဗျာ။အာဏာရှင်ဆိုတာက ပစ်စရာရှိပစ်၊ နာမည်ကျော်မင်းသမီးဆက်စရာရှိဆက် ။ ကမ်းစရာရှိကမ်း ပေလိမ့်မည်။

ကျနော် ရဲ့ စကားတွေလည်းတော်တော်ရှည်သွားပြီ။ ဒီတော့ နိဂုံးချုပ်ရမယ်ဆိုယင် ကျနော်နိုင်ငံကို အုပ်ချုပ်နေတာ က အာဏာရှင်၊ အဲဒီအာဏာရှင်ကို ကိုယ်အားကိုယ်ကိုး တိုက်ယုံမှတပါးအခြားမရှိပေါဗျာ။မိမိကိုသာကိုးကွယ်ရာဘာ ဘုရားရှင်ဟောသလိုပါဘဲ။
ဘက်ပေါင်းစုံကလုပ်လို့ရသမျှပေါ့လေ။

ကဲ ဂန်ဖလားကြီး စားလို့သောက်လို့ဝယင်ပြန်တော့ဗျာ။ ကျနော်တော့ ခင်ဗျားအကြောင်းကို ဆက်ပြောချင်စိတ်မရှိတော့ဘူး။

ညီစေညို

No comments: